Pustular acne ပြည်ဖုဝက်ခြံ
Papular acne ဆိုတာ ရောင်ရမ်းနီရဲနေတဲ့ ဝက်ခြံဖုလေးတွေကို ခေါ်ပါတယ်။ ပြည်ဖုဝက်ခြံ မဖြစ်ခင် စတင်ရောင်ရမ်းကာစ နီရဲနေတဲ့ ဝက်ခြံဖုတွေ ဖြစ်တယ်။ မွေးညင်းပေါက်မှာ အဆီ၊ အရေပြားဆဲလ်သေနဲ့ P. acnes ဗက်တီးရီးယားပိုးတွေ ပေါင်းစပ်မိတဲ့အခါ papular acne (နီရဲဝက်ခြံဖု)တွေ ဖြစ်လာတယ်။ ဒီဝက်ခြံကို zits လို့လည်း ခေါ်ပါတယ်။ ရက်ပိုင်းအတွင်း ပြည်ဖုဝက်ခြံ ပြောင်းလဲသွားနိုင်တယ်။ papular acne တွေကို ညှစ်တာဟာ ဝက်ခြံကို မသက်သာစေဘဲ ပိုဆိုးတဲ့ပြည်ဖုဝက်ခြံအဖြစ် အသွင်ပြောင်းလဲနိုင်တယ်။ Papular acne တွေက androgen (အမျိုးသားဟော်မုန်း) ရုတ်တရက်မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်တယ်။ အဆီပြန်တဲ့အသားအရေနဲ့ မိတ်ကပ်တွေကြောင့် ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှု၊ ဆား၊အချိုမှုန့် ၊ ခေါက်ဆွဲခြောက်ထုပ်တွေက ဒီလိုဝက်ခြံဖြစ်အောင် အားပေးတယ်။ ဟော်မုန်းဆေး၊ […]
ဆားဝက်ခြံ (Blackheads) ဆိုတာ မွှေးညင်းပေါက်မှာ ဆဲလ်သေနဲ့ အဆီဂလင်း ပိတ်ဆို့ရာက ဖြစ်လာတဲ့ ဝက်ခြံအပေါက်လေးတွေကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အရေပြားဟာ မွှေးညင်းပေါက်မှာရှိတဲ့ အဆီအိတ်(sebaceous gland)က ထွက်လာတဲ့ အဆီရည်ကြည် (Sebum)ကို ပြန်လည်သုံးစွဲပြီး မျက်နှာအရေပြားအစိုဓာတ်ကို ပြည့်စုံစေပါတယ်။ သို့သော် အဆိုပါအဆီပေါက် ပိတ်ဆို့တဲ့အခါ comedones ခေါ်တဲ့ အဆီအိတ်ပိတ်ဆို့တဲ့ ဝက်ခြံအဖုလေးတွေ စတင်ထွက်ပေါ်လာပါတယ်။ ဝက်ခြံအဖုက အလုံပိတ်ဖြစ်နေရင် whiteheads (အဆီဖုဝက်ခြံ)ခေါ်ပြီး ဝက်ခြံအဖုက မွှေးညင်းပေါက်အပြင်မှာ ပိတ်ဆို့နေရင် blackheads (ဆားဝက်ခြံ)လို့ ခေါ်ပါတယ်။ ပိတ်ဆို့တဲ့နေရာက အပြင်မှာရှိတဲ့ လေနဲ့ဓာတ်ပြုတဲ့အခါ ဓာတ်တိုးပြီး အမဲရောင်ဆဲလ်သေအဖြစ်ပြောင်းသွားလို့ ဝက်ခြံပေါက်အမဲဆံလေး (blackheads)တွေ အဖြစ်မြင်တွေ့ရတာပါ။ တချို့က အပေါက်ပွင့်ဝက်ခြံ (open comedones)လို့လည်းခေါ်ကြတယ်။ ဆားဝက်ခြံဘာ့ကြောင့်ဖြစ်လဲ ဆားဝက်ခြံအများစုဟာ အရေပြားဆဲလ်သေပိတ်ဆို့မှုကြောင့် အဖြစ်များတယ်။ […]
အဆီဖုဝက်ခြံ (Whiteheads) ဆိုတာ အရေပြားအောက်မှာ အဆီဂလင်းပိတ်ဆို့ရာက ဖြစ်ပေါ်လာတဲ့ အဆီဖုလေးတွေကို ခေါ်ပါတယ်။ များသောအားဖြင့် မွှေးညှင်းပေါက်ရှိတဲ့နေရာတွေဟာ အဆီအိတ်(sebaceous gland)နဲ့ ဆက်သွယ်နေတာကြောင့် မွှေးညှင်းပေါက်ပိတ်ဆို့ရာက အဆီဖုဝက်ခြံဖြစ်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် အဆီဂလင်းက မျက်နှာအစိုဓာတ်ထိန်းဖို့ အဆီရည်ကြည် (sebum)ကို ထုတ်ပေးပါတယ်။ အဆီရည်ကြည် (sebum)က အရေပြားမျက်နှာပြင်သို့ မရောက်ရှိနိုင်ဘဲ ကပ်နေသောအခါမျိုးမှာ မွှေးညှင်းပေါက်ပိတ်ဆို့လာနိုင်ပါတယ်။ ပိတ်ဆို့နေတဲ့နေရာမှာ sebumတွေ တဖြည်းဖြည်းပိုမိုများပြားလာတာနဲ့အမျှ အဆီဖုဝက်ခြံတွေ ပိုထွက်လာပါတယ်။ Comedones ဝက်ခြံဆိုတာ ဝက်ခြံပုံစံအမျိုးမျိုးရှိပါတယ်။ အဆီဖုဝက်ခြံက comedones အမျိုးအစားထဲမှာပါတယ်။ comedones ဆိုတာ ဝက်ခြံတွေထဲမှာ ပထမအဆင့် မွှေးညှင်းပေါက်ပိတ်ဆို့တဲ့ ပထမအဆင့် ဝက်ခြံကို ခေါ်တယ်။ ပိုးဝင်တဲ့အဆင့်မဟုတ်သေးဘူး။ အဆီဖုဝက်ခြံကို closed comedones လို့လည်း ခေါ်ပါတယ်။ အဆီဖုဝက်ခြံတွေဟာ နဖူး၊ မေးစေ့၊ […]