Open 9:00-12:00 AM
+95 92051590

Cystic acne

13 Nov, 2021 | No Comments

Cystic acne

Cystic acne (ဝက်ခြံပြည်အိတ်)ဆိုတာ မွှေးညင်းအိတ်မှာ အဆီနဲ့ ဆဲလ်သေတွေစုပုံပြီး တဖြည်းဖြည်းပိုးဝင်ရောက်ရာက ပြည်အိတ်ဖြစ်ပေါ်လာတဲ့အဆင့်ကို ခေါ်ပါတယ်။ ဒီအမျိုးအစား ဝက်ခြံဖြစ်တဲ့အခါ အရေပြားအောက်လွှာ(dermis)ရောင်ရမ်းပြီး နာကျင်လာပါတယ်။ဒီဝက်ခြံပြည်အိတ်တွေက အဆိုးဆုံးဝက်ခြံအမျိုးအစားမှာ ပါဝင်ပြီး မကုဘဲထားရင် အမာရွတ်ကျန်တတ်တယ်။ သက်သာဖို့ အနည်းဆုံး ၂-၃ပတ်ကြာတတ်တယ်။

ဝက်ခြံပြည်အိတ်(cystic acne)ဟာ ဆယ်ကျော်သက် အရွယ်တွေ အဖြစ်များတယ်။ ဟော်မုန်းနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာအဆီပြန်သူ၊ အဆီအဆိမ့်အစားများသူတွေ အဖြစ်များတယ်။ မျိုးရိုးနဲ့လည်း ဆိုင်တတ်တယ်။ မျက်နှာ၊ကျော၊ရင်ဘတ်၊လည်ပင်း၊ တင်ပါး၊ ပခုံး စတဲ့နေရာတွေ အဓိကတွေ့ရတယ်။

ကုသနည်း

ဗက်တီးရီးယားပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေးတွေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုအတွက် adapalene, tretinoin, tazarotene စတဲ့လိမ်းဆေးတွေ သုံးသင့်တယ်။ Azelaic acid က ဗက်တီးရီးယားကိုသတ်နိုင်ပြီး ဆဲလ်သေကို ဖယ်ရှားပေးတယ်။ benzoyl peroxide လိမ်းဆေးက ရောင်ရမ်းခြင်းကို သက်သာစေပြီး ဝက်ခြံပိုးမွှားတွေကို ထိန်းချုပ်နိုင်တယ်။ အမျိုးသမီးဟော်မုန်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းတားဆေး၊ spironolactone သောက်ဆေးတွေ လိုတတ်ပါတယ်။ အဆီပြန်တာ မသက်သာရင် isotretinoin သောက်ဆေးတွေ လိုပါတယ်။ ပုံမှန်အားဖြင့် သောက်ဆေး၊ လိမ်းဆေးကို အချိန်(၃)လလောက် ပေးရတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews