Open 9:00-12:00 AM
+95 92051590

Tag Archive : waxing

6 Nov, 2021 | No Comments

Razor bumps

Razor bumps (သင်တုန်းဓား မွှေးကျွတ်နာ)ဆိုတာ အမွှေးရိတ်တဲ့နေရာမှာ တွေ့ရတဲ့ ဝက်ခြံဆန်ဆန် အဖုတွေကို ခေါ်ပါတယ်။ အမွှေးရိတ်တဲ့အခါ မွေးညင်းပေါက်ကို ပွတ်တိုက်မိခြင်းကြောင့် အခြေမှရှိတဲ့ မွေးညင်းအိတ်ရောင်ရမ်းလာပြီး အဖုရဲရဲလေးတွေ ဖြစ်ပေါ်လာပါတယ်။ Razor bumps ကို ဆေးပညာလို Pseudofolliculitis barbae လို့ခေါ်ပါတယ်။ pseudofolliculitis ဆိုတာ အမှန်တကယ် ပိုးမွှားဝင်ရောက်မှုမရှိဘဲ မွှေးညင်းအိတ်ရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်ဖုလေးတွေ ဖြစ်ပါတယ်။ Razor bumps (သင်တုန်းဓား မွှေးကျွတ်နာ)ဟာ မေးစေ့၊ မေးရိုး၊ ဂျိုင်း၊ ခြေထောက်၊ ဆီးခုံရိုးစတဲ့ အမွှေးကြမ်းရှိတဲ့နေရာတွေမှာပဲ အဖြစ်များတယ်။ အမွှေးရိတ်တာ၊ အမွှေးနှုတ်တာ၊ အမွှေးချွတ်တာစသည်ဖြင့် မွှေးညင်းအိတ်ကို မကြာခဏပွတ်တိုက်မိတဲ့အခါ ရောင်ရမ်းပြီး နီရဲတဲ့အဖုလေးတွေ ဖြစ်ပေါ်လာပါတယ်။ အသားမဲသူ၊ အမွှေးကောက်သူ၊ အမွှေးကြမ်းရှသူတွေမှာ အဖြစ်များပါတယ်။ သက်လတ်အရွယ်ယောကျာ်းတွေမှာ […]