Open 9:00-12:00 AM
+95 92051590

Category Archive : Acne

6 Nov, 2021 | No Comments

Chloracne

Chloracne (ဓာတုဝက်ခြံ)ဆိုတာ ဓာတုပစ္စည်း၊ ဓာတုဓာတ်ငွေ့ ထိတွေ့ရာက ဖြစ်ပေါ်လာတဲ့ ဝက်ခြံဆန်ဆန် အဖုတွေကို ဆိုလိုပါတယ်။ ဝက်ခြံအမျိုးအစား စစ်စစ်မဟုတ်ဘဲ ဓာတုပစ္စည်းကို အရေပြားကတုံ့ပြန်ရာက ဝက်ခြံပေါက်သလို ပုံမမှန်တဲ့ အဖုပိန့်တွေထွက်လာပါတယ်။ ဝက်ခြံနဲ့တူတဲ့ အရေပြေားပြောင်းလဲမှုဖြစ်တာကြောင့် acneiformic dermatosis လို့ ခေါ်ပါတယ်။ စတင်တွေ့ရှိခါစက ကလိုရင်းဓာတ်ကြောင့် ဖြစ်တဲ့ ဝက်ခြံလို့ ယူဆတဲ့အတွက် chlorine acne (chloracne) လို့ခေါ်ဝေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှ ဓာတုဆိပ်ဓာတ်ငွေ့တွေကြောင့် ဖြစ်ပေါ်စေတာ သိရှိခဲ့ရတယ်။ ဓာတုငွေ့တွေထဲမှာ dioxin ဓာတ်ပါလေ့ရှိတယ်။ dioxin ဆိုတာ ဓာတုငွေ့ အဆိပ်တစ်မျိုးဖြစ်ပြီး လေထုထဲရှိနေတတ်တယ်။ ဥပမာ အမှိုက်မီးရှို့တာ၊ တောမီးလောင်တာ၊ မီးတောင်ပေါက်ကွဲတဲ့အခါမျိုးမှာ အဆိုပါဓာတုငွေ့ဟာ လေထုထဲရောက်ရှိသွားပါတယ်။ တိရိစ္ဆာန်တွေရဲ့ အဆီလွှာထဲမှာလည်း ဒီဓာတုအဆိပ်တွေကိန်းအောင်းနေတယ်။ အထူးသဖြင့် ပြုပြင်ထားတဲ့ အသား၊ငါးနဲ့ […]

6 Nov, 2021 | No Comments

Acne excoriee

အရေပြားဆေးပညာမှာ acne excoriee ဆိုတာ ကုတ်ခြစ်ထားတဲ့ ဝက်ခြံအနာမျိုးကိုခေါ်တာပါ။ Scratch acne (ကုတ်ဖဲ့ဝက်ခြံ)လို့လည်းခေါ်တယ်။ လူနာအများစုဟာ ဝက်ခြံအနာတွေကို မနေနိုင်မထိုင်နိုင် ကုတ်ဖဲ့တတ်ကြပါတယ်။ ပျောက်ရမဲ့ ဝက်ခြံက တော်တော်နဲ့မပျောက်တော့ပဲ ကုရခက်တဲ့ ဝက်ခြံအမာရွတ်တွေ ဆက်လက်ဖြစ်လာတာပဲ။ acne excorieeဆိုတာ ဝက်ခြံစစ်စစ်မဟုတ်ဘဲ ဝက်ခြံနောက်ဆက်တွဲ အနာဖြစ်လာတာကိုခေါ်ပါတယ်။ လေ့လာမှုစာတမ်းတွေအရ စိတ်ဂဏှာမငြိမ်တဲ့ ရောဂါတမျိုး (Obsessive-Compulsive disorder) ရှိသူတွေမှာ ဒါမျိုးဖြစ်တယ်လို့ သင်ကြားခဲ့ရဖူးတယ်။ မြန်မာနိုင်ငံမှာတော့ အားနေရင်မှန်ကြည့်ပြီး ဂရုတစိုက်ကုတ်ဖဲ့နေတဲ့ မိန်းကလေးတွေမှာ ဒီပုံစံမျိုး ပိုတွေ့ရတယ်။ ယောကျာ်းလေးတွေကျတော့ acne vulgaris ရဲ့ နောက်ဆက်တွဲအနေနဲ့ ပိုတွေ့ရတယ်။  Acne excoriee က ကုရခက်တဲ့ထဲမှာမပါဘူး။ သို့သော် စာထဲမှာရေးထားသလို ပုံမှန်ဝက်ခြံကုနည်းအတိုင်းကုလို့တော့မရဘူး။ benzoyl peroxide, azelaic acid, Tretinoin တွေသုံးမိရင် လိမ်းတဲ့နေရာကစပ်ပြီး အနာကပိုရဲတက်ပြီး စပ်လာတယ်။ နဂိုပျောက်ရမယ့်အနာက ပုံမှန်ပျောက်ရမယ့်အချိန်ထက် ၂ပတ်ကနေ တစ်လလောက်ပိုကြာသွားတတ်တယ်။ တကယ်က ဒီလိုဝက်ခြံကုတဲ့အခါ ပုံမှန်မဟုတ်တဲ့ နည်းတွေနဲ့ လှည့်ပတ်ကုရတယ်။ အမြဲကုတ်ခြစ်နေတဲ့လူနာကို မကုတ်ပါနဲ့ပြောတာ လက်တွေ့တော့မကျလှပါဘူး။ ဒီနေရာမှာ ပရိယာယ်နည်းနည်းထည့်သုံးရတယ်။excoriee ဖြစ်တဲ့အနာကို မကုတ်မိအောင် pimple patch တမျိုးမျိုးကပ်ထားပေးလိုက်ရတယ်။ အလားတူ တခြားဝက်ခြံထွက်တဲ့နေရာကို အမြန်ဆုံးပျောက်အောင်ကုသပေးရတယ်။ အကြံပြုချက် ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။

2 Nov, 2021 | No Comments

Acne inversa

အရေပြားဆေးပညာမှာ acne inversa ကို hidradenitis suppurativa (မွှေးညင်းကျိတ်)အဖြစ် သိကြပါတယ်။ နာတာရှည် ရောင်ရမ်းတဲ့ အဖုကျိတ်တစ်မျိုးဖြစ်ပြီး ဂျိုင်း၊ပေါင်ခြံစတဲ့နေရာမှာ အဖြစ်များတယ်။ မွေးညင်းပေါက်နဲ့ ချွေးအိတ်ပိတ်ရာကနေ အကျိတ်အခဲ စတင်ဖြစ်ပေါ်လာပါတယ်။ အဖုကျိတ်တွေဟာ ပိုးဝင်ပြီးနောက်ပိုင်း နာကျင်ကိုက်ခဲတတ်တယ်။ စမ်းသပ်ကြည့်ရင် မျက်နှာပြင်မညီညာတဲ့ အဖုအကျိတ်တွေ ဂျိုင်း၊နံကြားနေရာမှာ တွေ့ရတတ်တယ်။ ကြာလာတဲ့အခါ အတွင်းမှာအောင်းနေတဲ့ အဖုက ပြည်ကျိတ်အဖြစ်ပြောင်းလဲလာပါတယ်။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ မွှေးညင်းကျိတ်ဟာ အသက် ၂၀-၄၀ ကြားအရွယ်တွေ အဖြစ်များတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆကျော်ဖြစ်နိုင်တယ်။ လူ၁၀၀မှာ တစ်ယောက်ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ပိတ်မှန်းသေချာမသိရသေးဘူး။ ဟော်မုန်း၊ မျိုးရိုး၊ အနေအထိုင်၊ အစားအသောက်၊ ရာသီဥတုပြောင်းလဲမှု စတာတွေနဲ့ ဆိုင်တယ်။ အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ ဆီးချိုကြောင့်လည်း ပိုဆိုးတတ်တယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်တဲ့ […]