Open 9:00-12:00 AM
+95 92051590

Tag Archive : antibiotics

15 Nov, 2021 | No Comments

Pomade acne

Pomade acne (ခေါင်းလိမ်းဆီဝက်ခြံ)ဆိုတာ ဆံပင်ပုံသွင်းတဲ့ လိမ်းဆေးထုတ်ကုန်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဝက်ခြံအဆီဖုတွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဒီဝက်ခြံဖုတွေဟာ နဖူး၊ နားထင်နဲ့ နားသယ်စပ် စတဲ့နေရာတွေမှာ အဖြစ်များတယ်။ တခါတရံ hairline acne လည်း ခေါ်ကြတယ်။ ခေါင်းလိမ်းဆီနှင့် တခြားဂျယ်လ်တွေမှာ ပုံသွင်းလွယ်အောင် ဖယောင်းဆီ(waxy)နဲ့ ပျစ်ခဲ့တဲ့ အဆီရည်တွေထည့်သွင်းလေ့ရှိပါတယ်။ အဆိုပါအဆီတွေကြောင့် မွှေးညင်းပေါက်ပိတ်တတ်တယ်။ ခေါင်းလျှော်ရည်မှာပါတဲ့ အမြှုပ်ထွက်ဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဆံပင်ထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေက ဆံပင်အတွက် အန္တရာယ်မရှိပေမယ့် အရေပြား မွှေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဝက်ခြံအဖုတွေ ထွက်လာတယ်။   သတိပြုသင့်သည့် ပါဝင်ပစ္စည်းများ ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည် နဲ့ pomade ထဲမှာ အောက်ပါပစ္စည်းတွေက ဖြစ်စေနိုင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။ လက္ခဏာရပ်များ ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ သုံးတဲ့နေရာတွေမှာ […]

Angular cheilitis နှုတ်ခမ်းထောင့် ကွဲအက်ခြင်း Angular Cheilitis (ကျီးကန်ပါးစပ်နာ)ဆိုတာ နှုတ်ခမ်းထောင့်စွန်းတွေမှာ ခြောက်သွေ့အက်ကွဲတဲ့ အနာတွေ ဖြစ်ပါတယ်။ နှုတ်ခမ်းထောင့်မှာ တံတွေးစိုစွတ်မှုကြောင့် ခြောက်သွေ့ကွဲအက်ခြင်းကို ဖြစ်ပေါ်စေတယ်။ အက်ကွဲတဲ့ အရေပြားဟာ ပုံမှန်ထက်ပိုးဝင်လွယ်တယ်။ အထူးသဖြင့် Candida albicans မှိုပိုးနဲ့ Staphylococcus aureus ဘက်တီးရီးယားပိုးတွေဝင်ရောက်လာနိုင်တယ်။ ပိုးဝင်ရောက်လာတဲ့အခါ နှုတ်ခမ်းအနာတွေဖြစ်လာတတ်တယ်။နှုတ်ခမ်းကွဲအက်မှုဟာ နှုတ်ခမ်း တစ်ဖက်တည်း (သို့) နှစ်ဖက်လုံးမှာ ဖြစ်နိုင်တယ်။ မကြာခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အာဟာရဓာတ်ချို့တဲ့ခြင်းလည်းပါဝင်တယ်။ သံဓာတ်၊ ဗီတာမင် ဘီတွဲ၊ ဖောလစ်အက်စစ် နဲ့ ဇင့်(သွပ်)ဓာတ် ချို့တဲ့ခြင်းတွေ ဖြစ်နိုင်တယ်။ဆီးချိုရောဂါရှိသူမှယ သွေးတွင်းသကြားဓာတ်များခြင်းက မှိုပိုးတွေ ပွားများစေပါတယ်။ကိုယ်ခံအားကျဆင်းခြင်းနဲ့ သွေးအားနည်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ တခါတရံ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်တယ်။ နှုတ်ခမ်းမကြာခဏ လျက်ခြင်းနဲ့ […]