5 Dec, 2021 | No Comments
Twe Yar Mae Hna Lone Thar
တွယ်ရာမဲ့ နှလုံးသား
(၁)
သန့်စင်နှင့် သန့်လွင်တို့က အမွှာညီအစ်ကိုနှစ်ယောက် ဖြစ်သည်။ သန့်စင်က အကြီး၊ သန့်လွင်က အငယ်။ ဒီကလေးနှစ်ယောက် မွေးကတည်းက သန္ဓေမတူ။ အကြီးသန့်စင်က လိမ္မာသလောက် အငယ် သန့်လွင်ကတော့နည်းနည်းဆိုးသည်။ ဆိုးတယ်ဆ်ုတာ ပျက်ဆီးနေတာမဟုတ်ဘဲ သူစိတ်နှင့်သူ လွတ်လွတ်လပ်လပ်နေတာမျိုးပါ။အမေအဖေကို ချစိပေမယ့် ပြောသမျှ နာခံချင်မှနာခံသည်။
ပတ်ဝန်းကျင်တွင် သန့်စင်က မိဘစကားနားထောင်သူ၊လိမ္မာရေးခြားရှိသူ အဖြစ် ထင်ရှားသည်။ စာလည်းကြိုးစားသည်။ အတန်းတိုင်းတွင် အမြဲထူးချွန်သည်မို့ မိဘနှစ်ပါး မျက်နှာပွင့်သည်။ ဒါနှင့်ပြောင်းပြန်ကတော့အငယ်ကောင်သန့်လွင်ရယ်ပါ။
“အစ်ကိုဖြစ်တဲ့သူက အတန်းတိုင်း အမြဲပထမ၊ မင်းကျတော့လည်း ဘိတ်ချေး၊ ညံ့လိုက်တာလည်း လွန်ပါရော့၊ ငါ့သားလို့ပြောရမှာတောင်ရှက်တယ်။ မင်း ဒီပုံတိုငိး ကျပိကျပ်လုပ်၊ ကြာရင် ခွေးဖြစ်မယ်သိလား”
ဖခင်ဖြစ်သူက မာန်မဲနေသလောက် သန့်လွင်ကတော့ ခပ်အေးအေးပင်။
“မဖြစ်ပါဘူးဖေဖေရာ၊ ဥိးစီးအရာရှိ ဦးကောင်းမြတိနဲ့ ဒေါ်တင်တင်တို့ရဲ့သားက လူစင်စစ်ကနေ ခွေးဖြစ်စရာလား၊ဘေးလူကြားရင် တမျိုးထင်နေပါဦးမယ်”
သန့်လွင်က တခါတရံ မိဘကို ခံပြောတတ်သည်။ အငယ်ဆုံးသား အဆိုးဆုံးလေးမို့ မိဘများက နားလည်ခွင့်လွှတိထားကြသည်။
စာတော်သော သန့်စင်တယောက် ဆယ်တန်းအောင်ချိန်မှာတော့ ဆေးကျောင်းရောက်သည်။ အကြီးအတွက် မိဘတွေက ဝမ်းသာဂုဏ်ယူနေချိန်မှာ သန့်လွင်ကတော့ ဆယ်တန်းကို ရိုးရိုးနှင့်အောင်သည်။ ဖခင်ဖြစ်သူက လုံးဝမကျေနပ်။
“မိဘစကားနားမထောင်တဲ့ကောင်၊ အခု မြောင်းထဲရောက်ပြီလား”
မျက်ထောင့်နီကြီးနှင့် ကြိမ်းသည်။
“ဆေးကျောင်းမရောက်ရုံနဲ့တော့ မြောင်းထဲရောက်မသွားပါဘူးဖေဖေရာ”
“အေး မြောင်းထဲရောက်မရောက်တော့ မသိဘူး။ လောလောဆယ် မင်းအစ်ကိုက ဆရာဝန်ဖြစ်တော့မှာ၊ မင်းသာဟိုမရောက်ဒီမရောက်နဲ့ “
သန့်လွင် ဇက်လေးကို ပုပြသည်။ တကယ်လည်း သန့်စင်တယောက် ဆရာဝန်ဖြစ်ခဲ့ပါသည်။
(၂)
သန့်စင်တွင် သဥ္စာဆိုသောရည်းစားတယောကိရှိသည်။ သဥ္ဇာက မျက်နှာချိုချိုလေးနှင့် ချစ်စရာကောင်းသည်။သန့်စင်ကိုအလွန်ချစ်မြတ်နိူးသည်။ သန့်စင်ကိုယ်တိုင်လညိး ကောင်မလေးကို သိပ်ချစ်ပါသည်။ ခက်တာက ဖေဖေတို့။ ဒီမီန်းကလေးနှငိ့ သိပ်သဘောမတူချင်။ သူတို့စိတ်ထဲ ဆရာဝန်တယောက်အနေဖြင့် ဒီထက်အဆင့်မြင့်သောမိန်းကလေးမျိုးနှင့် ဖြစ်စေချင်သည့်ဆန္ဒရှိသည်။ သဥ္ဇာ့မိဘများက ဆင်းဆင်းရဲရဲမဟုတ်ပေမယ့် ဝန်ထမ်းပီပီအနေအထိုင်ကျစ်လစ်သည်။ စားနိုင်သောက်နိုင်သည့် သာမန်မိသားစုဟုပင် ဆိုကြပါစို့။ သန့်စင်တို့အိမ်ကတော့ သဥ္ဇာတို့ထက်စာလျှင်ပိုမိုချမ်းသာသည်။ မိဘများက ပညာထူးချွန်သောသန့်စင်ကို ဒီထက်မကသော မျှော်လင့်ချက်တွေ တနင့်တပိုး ထားခဲ့သည်။ ဒီမျှော်လင့်ချက်က သန့်စင်ကို အမြဲဒုက္ခပေးသည်။
(၃)
“သဥ္ဇာတို့ ဘယ်တော့ လက်ထပ်ကျမလဲဟင်”
ဒီစကားကြားတိုင်း သန့်စင်ဖက်က ပြန်ပြောစရာမကားမရှိ။ မရှိတာကလည်း ဖေဖေတို့ကြောင့်ပါ။
ဖေဖေတို့က သူတို့နှင့်ရင်းနှီးသော ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးမြချစ်တ်ု့၏ သမီး နဒီချစ်ကို မျက်စိကျနေသည်။ ဦးမြချစ်တို့ဖက်ကလည်း ရိုးသားအေးဆေးပြီး လိမ္မာရေးခြားရှိသည့် သန့်စင်ကို သဘောကျဟန်တူသည်။ ခက်တာက သန့်စင်။ နဒီနှင့် သူက ရင်းနှီးသူမဟုတ်၊ သူ့ထက်လည်း ၆နှစိလောက် ငယ်နေပြန်တော့စဉ်းစားရခက်သည်။ နောက်ပြီး တယောက်နှင့်တယောက် စကားသုံးလေးခွန်းထက် ပိုမပြောဖြစ်ကြ။ သည်လိုလူနှစ်ယောက်က လူကြီးတွေစိတ်တိုင်းကျ အိမ်ထောင်တခုထူထောင်မည်ဆိုတော့ အဆင်ပြေပါ့မလားဆိုသည့်မေးခွန်းကထွက်လာသည်။ဒီအကြောင်း ပြောတော့ ဖေဖေဒေါသူပုန်ထသည်။
“ဘာကွ၊ မင်းအမေတုန်းကလည်း မိဘသဘောတူလို့ယူခဲ့ကြတာ၊နောက်တော့ ချစ်သွားကြတာပဲ။ ဟောအခုဆို မင်းတ်ု့နှစ်ယောက်တောင်မွေးလို့ အိမ်ထောင်ပြုရမယ်၊ ချစ်တာက အနေနီးရင် ဖြစ်တတ်တာ သဘာဝ၊ မင်းသ်ထားရမှာက သဥ္ဇာကိုလက်ထပ်လို့ မင်းဘဝ ဒီထက်တိုးတက်စရာဘာအကြောင်းမှကို မရှိဘူး၊ အေး ကိုမြချစ်တို့သမီးနဲ့ ဆိုရင် မင်းဘဝက အညွှန့်တလူလူနဲ့ နေရမှာ၊ ချမ်းချမ်းသာသာနေရမှာ၊ မင်းသဥ္ဇာနဲ့သာဆို လူကြားထဲသွားရင်တောင်ခွေးတ်ုးပေါက်ကဝင်ရမှာသိလား”
ဖေဖေကတော့ ပက်ပက်စက်စက် ဝေဖန်သည်။ မိဘကို ချစ်ကြောက်ရိုသေသူပီပီ ခံမငြင်းဝံ့။ ငြိမ်ခံခဲ့ရသည်။ ဒီအကြောင်း ညီဖြစ်သူ သန့်လွင်နှင့်တိုင်ပင်တော့ ဟိုက ပြတ်သည်။
“အတွေးမခေါင်ချင်စမ်းပါနဲ့ ကိုကြီးရာ၊ လက်ထပ်ရမှာ ဖေဖေတို့နဲ့မှ မဟုတ်တာ။ကိုယ်စိတ်ချမ်းသာတာ ရွေးစမ်းပါဗျာ၊ သူတို့နဲ့ လက်ထပ်မှ စားရသောက်ရမယ့် ဘဝလည်း မဟုတ်ဘူး၊ ကိုကြီးမှာလည်း လက်နဲ့ခြေနဲ့။ မိန်းမတယောကိကို စိတ်တိုင်းကျရွေးချယ်ပြီး ကိုယ့်လက်ကိုယ့်ခြေ မကျွေးမွေးနိုင်ဘူးလား၊ မစောင့်ရှောက်နိုင်ဘူးလား၊ ကျတော်မြင်တာတော့ မသဥ္ဇာက သဘောကောင်းတယ်၊ စိတ်ထားဖြူစင်တယ်။ အဲ..နဒီကျတော့ ဘယ်လိုစိတ်ထားရှိလဲ ကိုကြီးလည်းမသိသလို ကျတော်လည်း မသိဘူး၊ ကျတော်ကတော့ မသဥ္ဇာဖက်ကဗျာ”
တကယ်တော့ သန့်စင်ကိုယ်တိုင်လည်း သဥ္ဇာဖက်က ပါချင်ချင်ရယ်ပါ၊ မိဘနှင့် ရည်းစားကြား ဗျာများနေသောသန့်စင်တယောက် နောက်ဆုံး ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ မိဘစကား မြေဝယ်မကျနားထောင်ဖို့ပါ။
ချက်ချင်း မသဥ္ဇာဆီ စာတစောင်ရေးခဲ့သည်။ ဖေဖေတို့သဘောကျသူနှင့်ပင် လက်ထပ်တော့မည့်အကြောင်းပါ။သိပ်မကြာခင် မသဥ္ဇာဆီက စာတစောင်ပြန်လာသည်။ စာထဲတွင် သူ့ကို နားလည်ပါသည့်အကြောင်း၊ ဘဝတက်လမ်းအတွက် ရွေးချယ်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် မိဘစကားနားထောင်သည့်အတွက်ခွင့်လွှတ်ပါသည့်အကြောင်းတွေပါ။ ဒီစာဖတ်မိတော့ စိတ်သဘောကြီးမြတ်လှသော သဥ္ဇာအတွက် စိတ်မကောင်းမိပြန်။ သို့သော် ဘာမှမတတိနိုင်။ သည်လိုနှင့် နဒီချစ်နှင့် လက်ထပ်ဖြစ်ခဲ့သည်။
(၃)
မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားလှပါသည်။ မိန်းကလေးရှင်မိဘများက ကျိကျိတက် ချမ်းသာသူများပီပီ သူ့တို့တဦးတည်းသော သမီးလေးကို ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်စေပေးချင်သည်၊ မင်္ဂလာပွဲကို တပွဲတည်းမဟုတ်။နေရာခုနှစ်နေရာခွဲပြီး ခုနှစ်ပွဲပြုလုပ်ချင်တယ်ဆိုတော့ သားဖြစ်သူကို မျက်နှာမငယ်စေချင်သူပီပီ မိန်းကလေးရှင်စိတ်တိုင်းကျ မင်္ဂလာဆောင်ပေးခဲ့သည်။ မင်္ဂလာကုန်ကျစရိတ်အားလုံး ယောကျာ်းလေးဖက်မှ အကုန်ကျခံသည်။ထိုမင်္ဂလာပွဲက သူတို့မြို့တွင် အကြီးကျယ်ဆုံး မင်္ဂလာပွဲဖြစ်လာခဲ့သည်။
“ကဲ အကြီးကတော့စွံသွားပြီ၊ မင်းအလှည့်က ဘယ်တော့လဲ သန့်လွင်”
ညစာစားပွဲတွင် မူးနေသော သူငယ်ချင်းက ဘေးမှာ ထိုင်နေသူ သန့်လွင်ကို လှမ်းစသည်။
“လာမှာပေါ့ကွာ၊ ဖြေးဖြေးပေါ့”
“ဒါနဲ့ နေပါဦး၊ မင်းအစ်ကို သန့်စင်ကတော့ သူဌေးသားမက်ဖြစ်သွားပြီဆိုတော့ ဘာမှစိတ်ပူစရာမရှိတော့ဘူး၊ မင်းကကော အရင်ကောင်မလေးပဲလား၊ ကြည့်လည်း လုပ်ဦးနော်၊ သူက တကောင်ကြွက်၊မိဘ၊ဆွေမျိုး အသိုင်းအဝိုင်းလည်း ဘာမှရှိတာမဟုတ်ဘူး။ မင်းယူပြီးရင်တော့ အဲဒီတာဝန်အားလုံး မင်းခေါင်းပေါ်ကျလာမှာ၊ ဒါလည်း ခေါင်းထဲထည့်ဦး၊ ယူမယ့်ယူတော့ သူဌေးသမီးတယောကိကိုပဲ ရှာယူလိုက်ပါလားကွာ၊ အင်း.. စန္ဒီလည်း မဆိုးပါဘူး၊ မင်အပေါ်လည်း သံယောဇဉ်အတော်ရှိရှာတယ်၊ စံပါယ်ကျတော့ စိတ်ရင်းတော့ ကောင်းပါရဲ့၊ နောက်ခံစီးပွားရေးကအဆင်မပြေဘူးလေကွာ”
တကယ်တော့ စန္ဒီ၊ သန့်လွင်နှင့် ငြိမ်းစံပါယ်တို့က ငယ်သူငယ်ချင်းတွေပါ။ သူတို့ထဲတွင် စံပါယ်က ငယ်ငယ်ကတည်းက ဆင်းရဲသည်။ ချို့တဲ့သည်။ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ရုန်းကန်ခဲ့ရသူ။ စန္ဒီကတော့ တဦးတည်းသော သမီးပီပီ သုံးနိုင်ဖြုန်းနိုင်သည်။ သန့်လွင်ကိုလည်း တော်တော်ချစ်ခင်ရင်းနှီးသည်။ သူငယ်ချင်းများက စန္ဒီကိုရွေးချယိဖို့ အမြဲတိုက်တွန်းပေမယ့် ခေါင်းမာသော သန့်လွင်က လက်မခံ။
“စန္ဒီက ငါ့အပေါ်ကောင်းပါတယ်၊ ဒါပေမယ့် ငါမှသူ့ကို မချစ်တာ၊ ငါချစ်တဲ့သူကိုပဲ လက်ထပ်ယူမယ်ကွာ”
မင်္ဂလာဦးညတွင် သန့်စင်တယောက် မိဘနှစ်ပါးကို ကန်တော့ပြီး နဒီတို့နှင့်လိုက်သွားရသည်။ အစတည်းက သမီးဖြစ်သူကို သူတို့အိမ်တွင် မထားနိုင်ဟု ကြိုတင်သဘောတူပြီးဖြစ်သည့်အလျှောက် ဖေဖေတို့က သားဖြစ်သူကောင်းစားရေးအတွက် ရင်ကွဲခံသည်။ ထို့နောက် အိမ်တွင် သူတို့သားအဖ သုံးယောက်သာ ကျန်ရစ်သည်။
(၄)
နောက်တနှစ်အကြာတွင်တော့ သန့်လွင်တယောက် လက်ထပ်ခဲ့ပါသည်။ ထိုမိန်းကလေးကတော့ ငြိမ်းစံပါယ်ပင်။ မိဘများက သဘောမတူနိုင်ဟု ခါးခါးသီးသီး ငြင်းဆန်သည့်ကြားမှ သန့်လွင်ကလည်း အလျှော့မပေး။
“မေမေတို့ ကျန်တာကြိုက်သလို စီစဉ်ပါ၊ သားအိမ်ထောင်ရေးကိုတော့ သားဘာသာ စီစဉ်ပါ့ရစေ၊ နောက်ပြီး သားစန္ဒီကို လုံးဝလက်မထပ်နိုင်ဘူး”
ဒီလိုအပြတ်ပြောတော့လည်း မိဘများက အတင်းမစီစဉ်တော့။ ဒီသားက အကြီးကောင်သန့်စင်ကဲ့သို့ မဟုတ်ဘဲ တဇွတ်ထိုးလုပ်တတ်သည့်ဉာည်လေး ရှိနေတာကို သိနေလို့ဖြစ်သည်။ နောက်ဆုံးတော့ မကျေမနပ်နှင့် သဘောတူလိုက်ရသည်။ မင်္ဂလာပွဲက ခပ်ရိုးရိုးပင်။ အကျဉ်းရုန်းနှင့် ပြီးစီးသွားသည်။
သန့်လွင်ကတော့ အိမ်ထောင်ကျပြီးကတည်းက မိဘနှစ်ပါးအပေါ် မမှီခိုသင့်တော့ဟု ဆုံးဖြတ်သည်။ ကိုယ်ပိုင်ပုံနှိပ်စက်တခု ကို့ယ့်ဘာသာ ထူထောင်သည်။ နေတာတော့ အိမ်မှာပင် မိဘနှင့်အတူနေသည် ။ မနေလို့လည်း မရ။အိမ်မှာ အားကိုးစရာ သားရယ်လို့ လောက်လောက်လားလား သူတယောက်သာ ကျန်တော့သည်။ ထိုအချိန်တွင်သန့်စင်တယောကိ ယောက္ခမ ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင်တယောက် ဖြစ်နေပါပြီ။ ဘွဲ့ရခဲ့သည့်ဆရာဝန်အလုပ်ပင် မလုပ်တော့ချေ။
(၄)
“ညီလေးရယ် မင်းမလဲ ပင်ပန်းလိုက်တာကွာ”
အိမ်အလည်လာရင်း ချွေးသံတရဲရဲနှင့်စက်ခန်းထဲ အလုပ်များနေသော သန့်လွင့်ကိုမြင်တော့ အားမလိုအားမရပြောသည်။ သန့်လွင်က နဖူးမှချွေးတွေကို ခါးပုံစနှင့် သုတ်ရင်းရယ်၏။
“လုပ်ရမယ် အစ်ကိုရေ၊ အရင်က နှစ်ယောက်စာ၊ အခု သုံးယောက်စာအတွက် ပို ကြိုးစားမှဖြစ်တော့မယ်”
“ဘာရယ်..ဒါဆ်ိုမင်းမိန်းမမှာ ကိုယ်ဝန်လွယ်ထားရပြီပေါ့..ဟုတ်လား”
သန့်လွင်က သဘောကျစွာ ရယ်သည်။
“ဒါပေါ့ အစ်ကိုရ၊ အစ်ကို့လို သူဌေးသားမက်ကတော့ ကိစ္စမရှိဘူးပေါ့၊ ကျတော့်အတွက်ကျတော့ ကလေးတယောက်ဆ်ုလည်း တယောက်ဆိုသလို ကြိုးစားရတာပေါ့၊ ဖေဖေတ်ု့ကလည်း ပင်စင်ယူပြီဆိုတော့ ထောက်ပံ့ရဦးမယ်”
သည်စကားကြားတော့ သန့်စင်တယောက် မလုံမလဲဖြစ်သွားသည်။ နဒီနှင့် အိမ်ထောင်ကျပြီး ကတည်းက အိမ်ကိုပြန်ကြည့်ခဲ့ဖူးသည်မရှိ။ အလည်ပင်တခါတရံမှသာလာသည်။ သန့်လွင်ကတော့ သူ့အမူအရာကို ဂရုမပြုမိဟန်မတူဘဲ ပြောချင်ရာ ဆက်ပြောသည်။
“ဒါနဲ့ အစ်ကိုရော ကလေးမယူသေးဘူးလား”
ထိုစကားကြားတော့ သန့်စင် မချိပြုံးပြုံးမိသည်။
“အိမ်က မိန်းမကတော့ ယူခိုင်းလို့်လဲ မရပါဘူးကွာ၊ ယူလိုက်ရင် အခုပဲပုံပျက်ပန်းပျက်ဖြစ်သွားမယ့်ပုံစံ ပြောနေတာ၊ နောက်ပြီး ကလေးမွေးရမှာလဲ ကြောက်သတဲ့။ ရှင့်ကို မွေးခိုင်းလို့ရလို့ကတော့ ပိုက်ဆံတွေပုံပြီး မွေးခိုင်းချင်တာလို့တောင်ပြောလိုက်သေး”
ဒီစကားကြားတော့ သန့်လွင်က အတောမသတ်ရယ်ပါတော့သည်။
“အစ်ကိုကတော့ဖြစ်ရမယ်၊ ဘယ့်နှယ့် ယောကျာ်းကတောင်ပြန်မွေးပေးရဦးမတဲ့။ ဒါနဲ့ သူ့မိဘတွေကော ဘာမှမပြောဖူးလား”
“ပြောဖို့နေနေသာသာ သူ့သမီးစိတ်ချမ်းသာရင်ပြီးတာပဲတဲ့။ကဲ..ငါဘာပြောရမှာလဲ။ နောက်ပြီး ငါ့စကားက သူတို့မိသားစုထဲ ဘောင်မဝင်ပါဘူးကွာ၊ သူတို့က ပိုက်ဆံချမ်းသာတော့ အရာအရာက်ု ငွေနဲ့စက်ပြီး အလုပ်လုပ်နေကြတာ၊ အများအမြင်မှာတော့ ငါက ကုမ္ပဏီဒါရိုက်တာ၊ပြီးတော့ သူဌေးသားမက်၊အိမ်ထောင်ရေး ကံကောင်းတယ်ဘာညာပေါကွာ၊ အမှန်တော့ ကုမ္ပဏီဒါရိုက်တာဆိုတာ နာမည်ခံသက်သက်ပါ၊ ငါ့ကို ဒီရာထူးပေးတာလည်းစေတနာရှိလွန်းလို့မထင်နဲ့။ကုမ္ပဏီအကြောင်းပြပြီး သူ့သမီးကို ငါတို့အိမ်မှာ မထားခဲ့ချင်လို့်ပါကွာ”
“ဒါလည်းတမျိုးကောင်းပါတယ်အစ်ကိုရာ။ အိမ်မှာ အေးဆေး နေရတာပေါ့ဗျာ”
“အေးတာတော့ ပြောမနေနဲ့။ အားနေ တီဗွီကြညိ့ချင်ကြည့် ဒါမှမဟုတ် ဂေါက်သွားရိုက်ချင်ရိုက်၊ ဒီကြားထဲ သူတို့စီးပွားရေးအသိုင်းအဝိုင်းက လူတွေအကြောင်း ပိုသိလာတော့ စိတ်ကုန်တယ်ကွာ။ ဂေါက်သွားရိုက်တာအကြောင်းပြပြီး ခြံခုန်ချင်တဲ့ လုပ်ငန်းရှင်တွေလည်း မမြင်ချင်မှအဆုံး။ နောက်တော့ သူတို့ချင်းပဲ ကွဲကြကွာကြ၊ရန်ဖြစ်ကြနဲ့ တခုလပ်တွေဖြစ်လို့။ ပိုက်ဆံချမ်းသာနေတာကလွဲရင် တော်တော်စိတ်ပျက်စရာကောင်းတဲ့ အသိုငိးဝိုင်းကြီးပါ၊ဘာပဲပြောပြော မင်းကတော့ ဆုံးဖြတ်ချက်မှန်သွားတာပေါ့လေ”
အစ်ကိုဖြစ်သူစကားကြားတော့ သန့်လွင်တယောက် စိတ်မကောင်းဖြစ်သွားသည်။ အစကတည်းက ကျတော်ပြောသလို ဆုံးဖြတ်ခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဟု ပြောမည့်စကားပင် မပြောဖြစ်တော့။
“ဒါနဲ့ အစ်ကို နေ့လည်စာ စားခဲ့ပြီလား၊ တခါတည်း စားသွားပါလား”
“အေး ကောင်းသားပဲ၊ ငါလည်း ဆိုင်စာတွေပဲ သွားစားရတော့ အိမ်ထမင်းဟင်း မစားရတာကြာပါပြီကွာ”
“ဒါဆို ကျတော်အခုပဲ စံပါယ်ကို ပြင်ခိုင်းလိုက်မယ်နော်”
“အေး အေး”
(၄)
“စားလို့ကောင်းလိုက်တာကွာ၊ ဗိုက်ကို တင်းသွားတာပဲ”
ဗိုကိကို ပွတ်ရင်းပြောတော့ သူတို့စားတာထိုင်စောင့်ရင်း ယပ်ခပ်နေသော စံပါယ်ကပြုံးသည်။
“အစ်ကိုကြီး စားကောင်းတယ်ဆ်ု နောက်ရက်တွေ နေ့တိုင်းလာစားပါလားဟင်၊ စံပါယ်တို့အတွက်က တယောက်စာပိုချက်ရလို့ မပင်ပန်းပါဘူး”
စိတ်သဘောပြည့်ဝလှသော စံပါယ်စကားကြားတော့ အိမ်ကဟာမကြီးမျက်နှာ ကွက်ခနဲ ပြေးမြင်လိုက်သေးသည်။
“စားတာများရှင်၊ အိမ်ကကောင်မလေးတွေ ချက်ခိုင်းပေါ့။ ပိုက်ဆံပေးရင် ဘာစားစားရပါတယ်၊ ကျမချက်မှမဟုတ်ပါဘူး၊နောက်ပြီး ကျမက ချက်တာပြုတ်မှ ဝါသနာမပါဘူးရှင့်၊ ငယ်ငယ်ကတည်းက စားချင်တာရှိရင်ဖေဖေတို့ပြောလိုက်ရုံပဲ၊ရှင်ကိုယ်က အလုပ်မရှိအလုပ်ရှာလို့”
ပြန်ပြောပုံက ထိုင်ရာကထ ဖနောင့်နဲ့ပေါက်ချင်စရာ။ ကိုယ့်မိန်းမအကြောင်း သိနေသူပီပီ ဆက်မပြောတော့ဘဲထမင်းဝိုင်းက ထထွက်လာခဲ့သည်။
ဟော..စံပါယ်ကျပြန်တော့ အိမ်ဖော်အကူခေါ်ပေးမယ်ဆိုတာတောင် လက်မခံ။ကိုယ်တိုင်လုပ်နိုင်ရဲ့သားနဲ့ ဘာလို့ခေါ်မှာလဲကိုသန့်လွင်ရယ်တဲ့။ အပိုကုန်ပါတယ်တဲ့။ ဒီကောင်မလေး အိမ်ထောင်မှုလည်းနိုင်နင်းသည်။ ယောကျာ်းဖြစ်သူ စီးပွားရှာနေတော့ မ်န်းမလုပ်သူက အိမ်အလုပ်ကိစ္စအဝဝတာဝန်ယူသည်။ သူတို့မိသားစုလေးကြည့်ရင်း သဥ္ဇာကိုပင် သတိရလာသလို။ ငါသာ သဥ္ဇာကိုသာ ရွေးချယ်ခဲ့လျှင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဟု မချင့်မရဲ တွေးနေမိသည်။ အခုတော့ ဘာမှမတတ်နိုင်။ ဖြစ်သမျှအကြောင်း အကောင်းဟုသာ သဘောထားရတော့မည်။
(၅)
သန့်လွင်တယောက် ပျော်မြူးနေပါပြီ။ စံပါယ်က သူ့အတွက် သားလေးတယောက်မွေးပေးသည်လေ။ မျကိနှာဝိုင်းဝိုင်းနှင့် ချစ်စရာလေးမို့ သန့်လွင်မှာ ပျော်မြူးမဆုံးနိုင်တော့။ မေမေတို့ကလည်း မြေးဦးမို့ တုန်နေအောင် ချစ်ရှာသည်။
“မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာလေးကွာ၊သန့်လွင်ငယ်ငယ်ကအတိုင်းပဲ”
ဖေဖေက ကလေးကို လက်ကမချတော့။ သွားလေရာ ခေါ်သွားသည်။ အခုတော့ သူတို့ပါးစပ်ထဲ စပါယ်မှ စံပါယ်ဖြစ်နေကြလေပြီ။စံပါယ်လေးကလည်း အနေအထိုင်တော်ရှာပါသည်။ ယောက္ခမကို မိဘရင်းသဖွယ် ရိုသေလေးစားသည်။အပြောအဆို၊အနေအထိုင် တည်ငြိမ်အေးဆေးတော့ အားလုံးက ဝိုင်းချစ်ကြပါသည်။
ခက်တာက သန့်စင်တို့ လင်မယား။ ဝါကျွတ်တာတောင် ဒီလင်မယား လာကန်တော့ဖော်မရ။ ဟိုတနှစ် သင်္ကြန်တုံးကတော့ သန့်စင်တယောက် လက်ဆောင်တွေနှင့် ရောက်ချလာသည်။ နဒီတော့ပါမလာ။ သူငယ်ချင်း မွေးနေ့ရှိသဖြင့် မလိုက်နိုင်ဟု သိရသည်။ ဖေဖေတို့ကတော့ လူကြီးပီပီ ဘာမှမပြောပေမယ့် အိမ်တွငိးရေး အဆင်မပြေတာရိပ်စားမိဟန်တူ၏။ မိဘချင်း သဘောတူပေးစားပြီးမှ အိမ်ထောင်ရေးအဆင်မပြေပြန်တော့ သားဖြစ်သူအတွက်စိတ်မကောင်း။ သန့်စင်ကတော့ လိမ္မာသူပီပီ မိဘစိတ်ဆင်းရဲအောင် မပြောခဲ့ပါ။ သို့သော် သန့်စင်ထက် နှစ်ပေါင်း(၃၀)ကျော် လောကကြီးတွင် ကျင်လည်လာသူပီပီ အခြေနေအရပ်ရပ်ကို အကဲခတ်မိသည်။ အိမ်ထောင်ကျပြီးကတည်းက သူတို့နှင့်လာတွေ့တာ မရှိသလောက် နည်းပါးသည်ကိုး။
(၇)
ထိုတရက်က ဖခင်ဖြစ်သူက ကလေးလေးကိုချီပြီး ဆော့ကစားနေစဉ် သန့်စင်ရောက်လာခဲ့သည်။ မျက်နှာက နီနေသည်မို့ တစုံတခုဖြစ်လာပြီဟု သိလိုက်ကြသည်။
“ကျတော် အိမ်ပေါ်ကဆင်းလာပြီဖေဖေ”
ခရီးရောက်မဆိုက် ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက်ပြောလိုက်သော စကားကြောင့် ဘေးမှာရှိနေသော မေမေပင်ထိတ်ခနဲ ဖြစ်သွားသည်။.
“ဘယ်လိုဖြစ်ရတာလဲသားရယ်”
“မပြောချင်တော့ပါဘူးမေမေရယ်၊ နဒီက အခုကောင်လေးတယောက်နဲ့တွဲနေတယ်၊ သားသိတာကြာပေမယ့် မေမေတို့စိတ်ဆင်းရဲမှာစိုးလို့ မပြောခဲ့ဘူး၊ မနေ့ကတော့ ပါတီကအပြန်မူးလာတဲ့ နဒီကို အဲဒီကောင်လေးက လိုက်ပို့တာသားမျကိစိနဲ့ တပ်အပ်မြင်ခဲ့တာ၊ ယောကျာ်းတယောက်က ဒီလောကိ သည်းခံနေတော့ နဒီက ဖြစိချင်တိုင်းဖြစ်နေတာ၊ ကြာတော့ သားလည်းသည်းမခံချင်တော့ဘူး၊သားသူနဲ့ မပေါင်းချင်လို့ ကွာရှင်းဖို့ ပြောခဲ့ပြီ”
မေမေဘာမှမပြောနိုင်ဘဲ အဖေကြီးကို လှမ်းကြည့်သည်။ ဖေဖေကတော့ ကလေးကိုခဏချပြီး သန့်စင်နားလာထိုင်သည်။
“သား မင်းသေချာဆုံးဖြတ်ပြီးသွားပြီလား”
“သေချာစဉ်းစားပြီးပြီဖေဖေ။ သား ဒီမိန်းမနဲ့ လုံးဝမပေါငိးနိုင်တော့ဘူး”
ဖေဖေတချက်တော့ ငိုင်ကျသွားသည်။ ပြီးမှ သက်ပြင်းကို လေးလေးကြီးချရင်း…
“သား သေချာဆုံးဖြတ်ပြီးရင်လည်း ဖေဖေမတားတော့ပါဘူးကွာ၊ တကယ်တော့ အနေထားချင်း
မတူတဲ့ ဘဝနှစ်ခုကို ပေါင်းစပ်မိခဲ့တဲ့ ငါတို့အပြစ်တွေပါ၊သားကတော့ ကြားထဲက မြေစာပင်ဖြစ်သွားတာပေါ့ကွာ”
” ဖေဖေတို့အပြစ်လည်းမဟုတ်ပါဘူး၊ ဒီမိန်းမကိုက အကျငိ့မကောင်းခဲ့တာပါ၊ သားလည်းမှားခဲ့တာ၊ကိစ္စတခုကို မစူးစမ်းမဆင်ခြင်ဘဲ လုပ်ခဲ့မိတာ၊ သဥ္ဇာသာဆိုရငိ ဒီလိုဖြစ်မှာမဟုတ်ဘူး၊ နဒီကျတော့”
မေမေကတော့ စိတ်ထားနုသူပီပီငိုသည်။ ဖေဖေကတော့ တယောကိတည်းငူငူကြီး ထိုင်နေသည်။ထို့နောက်တွင်တော့ နဒီနှင့် ယတိပြတ် ကွာရှင်းခဲ့ပြီး ဖေဖေတို့နှင့် အတူလာနေသည်။ သန့်စင်ကတော့ အလုပ်မရှိသဖြင့် သန့်လွင်သားလေးကို ကူထိန်းပေးသည်။
(၈)
ထိုနေ့က သန့်လွင်တို့ လင်မယားက အခွင့်ရှိသဖြင့် နယ်ခဏဆင်းရသည့်ရက်နှင့် တိုက်ဆိုင်နေ၍ သန့်စင်ကကလေးကို ကျောင်းကြိုပေးရသည်။ အတန်းမဆင်းသေးသဖြင့် ကျောင်းဘေးက အုတ်ခုံလေးပေါ်ထိုင်စောင့်နေခိုက်။ မိန်းကလေးသံတခု ဘေးနားမှ ကပ်ထွက်ပေါ်လာသည်။
“ဟယ်..သန့်စင်၊ နင်သန့်စင်မဟုတ်လား”
လှည့်ကြည့်လိုက်တော့ ဘယ်လိုမှ ထင်မှတ်မထားသော မျက်နှာလှလှကလေးကို ဖျတ်ခနဲ မြင်လိုက်ရသည်။
“ဟင်..သဥ္ဇာ”
သဥ္ဇာတယောက် ကျောင်းစိမ်းထမိန်လေးကို ချပ်ချပ်ရပ်ရပ် ဝတိထားပြီး လက်ထဲတွင် ဖိုင်တွဲတခုကို ပိုက်ထားသည်။ ကြည်လင်အေးမြနေသော မျက်နှာလေးနှင့် လိုက်ဖက်စွာ နဖူးကိုအပြောင်သိမ်းပြီး ဆံပင်လေးတွေသပ်သပ်ရပ်ရပ် ထုံးဖွဲ့ထားသဖြင့် ကျက်သရေရှိလွန်းလှသည်။
“နင် ကျောင်းကို ဘာလာလုပ်တာလဲ”
“ကလေးလာကြိုတာလေ”
“ဘုရားရေ..နင်က ဘယ်တုန်းက ကလေးရှိသွားတာလဲ၊ ငါလည်း မသိရပါလား”
“ငါ့ကလေးမဟုတ်ဘူးဟ၊ ငါ့ညီသန့်လွင်ရဲ့ သား။ သူ့မိဘတွေ ခရီထွက်နေလို့ ငါလာကြိုပေးတာ၊ ဒါနဲ့ နင်က ဒီမှာကျောင်းဆရာမ ဖြစ်နေတာလား၊ ဘယ်လောက်ကြာပြီလဲ”
“သိပ်မကြာသေးဘူးဟ၊ ခြောက်လလောက်ဘဲ ရှိဦးမှာ၊ ငါအခု ရာထူးတိုးလို့ အထက်တန်းပြဖြစ်နေပြီ”
အသက် သုံးဆယ်ဝန်းကျင်၊ မိပ်ကပ်ခပ်ပါးပါး လိမ်းထားသော မျက်နှာလေးမှာ လွန်ခဲ့သော ငါးနှစ်ကနှင့် မတူအထူးတည်ငြိမ် အေးချမ်းလွန်းလှသည်။သူ့မျက်နှာလေးကိုငေးကြည့်ရင်း ငြိမ်သက်နေသော ကန်ရေပြင်ထဲ ခဲလုံးလေးပစ်ချလိုက်သလို လှိုင်းဂယက်လေးများ ထလာသညိ။
“ဒါနဲ့ နင့် အမျိုးသမီးကော ပါမလာဘူးလား”
“နဒီနဲ့ ငါနဲ့ ဘာမှမဆိုင်တော့ပါဘူးဟာ၊ ငါတို့ကွဲတာ ကြာပါပြီ၊ ဒါနဲ့ နင်ကော အိမ်ထောင်မကျသေးဘူးမလား”
သဥ္ဇာမျကိနှာ ရဲကနဲ ရှက်သွေးဖြာသွားသည်။ “လောလောဆယ်တော့ မကျသေးဘူးပေါ့ဟာ”ဟု ခပ်တိုးတိုးဖြေသည်။ သည်ပုံစံလေးမြင်တော့ ငယ်ငယ်က သူချစ်ခွင့်ပန်တုန်းက အမူအရာလေးကိုပင် သတိရလာသလို။အဖြေပေးတုန်းကလည်း ဒီအမူရာလေးပါပင်။
“ဒါနဲ့ နင့်မိဘတွေကော..အရင်အိမ်မှာပဲလား”
“မဟုတ်တော့ဘူး၊ အခုဝင်ဒါမီယာထဲမှာ၊ မေမေ့ဖက်က အဘွားဆုံးတော့ သူ့ခြံနဲ့ကားအပါအဝင် အတွင်းပစ္စည်းတွေအကုန် အမွေပေးခဲ့တယ်လေ၊ အခု ငါတို့တမိသားစုလုံးအဲဒီမှာ နေတာ”
“ဪ..နင်တို့ အဆင်ပြေနေကြတာကိုး၊ ဝမ်းသာပါတယ်ဟာ၊ ကြုံရင် နင့်ဆီလာလည်ချင်သေးတယ်၊ ပြီးတော့ နင့်ကိုပြောစရာတွေလည်း အများကြီးရှိတယ်၊နောက်ပြီး တောင်းပန်စရာတွေကော”
“တောင်းပန်မယ် ဟုတ်လား”
သဥ္ဇာကသံယောင်လိုက်သည်။
“ဟုတ်တယ်ဟ၊ နင့်ကိုငါတောင်းပန်ချင်သေးတယ်၊ အရင်တုန်းက ငါမှားခဲ့တာတွေ၊ စိတ်ကူးလွဲခဲ့တာတွေ၊ နင်ပြန်လက်ခံမယ်ဆိုရင် ငါ့ဘဝကို အသစ်က ပြန်စဖို့တောင် စိတ်ကူးခဲ့တာ သိလား”
“အိုး”
သဥ္ဇာပါးစပ်က အမှတ်တမဲ့ထွက်လာသည်။ ဒီစကားက ဘယ်သဘောမျိုး သက်ရောက်နေသည်ဆိုတာ အသက်(၃၀)အရွယ်သဥ္ဇာတယောက် ကောင်းကောင်းခန့်မှန်းမိသည်။ တစုံတခုပြန်ပြောမည်ပြုစဉ် သူတို့ဘေးသို့ ကားဖြူလေးတစီး ထိုးရပ်လာသည်။ ကားပေါ်မှာ စပို့စ်ရှပ်အစိမ်းရောင် ဝတ်ထားသော အသားဖြူဖြူလူရွယ်တဦးခပ်သွက်သွက် ဆင်းလာသည်။
“ဪ သဥ္ဇာက မိတ်ဆွေနဲ့ တွေ့နေတာကိုး”
ဆင်းဆင်းချင်း လှမ်းနှုတိဆက်တော့ သဥ္ဇာအမူအရာ ရှက်ကိုးရှက်ကန်ဖြစိသွားသည်။
“ကိုလွင် ရောက်လာတာကိုး။ မိတ်ဆက်ပေးရဦးမယ်။ ဒါက သဥ္ဇာ့သူငယ်ချင်း ကိုသန့်စင်တဲ့။ ကိုသန့်စင် ဒါက ကိုလွင်နောင်၊ ကျောက်မျက်ကုမ္ပဏီက”
သဥ္ဇာက မိတ်ဆက်ပေးတော့ ကိုလွင်နောင်က ပျာပျာသလဲ နှုက်ဆက်သည်။
“ဝမ်းသာပါတယ်ဗျာ၊ ကျတော့်ကို သဥ္ဇာ့ခင်သလို ခင်နိုင်ပါတယ်နော်”
လက်ဆွဲနှုတ်ဆက်ရင်း အပြောအဆ်ု မွန်ရည်အထက်တန်းကျလှသော ကောင်လေးကို အကဲဖတ်နေမိသည်။ သူတို့ချင်း တော်တော်ရင်းနှီးနေဟန်ပါ။ လွင်နောင်ကနှုတ်ဆက်ပြီးသည်နှင့် သဥ္ဇာဖက် လှည့်သွားသည်။
“ဆောရီး..သဥ္ဇာရယ် ကိုယ်ဒီနေ့ နည်းနည်းနောက်ကျသွားတယ်၊ သဥ္ဇာကြိုက်တဲ့ အရောငိလေးတွေ ရွေးနေလို့ကြာသွားတာ၊ အခု ဝတ်စုံသုံးစုံယူလာတယ်။ သဥ္ဇာမကြိုက်ရင်လည်း ပြန်လဲလို့ရတယ်နော်”
“ရပါတယ် ကိုလွင်ရယ်၊ သိပ်ခမ်းခမ်းနားနားမလုပ်ပါနဲ့ဆို”
သဥ္ဇာကအနေခက်စွာပြောတော့ လွင်နောင်က ပြာပြာသလဲဆိုသည်။
“ဟာ..မဟုတ်တာ သဥ္ဇာရယ်၊ မိန်းကလေးဆိုတာ တသက်မှာ တမင်္ဂလာပဲဆောင်ရတာလေ၊ စိတ်တိုင်းကျ ပြောပါ”
သန့်စင် သူတ်ု့အမူအရာ အကဲခတ်ရင်း ဝင်မေးသည်။
“နေပါဦးဗျ၊ ဘယ်သူမင်္ဂလာဆောင်မှာမို့တုန်း”
“ကိုသန့်စင်မသိသေးဘူးထင်တယ်၊ သဥ္ဇာလေဗျာ၊ နောက်လဆို သဥ္ဇာနဲ့ ကျတော် မင်္ဂလာဆောင်ကျတော့မှာ၊ အဲဒီကျရင် ကိုသန့်စင်လည်း ဆက်ဆက်လာခဲ့ရမယ်နော်”
“ဗျာ”
ဒီတခေါက် အာမေဌိတ်သံထွက်လာတာ သန့်စင်ဆီကပါ။ နှလုံးသားက ကျဉ်ကနဲဖြစ်သွားသည်။ စောစောကပြောခဲ့မိသော စကားတို့အတွက် မျက်နှာထူပူပြီး သဥ္ဇာ့ကိုပင် မကြည့်ဝံ့တော့။ သဥ္ဇာက သူ့အမူအရာသတိပြုမိဟန်တူ၏။ စိတိမကောင်းစွာကြည့်ရင်း ခပ်တိုးတိုးနှုတ်ဆက်သည်။
“သဥ္ဇာသွားတော့မယ်နော်”
သန့်စင်ခွန်းတုံ့မပြန်မိ။ လွင်နောင်က သဥ္ဇာပခုံးလေးကို ဖက်၍ လှည့်ထွက်သွားခဲ့သည်။ လှမ်းကြည့်လိုက်တော့ကားပေါ်လှမ်းတက်သွားသည့် သဥ္ဇာ့ခြေဖဝါးလေးတွေကို နောက်ဆုံးအကြိမ် မြင်လိုက်ရသည်။ ကားပေါ်ရောကိတော့ သဥ္ဇာက သူ့ကိုစိတ်မကောင်းသလို လက်ပြနှုတ်ဆက်သည်။ အားယူရင်းသာ ပြုံးပြမိသည်။ မချိပြုံးလေး။
ခဏနေတော့ ကားလေးက သူ့ဘေးမှ ညင်သာစွာ မောင်းထွက်သွားပါ၏။ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ထိအတန်ကြာ ငေးကြည့်ပြီး ကောင်းကင်ကိုအမှတ်တမဲ့ မော့ကြည့်လိုက်မိသည်။ အနီရောင်နောက်ခံအောက်မှ တိမ်ဆုပ်တိမ်လိပ်များ တရွေ့ရွေ့ပြေးလွှားနေသော ကောင်းကင်ပြင်ကြီးကို မြင်၏။
ဪ..နေမင်းကြီးရယ်၊ ကောင်းကင်မှာ အမြဲထွန်းလင်းတောက်ပနေပေမယ့် တိမ်စိုင်တွေဖုံးလွှမ်းနေတဲ့ ငါနှလုံးသားက တခါမှ မမြင်နိုင်ခဲ့ပါလား။ သန့်စင်တိုးတိုးလေး ရေရွတ်မိသည်။
ပြီးပါပြီ။
Author – Dr. Aye Min Htoo
Genre – Short story
Write Reviews
Leave a Comment
No Comments & Reviews