Open 9:00-12:00 AM
+95 92051590

Tag Archive : trunk

Aquagenic urticaria ရေနှင့် ဓာတ်မတဲ့ခြင်း Aquagenic urticaria ဆိုတာ ရေနဲ့ထိပြီး အင်ပြင်ထတာဖြစ်ပါတယ်။ water allergy လည်းခေါ်ပါတယ်။ mast cells ကနေ histamine ထွက်လို့ ယားလာတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့ရနည်းတယ်။ စစ်တမ်းတွေအရ နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း ဒီရောဂါဖြစ်သူ ၃၇ယောက်သာရှိတယ်လို့ ဖော်ပြထားတယ်။ အမျိုးသမီးတွေ အဓိကတွေ့ရပြီး အပျိုဖော်ဝင်စအချိန်တွေ အဖြစ်များတယ်။ ရေအင်ပြင်ထခြင်း (Aquagenic urticaria)ဟာ ချွေးစက်၊ မျက်ရည်၊ မိုးရေ၊ နှင်းစက်၊ ကန်ရေ၊ မြစ်ရေ၊ ပင်လယ်ရေစတဲ့ ရေတစ်မျိုးမျိုးနဲ့ထိတွေ့မှုကြောင့် ဖြစ်တယ်။ cold allergy (အအေးဓာတ်မတဲ့တာ)နဲ့ cholinergic urticaria စတာတွေနဲ့ မတူညီပါဘူး။ aquagenic urticaria ဆိုတာ ရေနဲ့ထိတွေ့ရာကဖြစ်တဲ့ အင်ပြင်တွေကိုပဲ […]

Nevus depigmentosus မွေးရာပါအဖြူမှတ်

Asteatotic eczema ဆိုတာ အသားအရေခြောက်သွေ့ရာက ဖြစ်လာတဲ့ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်လို့ xerotic eczema လည်း ခေါ်တယ်။ အသားအရေပက်ကြားအက်နေလို့ eczema craquelé (ပြင်သစ်စကား)နဲ့ တင်စားပြီး ခေါ်ကြတယ်။ ဒီခြောက်သွေ့အရေပြားနှင်းခူကို ခြေထောက် ညို့သကျည်းတွေမှာ ထင်ထင်ရှားရှား မြင်တွေ့ရတယ်။  ခြောက်သွေ့အရေပြားနှင်းခူ (Asteatotic eczema)ဟာ အပေါ်ဆုံးအရေပြားလွှာ stratum corneum မှာ ရေဓာတ်ခမ်းခြောက်ရာက ဖြစ်ပေါ်လာပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုနဲ့ အဓိက သက်ဆိုင်တယ်။ ဆောင်းရာသီမှာ အတွေ့များတယ်။ လေထုစိုထိိုင်းစနည်းပါးခြင်းက အရေပြားရဲ့ အစိုဓာတ်ကို ထိခိုက်စေလို့ အသားအရေခြောက်ကပ်ပြီး နှင်းခူယားနာကွက်တွေ ဖြစ်ပေါ်လာတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွပ်ဓာတ်နည်းတာ (zinc deficiency) နဲ့ ဖက်တီးအက်ဆစ်အဆီ( essential […]

2 Nov, 2021 | No Comments

Grover disease

Grover disease ဆိုတာ အလွန်ယားယံတဲ့ အနီစက်၊ အရည်ကြည်ဖုတွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။ အလွန်ယားယံပြီး အနီဖုလေးတွေက ရေတိုသာဖြစ်လို့ Transient acantholytic dermatosis လည်း ခေါ်ပါတယ်။ အသက်(၅၀)ကျော် နေလောင်တဲ့ အမျိုးသားတွေမှာ အဖြစ်များတယ်။ ခုခံအားစနစ် နည်းပါးမှုနဲ့ အများကြီးသက်ဆိုင်တယ်။ HIV ရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ အသည်းကျောက်ကပ် အစားထိုးတာ စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ချွေးထွက်များတာ၊ နေလောင်တာ၊ အိပ်ရာထဲကြာရှည်နေတာတွေနဲ့ သက်ဆိုင်တတ်တယ်။  ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရပေမယ့် ချွေးအောင်းတာ၊ ချွေးဂလင်းပျက်စီးရာက ဖြစ်လာတဲ့ အနီဖုတွေ၊ အရည်ကြည်ဖုတွေလို့ ကောက်ချက်ချနိုင်တယ်။ ကင်ဆာဆေး ခီမိုသွင်းတာ၊ BRAF-inhibitors ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ ဆေးဝါးတွေကို လူ့အရေပြားက စွန့်ထုတ်ရာကတဆင့် ချွေးဂလင်းတွေ ထိခိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ […]