Open 9:00-12:00 AM
+95 92051590

Papular acne

13 Nov, 2021 | No Comments

Papular acne

Papular acne ဆိုတာ ရောင်ရမ်းနီရဲနေတဲ့ ဝက်ခြံဖုလေးတွေကို ခေါ်ပါတယ်။ ပြည်ဖုဝက်ခြံ မဖြစ်ခင် စတင်ရောင်ရမ်းကာစ နီရဲနေတဲ့ ဝက်ခြံဖုတွေ ဖြစ်တယ်။ မွေးညင်းပေါက်မှာ အဆီ၊ အရေပြားဆဲလ်သေနဲ့ P. acnes ဗက်တီးရီးယားပိုးတွေ ပေါင်းစပ်မိတဲ့အခါ papular acne (နီရဲဝက်ခြံဖု)တွေ ဖြစ်လာတယ်။ ဒီဝက်ခြံကို zits လို့လည်း ခေါ်ပါတယ်။ ရက်ပိုင်းအတွင်း ပြည်ဖုဝက်ခြံ ပြောင်းလဲသွားနိုင်တယ်။ papular acne တွေကို ညှစ်တာဟာ ဝက်ခြံကို မသက်သာစေဘဲ ပိုဆိုးတဲ့ပြည်ဖုဝက်ခြံအဖြစ် အသွင်ပြောင်းလဲနိုင်တယ်။ 

Papular acne တွေက androgen (အမျိုးသားဟော်မုန်း) ရုတ်တရက်မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်တယ်။ အဆီပြန်တဲ့အသားအရေနဲ့ မိတ်ကပ်တွေကြောင့် ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှု၊ ဆား၊အချိုမှုန့် ၊ ခေါက်ဆွဲခြောက်ထုပ်တွေက ဒီလိုဝက်ခြံဖြစ်အောင် အားပေးတယ်။ ဟော်မုန်းဆေး၊ စတီးရွိိုက်ဆေးနဲ့ lithium တွေကြောင့်ဖြစ်နိုင်တယ်။ အပူအစပ် မာလာဟင်း ဟော့ပေါ့ စတာတွေက မွှေးညင်းပေါက်ပိတ်စေလို့ ဝက်ခြံပိုဆိုးစေတယ်။ 

Papular acne (zits)တွေဟာ ထိကိုင်မိရင် နာကျင်ပါတယ်။ ညှစ်ရင်လည်း ပြည်မထွက်ဘဲ ပိုရောင်လာတတ်တယ်။ အခန့်မသင့်ရင် nodular acne ဝက်ခြံကျိတ်အဖြစ်ပြောင်းလဲသွားတတ်တယ်။ ဝက်ခြံအမျိုးအစားတွေထဲမှာ Papular acne ဟာ လက်နဲ့ လုံးဝမကိုင်တွယ်သင့်တဲ့ ဝက်ခြံမျိုးဖြစ်ပါတယ်။

ကုသနည်း

မျက်နှာကို နေ့စဉ် စနစ်တကျ သန့်စင်သင့်တယ်။ လိုအပ်ရင် salicylic acid (သို့) benzoyl peroxide ပါဝင်တဲ့ မျက်နှာသစ်ဆေးနဲ့ တစ်ရက် နှစ်ကြိမ်သစ်ပါ။ လိမ်းဆေးထဲမှာ adapalene, azelaic acid, benzoyl peroxide, tretinoin, dapsone, clindamycin, azithromycin ဝက်ခြံပျောက်ဆေးတွေ လိမ်းနိုင်တယ်။ နီရဲဝက်ခြံဖုတွေ ပိုများလာရင် ရောဂါကာကွယ်ဖို့ azithromycin, clindamycin, minocycline, doxycycline ပိုးသတ်ဆေးတွေ သောက်နိုင်တယ်။ 

ကာကွယ်ခြင်း

မျက်နှာအဆီမပြန်အောင် အဓိက ကာကွယ်သင့်တယ်။ မျက်နှာကို နေ့စဉ်သန့်စင်ပါ။ အဆီပါတဲ့ လိမ်းဆေးတွေ မလိမ်းပါနဲ့။ မလိုအပ်ဘဲ မိတ်ကပ်၊ နေလောင်ကာ မသုံးပါနဲ့။ အပူအစပ်၊ အငန်၊ အချိုရည်၊ အရက်၊ ဘီယာသောက်တာမျိုး ရှောင်သင့်တယ်။ အချိုအဆိမ့်၊ ကြက်ဥ၊ နွားနို့စတာတွေ လျှော့ပါ။ ရေများများသောက်ပါ။ ဝမ်းမှန်အောင် လုပ်ပါ။ အရေးကြီးဆုံးအချက်က Papular acne ကို ထိတွေ့ကိုင်တွယ်တာ လုံးဝမလုပ်သင့်ပါဘူး။ 

Write Reviews

Leave a Comment

No Comments & Reviews