Open 9:00-12:00 AM
+95 92051590

Fox-fordyce disease

16 Nov, 2024 | No Comments

Fox-fordyce disease

Fox-fordyce disease ချွေးပြွန်ရောဂါ

Fox-Fordyce disease ဆိုတာ ချွေးဂလင်းပိတ်ဆို့တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ချွေးဂလင်းပြွန်ဟာ ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ပိတ်ဆို့လာပါတယ်။ အထူးသဖြင့် ချွေးထွက်များတဲ့ ဂျိုင်း၊ဆီးခုံ စတဲ့နေရာတွေမှာ အသားရောင်အဖုလေးတွေ အစုလိုက်တွေ့ရတယ်။ အမျိုးသားတွေမှာ ရင်သားအမွှေးအမျှင်ထွက်တဲ့နေရာတွေအဖြစ်များတယ်။ အဆီကျိတ်ဖုလေးတွေနဲ့ ပုံစံတူလို့ apocrine miliaria, apocrine duct occlusion, sweat retention disease စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

ချွေးပြွန်ရောဂါ (Fox-Fordyce disease) ဟာ အပျိုဖော်ဝင်စအရွယ်တွေမှာ စတင်ဖြစ်ပွားလေ့ရှိတယ်။ အသက် ၁၃-၃၅နှစ်အတွင်း အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဘာ့ကြောင့်ဖြစ်လဲ သီအိုရီအမျိုးမျိုးရှိပါတယ်။ အများအားဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်လို့ လက်ခံထားကြတယ်။ ချွေးပြွန်မှာ keratotic plug ခေါ်တဲ့ အရေပြားဆဲလ်သေ ပိတ်ဆို့ရာက ချွေးပြွန်တွေ တဖြည်းဖြည်း ဖောင်းလာပြီး အဖုလေးတွေ ဖြစ်ပေါ်လာပါတယ်။ ချွေးပိတ်တဲ့ ရောဂါတော်တော်များများဟာ ယားယံတတ်ပါတယ်။ပွတ်တိုက်မှုများတာ၊ အမွှေးလေဆာချွတ်နည်းတွေကြောင့်လည်း ချွေးဂလင်းပိတ်ဆို့တတ်တယ်။ waxing ဖယောင်းနဲ့ဂျိုင်းမွှေးချွတ်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ချွေးထွက်များတဲ့ ရာသီဥတုနဲ့ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ဖြစ်စမှာ အသားရောင်အဖုအလုံး၊ အစိလေးတွေ ဂျိုင်းနှစ်ဖက်မှာ တွေ့ရတယ်။ တချို့နာတာရှည်ရောဂါသည်သူတွေမှာ ကုတ်ခြစ်ရာက ဂျိုင်းမဲတာမျိုး ဖြစ်န်ိုင်တယ်။ ချွေးဂလင်းပိတ်ဆို့တာမို့ အဖုဖြစ်တဲ့နေရာက ချွေးမထွက်တာမျိုး ရှိတတ်တယ်။ တချို့မှာ ပန်းရောင်အဖုငယ်လေးတွေ အဖြစ်လည်းမြင်ရတယ်။ ဒါပေမယ့် ဒီရောဂါဖြစ်ပွားမှုက ရှားပါတယ်။ 

ကုသနည်း

ချွေးပြွန်ရောဂါ (Fox-Fordyce disease)ကို ကုသတဲ့အခါ လိမ်းဆေးတွေ များသောအားဖြင့် သုံးကြတယ်။ topical steroid, topical retinoid နဲ့ topical calcineurin inhibitor လိမ်းဆေးတွေ ပေးကြတယ်။ ဗက်တီးရီးယား ပိုးဝင်တာမျိုးရှိရင် clindamycin ပိုးသတ်ဆေး လိမ်းဆေး၊ သောက်ဆေးတွေ ထည့်ပေးရတယ်။ ရောဂါပေါ်မူတည်ပြီး ရလာဒ်တွေ အမျိုးမျိုးကွဲပြားသွားတယ်။ မသက်သာရင် TCA လိမ်းဆေး၊ fractional CO2 laser (စကာပေါက်လေဆာ) စတဲ့နည်းတွေနဲ့ဖျက်ဆီးနိုင်တယ်။ ပြန်မဖြစ်အောင် botox ထိုးဆေးတွေ ထိုးပေးနိုင်ပါတယ်။

Fox-Fordyce disease ကို မကုဘဲထားရင် နှစ်ပေါင်းများစွာရှိနေတတ်တယ်။ မခံမရပ်နိုင်ယားယံမှ လာပြကြတာများတယ်။ ဟော်မုန်းကြောင့်ဖြစ်ရင် ကိုယ်ဝန်ဆောင်စဉ် ပြန်လည်သက်သာနိုင်ပါတယ်။ တချို့လူနာတွေမှာ သွေးဆုံးပြီးနောက်ပိုင်း သက်သာသွားနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews