Open 9:00-12:00 AM
+95 92051590

Aquagenic urticaria

24 Nov, 2021 | No Comments

Aquagenic urticaria

Aquagenic urticaria ရေနှင့် ဓာတ်မတဲ့ခြင်း

Aquagenic urticaria ဆိုတာ ရေနဲ့ထိပြီး အင်ပြင်ထတာဖြစ်ပါတယ်။ water allergy လည်းခေါ်ပါတယ်။ mast cells ကနေ histamine ထွက်လို့ ယားလာတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့ရနည်းတယ်။ စစ်တမ်းတွေအရ နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း ဒီရောဂါဖြစ်သူ ၃၇ယောက်သာရှိတယ်လို့ ဖော်ပြထားတယ်။ အမျိုးသမီးတွေ အဓိကတွေ့ရပြီး အပျိုဖော်ဝင်စအချိန်တွေ အဖြစ်များတယ်။

ရေအင်ပြင်ထခြင်း (Aquagenic urticaria)ဟာ ချွေးစက်၊ မျက်ရည်၊ မိုးရေ၊ နှင်းစက်၊ ကန်ရေ၊ မြစ်ရေ၊ ပင်လယ်ရေစတဲ့ ရေတစ်မျိုးမျိုးနဲ့ထိတွေ့မှုကြောင့် ဖြစ်တယ်။ cold allergy (အအေးဓာတ်မတဲ့တာ)နဲ့ cholinergic urticaria စတာတွေနဲ့ မတူညီပါဘူး။ aquagenic urticaria ဆိုတာ ရေနဲ့ထိတွေ့ရာကဖြစ်တဲ့ အင်ပြင်တွေကိုပဲ ခေါ်ပါတယ်။ လည်ပင်း၊ ရင်ဘတ်၊ လက် စတဲ့နေရာတွေ ဖြစ်ကြတယ်။ ရေနဲ့ထိတွေ့ပြီး မိနစ်ပိုင်းအတွင်း အသားရဲပြီး ဖောင်းတတ်လာတယ်။ အရေပြား ပူစပ်ပူလောင်နေရာ၊ ယားတာ၊ အနီပြင်ထွက်တာ ရှိပါတယ်။ ချွေးစက်၊ ရေစက်ပေါက်တွေ သုတ်ပြီးတာနဲ့ နာရီဝက်၊တစ်နာရီအတွင်း လက္ခဏာတွေ သက်သာသွားတာပါတယ်။ ကံဆိုးတဲ့သူတွေမှာ အသက်ရှုကျပ်တာ၊ မောပန်းတာ၊ တံတွေးမျိုရခက်တာစတဲ့ ပြင်းထန်ပုံစံမျိုး ဖြစ်တတ်ပါတယ်။

ကုသနည်း

သူ့ဘာသာပြန်ပျောက်တာများပါတယ်။ ဖြစ်လာရင် Antihistamine ဆေးတွေ အဓိကပေးရတယ်။ cetirizine (သို့) loratadine ဆေးတွေကို ရေနဲ့မထိခင် ကြိုပေးထားလို့ရပါတယ်။ လိမ်းဆေးတွေလည်း သုံးနိုင်တယ်။ အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်အဆင့်အင်ပြင်ထရင် epinephrine ပါဝင်တဲ့ EpiPen တခါသုံးထိုးဆေးတွေ ပေါင်ထဲထိုးထည့်ပေးရပါတယ်။ ဒီလို ရေဓာတ်မတဲ့တာ အများစုဟာ ပုံမှန်အားဖြင့် စိုးရိမ်ဖို့မလိုအပ်ဘဲ နာရီပိုင်းအတွင်း သက်သာသွားနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews