အမွှေးမြုံခြင်း အမွှေးပေါက်တဲ့နေရာက ပိတ်ဆို့နေတာကြောင့် အပြင်မထွက်နိုင်ဘဲ အတွင်းပြန်ဝင်တာ၊ အရေပြားဘေးသားထဲတဖြည်းဖြည်းတိုးဝင်ကြီးထွားလာရာကနေ ဖြစ်ကြတယ်။ တခါတရံ အရေပြားဆဲလ်သေတွေကြောင့် ဆံပင်မွေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် သဘာဝအတိုင်း ဆံပင်ကောက်တာ၊ တိုလွန်းတဲ့အခါမျိုးမှာ ဆံပင်၏ချွန်ထက်တဲ့အဖျားက အရေပြားတွင်း ထိုးဖောက်ဝင်ရောက်ပြီး အမွှေးမြုံခြင်းကို ဖြစ်စေတယ်။ အမွှေးမြုံတဲ့အခါ ဝက်ခြံပုံစံ ပြည်တည်နာ၊ မွှေးကျွတ်နာဆန်ဆန် ဖြစ်တတ်တယ်။ ယားယံတဲ့ အဖုတွေလဲ ထွက်လာနိုင်တယ်။ ပွတ်ပါများရင် အရေပြားကမဲပြီး ထူလာတတ်သေးတယ်။ အမွှေးရှိတဲ့နေရာတိုင်းမှာ ဒီပြဿနာဖြစ်နိုင်တယ်။ အများအားဖြင့် မုတ်ဆိတ်ရိတ်တဲ့ နေရာတွေမှာ မကြာခဏ ပေါက်တတ်တယ်။ ဦးရေပြား၊ ဂျိုင်းကြား၊ဆီးခုံမွှေးစတဲ့နေရာတွေမှာလည်း အဖြစ်များတယ်။ ကျော၊ခြေထောက်တွေက ပုံမှန်ထက်အဖြစ်နည်းပေမယ့်waxing ဖယောင်းဖြင့်အမွှေးချွတ်တဲ့အခါပိုဖြစ်နိုင်တယ်။ ဒီပြဿနာက မွေးရာပါ ဆံပင်ကောက်သူ (သို့) ဆံပင်ကြမ်းတမ်းတဲ့သူတွေမှာ ပိုအဖြစ်များတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ တိုစိနေအောင် ရိတ်တာက ဒီပြဿနာကို အစပြုတယ်။ ပြန်ပေါက်တဲ့အမွှေးက ပိုမိုချွန်ထက်တဲ့အစွန်းရှိတာကြောင့် အရေပြားအောက် ပြန်ဝင်ဖို့လွယ်ကူပြီး အရေပြားအတွင်းပိုင်း ပိတ်မိနေနိုင်တယ်။ ကြာတော့ ဆဲလ်သေပိုးမွှားစုစည်းမိရာက ပြည်တည်နာဖြစ်လာတယ်။ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းများရင် ပုံမှန်ထက်အမွေးအမျှင်ထူတာကြောင့် အမွှေးမြုံဖို့ အလားအလာ ပိုများပါတယ်။ အမွှေးမြုံပြီး ရောင်ရမ်းဓာတ်ထွက်တဲ့အခါမွေးညှင်းအိတ်ရောင်ပြီး ပြည်တည်နာဆန်ဆန် (Pseudofolliculitis) ဖြစ်လာတယ်။ မုတ်ဆိတ်ရိတ်တဲ့နေရာဖြစ်ရင်သင်တုန်းဓားဝက်ခြံဖု (razor bumps)ခေါ်ပါတယ်။ ကုသနည်း အများစုဟာ သူ့ဘာသာပြန်ကောင်းသွားနိုင်တယ်။ အရေပြားပေါ်ယံလွှာ ပိတ်ဆို့တာတွေ ဖယ်ရှားပေးမယ့်exfoliation အာနိသင်ရှိတဲ့ဆေးတွေလိုတယ်။ Salicylic acid, Tretinoinလိုဆေးတွေအပြင် တခါတရံ အရေပြားရောင်ရင် စတီးရွိုက်လိမ်းဆေးတွေ သုံးရတတ်တယ်။ ပိုးဝင်ပြည်တည်နာအတွက် ပဋိဇီဝပိုးသတ်လိမ်းဆေးသို့မဟုတ် သောက်ဆေးလိုတယ်။ အမွှေးထူသူအတွက် တခြားနည်းကတော့ လေဆာပစ်တာဖြစ်ပါတယ်။အကုန်အကျများတာကြောင့် ပုံမှန်အားဖြင့် လုပ်ဖို့မလိုပါဘူး။ ကုတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ပြုလုပ်သင့်တယ်။ အမွှေးမြုံရင်သန့်ရှင်းရေးကအရေးကြီးတယ်။ အမွှေးမြုံတဲ့နေရာကို ဆပ်ပြာအပျော့စားကို ရေခပ်နွေးနွေးနဲ့ ရောပြီး ဆေးကြောသန့်စင်ရမယ်။ နောက်ပြီး စိုစွတ်တဲ့ ရေနွေးအ၀တ်စနဲ့ ၁မိနစ်ကြာ အုပ်ထားပြီး ဖယ်လိုက်ပါ။ တခါတရံ အတွင်းပိုင်းထိ အမွှေးလိပ်ဝင်တဲ့နေရာကို ဆေးထိုးအပ်ထိပ်နဲ့ သေချာဖြေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုကြောင့် ဖြစ်ရင် မျက်နှာကို scrub တပတ်နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ သို့သော် အရမ်းပြင်းထန်တဲ့ harsh scrub တွေက အရေပြားရောင်ရမ်းခြင်းကို ပိုဖြစ်စေလို့ သတိပြုသင့်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
Trichomycosis Axillaris ဂျိုင်းမွေးပိုးဝင်ခြင်း ပုံမှန်အားဖြင့် Tricho ဆိုတာ ဆံချည်မျှင် (သို့) အမွေးမျှင်ကို ပြောတာဖြစ်ပြီး Axillaris ဆိုတဲ့ဝေါဟာရဟာ ဂျိုင်းမှာဖြစ်တဲ့ရောဂါတွေမှာ အဓိကသုံးတယ်။ mycosis က မှိုရောဂါလို့ အဓိပ္ပါယ်ရပေမယ့် လက်တွေ့မှာ မှိုမဟုတ်ဘဲ Corynebacterium ခေါ်တဲ့ဗက်တီးရီးယားပိုးတွေ ရုတ်တရက်ပွားများလာလို့ ဖြစ်ပေါ်လာတယ်။Trichomycosis Axillaris ဖြစ်တဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဂျိုင်းမွေးတွေဟာ အရောင်ပြောင်းသွားတယ်။ ကော်ရီနီဘက်တီးရီးယားပိုးဟာ အစိုဓာတ်ကို ကြိုက်တယ်။ ကော်ဆန်ဆန် စီးကပ်စေတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပြီး အမွေးမျှင်ပေါ်မှာ စေးကပ်တဲ့ အလွှာတစ်ခုနဲ့စွဲကပ်နေတတ်တယ်။ ကြာလာတဲ့အခါ အရောင်ပြောင်းပြီး လက္ခဏာတွေ ပေါ်လာစေပါတယ်။ဂျိုင်းမွေးမှာ အဝါရောင်အလွှာတစ်ထပ် ကပ်နေတတ်တယ်။ မြင်လွယ်အောင်ပြောရရင် အမွေးမှာ ဖယောင်းကပ်နေတဲ့ပုံစံမျိုးဖြစ်တယ်။ ဒါဟာ ဘက်တီးရီးယားပိုးတွေက အမွေးချောင်း အပြင်ဘက်မျက်နှာပြင်မှာ ပေါက်ဖွားနေလို့ဖြစ်ပြီး အမွေးချောင်းကိုယ်နှိုက်ကတော့ မပျက်စီးပါဘူး။ […]
ခြေဖဝါး ကျောက်ပေါက်ခွက် ခြေဖဝါးကျောက်ပေါက်ခွက် (Pitted keratolysis)ဟာ ခြေဖဝါးပေါ်မှာ ကျောက်ပေါက်ပုံစံ အခွက်တွေ အကွက်လိုက်ဖြစ်တာကို ခေါ်ပါတယ်။ ခြေဖဝါး အပေါ်ယံ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ဖြစ်ပေါ်လာပြီး ခြေဖဝါးကအနံ့ဆိုးတွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ဒီရောဂါဟာ အစိုဓာတ်များတဲ့နေရာတွေမှာပေါက်ဖွားတဲ့corynebacteria နဲ့ Kytococcus ဗက်တီးရီးယားပိုးတွေကြောင့် အဓိကဖြစ်စေတယ်။ ဒါ့ပြင် Actinomyces, Streptomyces နဲ့ Dermatophilus ပိုးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဘာ့ကြောင့် ကျောက်ပေါက်ခွက်ဖြစ်လဲ ဗက်တီးရီးယားပိုးကထုတ်တဲ့ protease အင်ဇိုင်းက အရေပြားအပေါ်ဆုံးဆဲလ်လွှာ (stratum corneum)ကိုဖျက်ဆီးပစ်လိုက်လို့ ဖြစ်တယ်။ တခါတရံ ဗက်တီးရီးယားကထွက်တဲ့ ဆာလဖာဓာတ် (sulfides, thiols, thioesters)တွေကြောင့် အနံ့လည်းပျင်းတတ်တတ်တယ်။ လက္ခဏာရပ်များ ခြေဖဝါးကျောက်ပေါက်ခွက်ဟာ များသောအားဖြင့် ခြေဖဝါး၊ ခြေဖနောင့် စတဲ့နေရာတွေမှာ အဖြစ်များတယ်။လက်ဖဝါးမှာ အဖြစ်နည်းတယ်။ အပေါက်တွေများလာတာနဲ့အမျှ တဖြည်းဖြည်းစုစည်းမိပြီး တွင်းချိုင့်ခွက်တွေကပိုကျယ်လာတယ်။ တွင်းချိုင့် အတွင်းမျက်နှာပြင်က ဖြူတာ (သို့) ရဲတာ ရှိတယ်။ အထူးသဖြင့် ခြေဖဝါး စိုစွတ်တဲ့အခါ အသွင်အပြင်က ပိုသိသာတယ်။တချို့လူနာတွေမှာ ခြေဖဝါးတပြင်လုံး ဖြူတာမျိုးရှိတယ်။ တချို့လူနာတွေမှာ လမ်းလျှောက်တဲ့အခါ အနံ့အသက်ဆိုးထွက်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းကို ခံစားရတတ်တယ်။ ခြေဖဝါးတွင်းခွက်တွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ခြေဖဝါး စိုစွတ်မှုများတဲ့ အဝတ်လျှော်သူ၊ ရေပိုက်ပြင်သူ၊ လယ်သမား၊ တံငါသည်နဲ့ အားကစားသမားတွေမှာ အတွေ့များတယ်။ခြေဖဝါးလက်ဖဝါး ချွေးထွက်များသူ၊ ခြေပိတ်ဘွတ်ဖိနပ်အစီးများသူတွေမှာ ပိုတွေ့ရတယ်။ ပုံမှန်အားဖြင့်ဆရာဝန်တွေဟာ မြင်ရုံနဲ့ ရောဂါကို ခန့်မှန်းနိုင်တယ်။ အရေပြားဆရာဝန်တွေသုံးတဲ့ အလင်းရောင်မှန်ပြောင်း(Wood’s lamp)နဲ့ စမ်းသပ်ကြည့်ရင် လိမ္မော်ရောင် (သို့) ပန်းရောင်ကို တွေ့ရှိနိုင်တယ်။ ကုသနည်း ခြေဖဝါး ကျောက်ပေါက်ခွက်တွေကို လိမ်းဆေး (သို့) သောက်ဆေးတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်တယ်။ပိုးသတ်ဆေးတွေထဲမှာ roxythromycin, erythromycin, clindamycin, fusidic acid, mupirocin, benzoyl peroxide စတဲ့ဆေးတွေသုံးရတတ်တယ်။ ပိုးသတ်ဆေးရည်ကို အောက်ကခံလိမ်းပြီး အပေါ်က လိမ်းဆေးတစ်ထပ်အုပ်ရင် ပျောက်တာပိုမြန်တယ်။ တခါတရံ antiseptic ပိုးသတ်ဆေးဆပ်ပြာတွေပေးဖို့လည်း လိုအပ်တယ်။ပြန်မဖြစ်အောင် ဆက်လက်ကုသချင်ရင် ချွေးထွက်များခြင်းကိုကာကွယ်ပေးနိုင်တဲ့ aluminium chloride 20% ဆေးရည် (သို့မဟုတ်) ပိုးသတ်ဆေးမှုန့် တစ်မျိုးမျိုး လိမ်းပေးရတတ်တယ်။ ချွေးနံ့သိပ်ဆိုးတဲ့လူနာတွေမှာ ဘိုတောက်ထိုးဆေး(Botox injection) ထိုးနိုင်တယ်။ သဘာဝ ကျောက်ချဉ်ကိုလည်း လိုအပ်သလို သုံးနိုင်ပါသေးတယ်။ အကြံပြုချက် ခြေဖဝါးကို အမြဲခြောက်သွေ့အောင် ထားပါ။ ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်ထည် ခြေအိတ်မျိုးကိုသာဝတ်ဆင်ပါ။ ခြေအိတ်တွေ လဲလှယ်တဲ့အခါ နှစ်ရက်ဝတ်၊ နှစ်ရက်လျှော်နည်းကို သုံးပါ။ ခြေပိတ် ဘွတ်ဖိနပ်နေရာမှာ ညှပ်ဖိနပ်၊ ရှေ့ထိုးဖိနပ်တွေကို အဓိကဝတ်ဆင်သင့်တယ်။ ခြေဖဝါးအနံ့ဆိုးသူအတွက် အနံ့ပျောက်ဆေးတစ်မျိုးမျိုးကို တစ်ပတ်လျှင် နှစ်ကြိမ် လိမ်းပေးသင့်တယ်။ ဒါ့ပြင် ချွေးထွက်များစေတဲ့ အပူအစပ်၊အငန်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကု ဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
Cystic acne (ဝက်ခြံပြည်အိတ်)ဆိုတာ မွှေးညင်းအိတ်မှာ အဆီနဲ့ ဆဲလ်သေတွေစုပုံပြီး တဖြည်းဖြည်းပိုးဝင်ရောက်ရာက ပြည်အိတ်ဖြစ်ပေါ်လာတဲ့အဆင့်ကို ခေါ်ပါတယ်။ ဒီအမျိုးအစား ဝက်ခြံဖြစ်တဲ့အခါ အရေပြားအောက်လွှာ(dermis)ရောင်ရမ်းပြီး နာကျင်လာပါတယ်။ဒီဝက်ခြံပြည်အိတ်တွေက အဆိုးဆုံးဝက်ခြံအမျိုးအစားမှာ ပါဝင်ပြီး မကုဘဲထားရင် အမာရွတ်ကျန်တတ်တယ်။ သက်သာဖို့ အနည်းဆုံး ၂-၃ပတ်ကြာတတ်တယ်။ ဝက်ခြံပြည်အိတ်(cystic acne)ဟာ ဆယ်ကျော်သက် အရွယ်တွေ အဖြစ်များတယ်။ ဟော်မုန်းနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာအဆီပြန်သူ၊ အဆီအဆိမ့်အစားများသူတွေ အဖြစ်များတယ်။ မျိုးရိုးနဲ့လည်း ဆိုင်တတ်တယ်။ မျက်နှာ၊ကျော၊ရင်ဘတ်၊လည်ပင်း၊ တင်ပါး၊ ပခုံး စတဲ့နေရာတွေ အဓိကတွေ့ရတယ်။ ကုသနည်း ဗက်တီးရီးယားပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေးတွေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုအတွက် adapalene, tretinoin, tazarotene စတဲ့လိမ်းဆေးတွေ သုံးသင့်တယ်။ Azelaic acid က ဗက်တီးရီးယားကိုသတ်နိုင်ပြီး ဆဲလ်သေကို ဖယ်ရှားပေးတယ်။ benzoyl peroxide […]




