Open 9:00-12:00 AM
+95 92051590

Salcee Face Wash

15 Nov, 2021 | No Comments

Salcee Face Wash

အသားဝင်း အဆီကင်း (၆)မျိုးစပ် မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေးတွင် အသားဖြူစေမည့် ပစ္စည်းနှစ်မျိုး၊ မျက်နှာဝင်းပစေမည့် ပစ္စည်းသုံးမျိုးနှင့် အဆီပြန်ခြင်းကိုကာကွယ်ပေးသည့် ပစ္စည်းနှစ်မျိုး အချိုးကျ ပါဝင် ပေါင်းစပ်ထားသည်။ ထို့ပြင် အဆီဖုဝက်ခြံများကိုလည်း သိသိသာသာ သက်သာပျောက်ကင်းစေနိုင်သည်။

(၁) အသားဖြူစေမယ့် ပစ္စည်း

  • Kojic acid
  • Liquorice

(၂) မျက်နှာဝင်းစေမယ့် ပစ္စည်း

  • Glycolic acid
  • Lactic acid
  • Vitamin C

(၃) အဆီပြန်ခြင်းကင်းစေမယ့် ပစ္စည်း

  • Salicylic acid
  • Nicotinamide

ပါဝင်ပစ္စည်းများ – SALICYLIC ACID, GLYCOLIC ACID, LACTIC ACID, VIT C, KOJIC ACID, LIQUORICE, NICOTINAMIDE, VIT E, D-PANTHENOL, EDTA, SAS

အာနိသင်များ

  • Salicylic acid – အဆီဂလင်းကို ထိန်းချုပ်ပေးပြီး မျက်နှာအဆီပြန်ခြင်းကင်းစေကာ ဝက်ခြံများကိုပျောက်ကင်းစေနိုင်သည်။
  • Glycolic acid – ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးခြင်းကြောင့် အရေပြားမညီညာမှုများကို သက်သာပျောက်ကင်းစေသည်။
  • Lactic acid – အပေါ်ယံဆဲလ်သေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ဖြစ်စေခြင်းကြောင့် အသားအရေ ကြည်လင်တောက်ပလာစေသည်။
  • Vitamin C – ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး နေလောင်ခြင်းကြောင့် အသားအရေပျက်ဆီးမှုကို ကာကွယ်ပေးနိုင်သည်။
  • Kojic acid – အမဲစက်၊ မှဲ့ခြောက်နှင့် တင်းတိပ်ကို ပျောက်ကင်းစေနိုင်သည့် အာနိသင်ရှိသည်။
  • Liquorice – အမဲရောင်ခြယ် (melanin) ထုတ်လုပ်မှုကို တားဆီးပေးပြီး အသားဖြူလာစေသည်။
  • Nicotinamide – ဝက်ခြံကြောင့် ဖြစ်ပေါ်လာသည့် အရေပြားရောင်ရမ်းမှုကို သိသိသာသာသက်သာစေပြီး အဆီပြန်ခြင်းကိုထိန်းချုပ်ပေးသည်။
  • D-panthenol – အစိုဓာတ်ထိန်းသည့် အာနိသင်ကြောင့် မျက်နှာအရေးအကြောင်းများကို ပျောက်ကင်းစေပြီး အသားအရေချောမွေ့လာစေသည်။
  • Vitamin E – အစိုဓာတ်ထိန်းပေးသည့် ဗီတာမင်အီးပါဝင်သည့်အတွက် အသားအရေနူးညံ့စိုပြေစေနိုင်သည်။
  • Triclosan – ဗက်တီးရီးယားပိုးမွှား ပေါက်ဖွားမှုကို ကာကွယ်ဟန့်တားပေးနိုင်သည်။
  • EDTA –  မျက်နှာပေါ်မှ ဖုန်နှင့် အညစ်အကြေး၊အဆိပ်အတောက်များကို သန့်စင်ပြီး ဂျီးချွတ်သည့် အာနိသင်ရှိသည်။

အညွှန်း

Salcee မျက်နှာသစ်အား တစ်ရက် နှစ်ကြိမ် နေ့စဥ် ပုံမှန်သုံးပေးခြင်းအားဖြင့် အဆီပြန်ခြင်း ကင်းစင်စေသည့်အပြင် အဆီဖုဝက်ခြံ၊ ဆားဝက်ခြံနှင့် အမဲစက်များကို သိသိသာသာ သက်သာပျောက်ကင်းစေနိုင်သည်။

Salcee wash သုံးစွဲသင့်သူများ

  • မျက်နှာအဆီပြန်သူ၊
  • အဆီဖုဝက်ခြံ၊ ဆားဝက်ခြံ ထွက်သူ၊
  • တင်းတိပ်၊မှဲ့ခြောက်၊အမဲစက်ရှိသူ၊
  • အသားအရေကြည်လင်ဝင်းပချင်သူ၊
  • အသားဖြူချင်သူ၊

သတိပြုရန်

မျက်နှာသစ်ဆေးတွင် ဝက်ခြံ၊တင်းတိပ်နှင့် မှဲ့ခြောက်အတွက် အစွမ်းထက်ပစ္စည်းများ ပါဝင်သည့်အတွက် ထိခိုက်လွယ်သည့် အသားအရေ (very sensitive skin) တွင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါသည်။

အားသာချက်

Lactic acid, Kojic acid နှင့် Liquorice ပါဝင်သည့်အတွက် တင်းတိပ်၊မှဲ့ခြောက်၊ အမဲစက်တွေကို သိသိသာသာလျှော့ပါး သက်သာလာစေနိုင်သည်။

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews