Open 9:00-12:00 AM
+95 92051590

Tag Archive : Sweating

2 Nov, 2021 | No Comments

Grover disease

Grover disease ဆိုတာ အလွန်ယားယံတဲ့ အနီစက်၊ အရည်ကြည်ဖုတွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။ အလွန်ယားယံပြီး အနီဖုလေးတွေက ရေတိုသာဖြစ်လို့ Transient acantholytic dermatosis လည်း ခေါ်ပါတယ်။ အသက်(၅၀)ကျော် နေလောင်တဲ့ အမျိုးသားတွေမှာ အဖြစ်များတယ်။ ခုခံအားစနစ် နည်းပါးမှုနဲ့ အများကြီးသက်ဆိုင်တယ်။ HIV ရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ အသည်းကျောက်ကပ် အစားထိုးတာ စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ချွေးထွက်များတာ၊ နေလောင်တာ၊ အိပ်ရာထဲကြာရှည်နေတာတွေနဲ့ သက်ဆိုင်တတ်တယ်။  ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရပေမယ့် ချွေးအောင်းတာ၊ ချွေးဂလင်းပျက်စီးရာက ဖြစ်လာတဲ့ အနီဖုတွေ၊ အရည်ကြည်ဖုတွေလို့ ကောက်ချက်ချနိုင်တယ်။ ကင်ဆာဆေး ခီမိုသွင်းတာ၊ BRAF-inhibitors ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ ဆေးဝါးတွေကို လူ့အရေပြားက စွန့်ထုတ်ရာကတဆင့် ချွေးဂလင်းတွေ ထိခိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ […]

Cholinergic urticaria အင်ပြင်ဖုထခြင်း Cooling the skin surface, antihistamines, leukotriene inhibitors, and immunosuppressives

28 Oct, 2021 | No Comments

Bacne

ကျောပြင်မှာထွက်တဲ့ ဝက်ခြံတွေကို ကျောဝက်ခြံ(bacne)ကို ခေါ်ပါတယ်။ back acne ကို အတိုကောက် bacne လို့ အလွယ်ခေါ်တယ်။ ကျောပြင်မှာဖြစ်တဲ့ ဘယ်ဝက်ခြံမဆို ချွေးပေါက်ပိတ်တဲ့ဝက်ခြံကအစ ရောင်ရမ်းနာဝက်ခြံအဆုံး အကုန်လုံး ကျောပြင်မှာတွေ့ရင် back acne အမျိုးအစားထဲ ထည့်လို့ရပါတယ်။ သို့သော် များသောအားဖြင့် comedones ဝက်ခြံအမျိုးအစားတွေကို ခေါ်ကြတာပါ။ ဘယ်သူတွေဖြစ်ကြလဲ ကျောဝက်ခြံ(bacne)ဟာ ယောကျာ်းလေးတွေမှာတွေ့ရပြီး အားကစားသမားတွေအဖြစ်များတယ်။ ချွေးထွက်လွယ်သူတွေ၊ချွေးပေါက်ကျယ်သူတွေ အဓိကဖြစ်တယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် ထွက်လာတဲ့ ချွေးစေးတွေက အရေပြားကို ပွတ်တိုက်မိပြီး နောက်ကျောဝက်ခြံဖြစ်စေနိုင်တယ်။ ဘော်ဒီလိုးရှင်းနဲ့ ခရင်မ်တွေ မကြာခဏလိမ်းရင်လည်း ဖြစ်တတ်တယ်။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တတ်တယ်။ ဒီဝက်ခြံက အပူအစပ်၊ အဆီအဆိမ့်စားတာနဲ့ သက်ဆိုင်သလို ဟော်မုန်းအပြောင်းလဲကြောင့်လည်း ဖြစ်ပေါ်တတ်တယ်။ ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းကြောင့် ဖြစ်တတ်တယ်။ ပူအိုက်တဲ့နွေရာသီမှာ ပိုတွေ့ရတယ်။ […]