15 Nov, 2021 | No Comments
Pomade acne
Pomade acne (ခေါင်းလိမ်းဆီဝက်ခြံ)ဆိုတာ ဆံပင်ပုံသွင်းတဲ့ လိမ်းဆေးထုတ်ကုန်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဝက်ခြံအဆီဖုတွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဒီဝက်ခြံဖုတွေဟာ နဖူး၊ နားထင်နဲ့ နားသယ်စပ် စတဲ့နေရာတွေမှာ အဖြစ်များတယ်။ တခါတရံ hairline acne လည်း ခေါ်ကြတယ်။
ခေါင်းလိမ်းဆီနှင့် တခြားဂျယ်လ်တွေမှာ ပုံသွင်းလွယ်အောင် ဖယောင်းဆီ(waxy)နဲ့ ပျစ်ခဲ့တဲ့ အဆီရည်တွေထည့်သွင်းလေ့ရှိပါတယ်။ အဆိုပါအဆီတွေကြောင့် မွှေးညင်းပေါက်ပိတ်တတ်တယ်။ ခေါင်းလျှော်ရည်မှာပါတဲ့ အမြှုပ်ထွက်ဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဆံပင်ထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေက ဆံပင်အတွက် အန္တရာယ်မရှိပေမယ့် အရေပြား မွှေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဝက်ခြံအဖုတွေ ထွက်လာတယ်။
သတိပြုသင့်သည့် ပါဝင်ပစ္စည်းများ
ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည် နဲ့ pomade ထဲမှာ အောက်ပါပစ္စည်းတွေက ဖြစ်စေနိုင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။
- Petroleum jelly
- Mineral oil
- Lanolin
- Coconut oil
- Cocoa butter
- Avocado oil
- Sodium lauryl sulfate
- Sodium laureth sulfate
လက္ခဏာရပ်များ
ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ သုံးတဲ့နေရာတွေမှာ ယားယံပြီး အဆီဖုဝက်ခြံတွေ စတင်ထွက်ပေါ်လာပါတယ်။ ပါဝင်ပစ္စည်းဓာတ်မတဲ့ရင် အဆီဖုသာမက ယားယံတာ၊ ပူစပ်ပူလောင် နေတာမျိုးလည်းရှိတယ်။ အဆီဖုမထွက်ခင် နားသယ်စပ်မှာ ချွေးပိုထွက်တာရှိနိုင်တယ်။ အထူးသဖြင့် ပူအိုက်တဲ့ရာသီတွေမှာ အဖြစ်များတယ်။
ကုသနည်း
ဒီဝက်ခြံဖြစ်ရင် pomade နဲ့ တခြားဆံပင်လိမ်းဆေးအဆီတွေသုံးတာ ချက်ချင်းရပ်ပစ်ရမယ်။ ရေဆေးချပြီး ဖြစ်တဲ့နေရာကို အဝတ်နဲ့ သန့်ရှင်းရမယ်။ AHA, BHA ပါတဲ့ မျက်နှာသစ်ဆေးတစ်မျိုးမျိုး သုံးသင့်တယ်။ Salcee wash, Cutishine wash စတာတွေ သုံးနိုင်တယ်။ အဆီဂလင်းပိတ်တဲ့နေရာကို salicylic acid လိမ်းဆေး၊ benzoyl peroxide လိမ်းဆေး၊ tretinoin လိမ်းဆေး၊ adapalene လိမ်းဆေး သုံးနိုင်တယ်။ အဆီထုတ်လုပ်မှုနည်းအောင် sebogel လိုလိမ်းဆေး သုံးပေးနိုင်တယ်။ အစားအသောက်ထဲမှာ အပူအစပ်အဓိကရှောင်သင့်ပြီး အဆီအဆိမ့်နဲ့ အငန်စတာတွေ လျှော့ချသင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews