Open 9:00-12:00 AM
+95 92051590

Tag Archive : antihistamine

Paederus dermatitis မီးပိုးကောင် အဆိပ်သင့်ခြင်း Paederus Dermatitis ဆိုတာက Paederus မျိုးနွယ်ဝင် မီးပိုးကောင် (Blister Beetle/Rove Beetle)တစ်မျိုးကြောင့် ဓာတ်မတဲ့တဲ့ အနီကွက်တွေ ထွက်လာတဲ့ရောဂါတစ်မျိုးဖြစ်တယ်။ ဒီအနီကွက်တွေဟာ မီးပိုးကောင်ကိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ပိုးခန္ဓာကိုယ်မှာရှိတဲ့ “Pederin” လို့ခေါ်တဲ့ ပြင်းထန် ဓာတုအဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် မီးပိုးကောင်နဲ့ မတော်တဆ ထိမိ၊ ကိုင်မိ၊ ပွတ်ချေမိရာကနေ ပိုးကောင်ခန္ဓာကိုယ်မှာရှိတဲ့ Pederin အဆိပ်ဟာ အရေပြားပေါ် စွန်းထင်းသွားပြီး ပြင်းထန်တဲ့ အရေပြားဓာတ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီရောဂါဟာ အရေပြားဆေးပညာမှာ irritant contact dermatitis အမျိုးအစားထဲပါဝင်ပါတယ်။ ယေဘုယျအားဖြင့် မီးပိုးကောင်နဲ့ထိပြီး ၁-၂ရက်အတွင်း လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ကနဦးဖြစ်စမှာ အရေပြားဟာ ပူစပ်ပူလောင်ဖြစ်ပြီး […]

Aquagenic urticaria ရေနှင့် ဓာတ်မတဲ့ခြင်း Aquagenic urticaria ဆိုတာ ရေနဲ့ထိပြီး အင်ပြင်ထတာဖြစ်ပါတယ်။ water allergy လည်းခေါ်ပါတယ်။ mast cells ကနေ histamine ထွက်လို့ ယားလာတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့ရနည်းတယ်။ စစ်တမ်းတွေအရ နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း ဒီရောဂါဖြစ်သူ ၃၇ယောက်သာရှိတယ်လို့ ဖော်ပြထားတယ်။ အမျိုးသမီးတွေ အဓိကတွေ့ရပြီး အပျိုဖော်ဝင်စအချိန်တွေ အဖြစ်များတယ်။ ရေအင်ပြင်ထခြင်း (Aquagenic urticaria)ဟာ ချွေးစက်၊ မျက်ရည်၊ မိုးရေ၊ နှင်းစက်၊ ကန်ရေ၊ မြစ်ရေ၊ ပင်လယ်ရေစတဲ့ ရေတစ်မျိုးမျိုးနဲ့ထိတွေ့မှုကြောင့် ဖြစ်တယ်။ cold allergy (အအေးဓာတ်မတဲ့တာ)နဲ့ cholinergic urticaria စတာတွေနဲ့ မတူညီပါဘူး။ aquagenic urticaria ဆိုတာ ရေနဲ့ထိတွေ့ရာကဖြစ်တဲ့ အင်ပြင်တွေကိုပဲ […]

Pigmented purpuric dermatosis သွေးကြောပေါက် အနီစက် အရေပြားရောဂါ