Open 9:00-12:00 AM
+95 92051590

Discoid lupus erythematosus

28 Oct, 2021 | No Comments

Discoid lupus erythematosus

Discoid lupus erythematosus ချပ်ပြားဝိုင်း ခုခံနာ အရေပြားရောဂါ

Discoid lupus erythematosus ဆိုတာ နာတာရှည် အရေပြားရောဂါ(CCLE) တစ်မျိုးဖြစ်ပြီး ခုခံအားတိုက်စားနာ (lupus)အမျိုးအစားမှာပါဝင်ပါတယ်။ ချပ်ပြားပုံစံ အနီကွက်ဖြစ်ပြီး ခုခံအားတိုက်စားရာကဖြစ်တဲ့ အနာ (discoid lupus) တစ်မျိုး ဖြစ်ပါတယ်။ ခုခံအားစနစ်က အရေပြားကို တုံ့ပြန်ရာက အရေပြားအနီကွက်တွေ ဖြစ်ပေါ်လာပါတယ်။ မျက်နှာပါးပြင်ပေါ်မှာ အဖြစ်များပြီး အနာက စားထားသလို ရဲပြီး ခဲလာပါတယ်။ အရေပြားပါးတာ (skin atrophy) ချိုင့်တာ ရှိတတ်တယ်။ အရေခွံလန်တာ၊ ယားတာ၊ ပူစပ်ပူလောင် နာကျင်တာ ရှိနိုင်တယ်။ 

ဒီရောဂါဟာ HLA-DQA1 and DRB1 မျိုးဗီဇနဲ့ သက်ဆိုင်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်၊ ဆေးဝါး၊ ဗိုင်းရပ်စ်စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများစုဟာ လည်ပင်းအထက်ပိုင်း မျက်နှာနဲ့ ဦးရေပြားမှာသာ အဖြစ်များတယ်။နာတာရှည်ရောင်ရမ်းမှုဖြစ်လို့ အရေပြားက fibrosis ကြောင့် မာပြီး ခဲနေလိမ့်မယ်။ ခေါင်းမှာဖြစ်ရင် ဆံပင်အကွက်လိုက်ကျွတ်တာဖြစ်တတ်တယ်။ အမာရွတ်ကျန်တာရှိနိုင်ပါတယ်။

ရောဂါစစ်ဆေးခြင်း

ခုခံအားတိုက်စားနာ(lupus) ရှိမရှိ သွေးစစ်ကြည့်နိုင်တယ်။ Antinuclear antibodies မြင့်တက်နေရင် ခုခံအားစနစ်က မိမိခန္ဓာကိုယ်အတွင်းပိုင်းဆဲလ်တွေကို ပြန်လည်တိုက်ခိုက်နေပြီဆိုတာ သိနိုင်တယ်။ Anti-dsDNA , Anti-smith ခုခံအားရှိရင် လေးဖက်နာအရေပြားရောဂါ (SLE)ကြောင့် ဖြစ်နိုင်တယ်။ တခြားကိုယ်တွင်းအစိတ်အပိုင်းတွေ ဆက်စစ်ဖို့ လိုပါတယ်။ လိုအပ်ရင် skin biopsy အရေပြားအသားစယူပြီး စစ်ကြည့်နိုင်တယ်။ မိခင်တွေမှာ Anti-Ro/Anti-La antibody ခုခံအားတွေ့ရင် မွေးလာတဲ့ကလေးမှာ neonatal lupus erythematosus ဖြစ်နိုင်တယ်။

ကုသနည်း

အရေပြားမှာ ဖြစ်ရင် စတီးရွိုက်လိမ်းဆေး၊ ထိုးဆေးတွေ အသုံးပြုနိုင်ပါတယ်။ tacrolimus လိမ်းဆေးတွေ သုံးနိုင်တယ်။ သောက်ဆေးထဲမှာ hydroxychloroquine, methotrexate, azathioprine, cyclosporin, dapsone, mycophenolate mofetil, corticosteroid ဆေးဝါးတွေအသုံးပြုနိုင်တယ်။ ဆိုးရွားပြင်းထန်တဲ့ရောဂါမှာ Anifrolumab ထိုးဆေးတွေက အသုံးဝင်ပါတယ်။ဘေးထွက်ဆိုးကျိုးလည်း များတယ်။

အကြံပြုချက်

နေရောင်ထဲသွားရင် အကာအကွယ်၊အဆောင်းအကာ တစ်ခုခုသုံးပါ။ နေရောင်ကာကွယ်ဖို့ SPF 50 အထက် နေလောင်ကာလိမ်းဆေးတွေ သုံးသင့်တယ်။ ဗီတာမင် စီ၊ ဗီတာမင် ဒီ နဲ့ အိုမီဂါသရီးအားဆေး တွေ သောက်ပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ alfalfa, echinacea, spirulina အားဆေးတွေ သောက်ရင် သတိထားပါ။ ဒီအရေပြားရောဂါက ပြန်ဖြစ်တတ်လို့ ဆရာဝန်နဲ့ စနစ်တကျပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Related Tags

Write Reviews

Leave a Comment

No Comments & Reviews