Open 9:00-12:00 AM
+95 92051590

Pityriasis lichenoides et varioliformis acuta (PLEVA)

17 Aug, 2024 | No Comments

Pityriasis lichenoides et varioliformis acuta (PLEVA)

Pityriasis lichenoides et varioliformis acuta (PLEVA) ဆိုတာ အနီကွက်လေးတွေရုတ်တရက်ထလာပြီး အနာခြောက်လေးတွေအဖြစ် အသွင်ပြောင်းသွားတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Pityriasis lichenoides (အသားခြောက် လိုက်ကန်ဖု) အမျိုးအစားထဲမှာ ပါဝင်ပြီးရုတ်တရက်ဖြစ်တာကို pityriasis lichenoides et varioliformis acuta (PLEVA)ခေါ်ပြီး နာတာရှည်ဖြစ်တာကို pityriasis lichenoides chronica (PLC) ခေါ်ပါတယ်။ Mucha-Habermann disease လည်းခေါ်ပါတယ်။ ဒီရောဂါက ကလေးအရွယ်နဲ့ လူငယ်တွေမှာ ပိုအဖြစ်များတယ်။ 

ဖြစ်စမှာ ခန္ဓာကိုယ် အနီကွက်တွေ စဖြစ်လာတယ်။ ဒီပုံစံအနီကွက်တွေဟာ ဗိုက်၊ရင်ဘတ်၊ရင်ဘတ်၊လက်မောင်း၊ပေါင် စတဲ့နေရာတွေ အဖြစ်များတယ်။ ရက်အနည်းငယ်အတွင်း အနီကွက်က အနီဖု၊အရည်ကြည်ဖု၊ ပြည်ဖု အဖြစ်ပြောင်းလဲသွားပါတယ်။ သိပ်မကြာခင် အနာက ခြောက်ပြီး အနာဖတ်က မဲမဲတွေ ကပ်ကျန်နေတတ်တယ်။ တခါတရံ အနာက ပိုကြီးလာတာရှိတတ်တယ်။ ဖြစ်တဲ့နေရာက ယားယံတာ၊ ပူစပ်ပူလောင်နေတာ ရှိတတ်တယ်။

ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရပေမယ့် ရောဂါပိုးမွှားကို တုံ့ပြန်တဲ့ ခုခံအားစနစ်ကြောင့် ဖြစ်နိုင်တယ်။ herpes simplex virus type 2, Epstein-Barr virus, varicella-zoster virus, HIV စတဲ့ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တတ်တယ်။ Group A streptococcus နဲ့Toxoplasma gondii ပိုးမွှားတွေကြောင့်လည်း ဖြစ်နိုင်တယ်။ lymphoma ကင်ဆာကြောင့်လည်း ဖြစ်နိုင်တယ်။ တုပ်ကွေးကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ကြွက်နို့ကာကွယ်ဆေးနဲ့ ဝက်သက်ကာကွယ်ဆေးတွေထိုးပြီး ဖြစ်နိုင်တယ်။ ဆေးဝါးတွေ (atezolizumab, pembrolizumab)ကြောင့်လည်း ဖြစ်နိုင်သေးတယ်။ အနီကွက်ကို လေ့လာကြည့်ရင် IgM, C3 နဲ့ cytotoxic T-cell တွေ အရေပြားတွင်း စုပုံနေတာတွေ့ရတယ်။ 

ကုသနည်း

ပုံမှန်အားဖြင့် အနီကွက် အနာတွေအတွက် corticosteroid သောက်ဆေး၊ antibiotic ပိုးသတ်ဆေးတွေ ပေးလို့ရတယ်။ antihistamines သောက်ဆေးတွေက အယားသက်သာစေတယ်။ ကလေးတွေမှာ အနာဖြစ်လာရင် doxycycline, minocycline, erythromycin သောက်ဆေးတွေ သုံးလထိ အသုံးပြုနိုင်ပါတယ်။ အရေပြားအောက်လွှာအနီစက် အတွက် အလင်းပြလို့ရတယ်။ ဆေးဝါးပေါင်းစပ်အလင်းကုထုံး (Psoralen plus ultraviolet A)တွေကလည်း ကုရခက်သူတွေမှာ အသုံးပြုနိုင်တယ်။ TNF-a ပမာဏ မြင့်တက်နေရင် infliximab ဆေးတွေ ပေးလို့ရတယ်။ 

ရောဂါလက္ခဏာပေါ်မူတည်ပြီး ဆေးတုံ့ပြန်မှုကို မှန်းဆရခက်ပေမယ့် ရေတိုသာဖြစ်လို့ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့ဘာသာ သက်သာသွားတာများပါတယ်။ တချို့လူနာမှာ ပျောက်ပြီး ပြန်ဖြစ်နိုင်တယ်။ အထူးသဖြင့် T-cell lymphoma နဲ့ဆက်စပ်နေတတ်လို့ သတိပြုသင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews