Open 9:00-12:00 AM
+95 92051590

Tag Archive : sebaceous

ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis) ဟာ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ နာတာရှည် အရေပြားရောင်ရမ်းတဲ့ရောဂါတွေကို နှင်းခူ(eczema)အမျိုးအစားထဲ ထည့်ကြတယ်။ နှင်းခူသဘောက အရေပြားရောင်တာ၊ ရဲတာ၊ ယားယံတာနဲ့  ပြန်ဖြစ်တတ်တာ ဖြစ်ပါတယ်။ ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis)ဟာ အဆိုပါအချက်တွေနဲ့ ကိုက်ညီတယ်။ ဒါ့ကြောင့် တချို့က seborrheic eczema လည်း ခေါ်ကြတယ်။ ဖယောင်းဖတ်နှင်းခူ (seborrheic dermatitis) ဟာ အဆီဂလင်းထုတ်လုပ်မှုများတဲ့နေရာတွေမှာ အရေပြားရောင်ရမ်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ Malassezia တစေးမှိုပိုးတစ်မျိုးကြောင့် ဖြစ်တယ်။ အဆီဂလင်းများတဲ့နေရာတွေမှာ အဆိုပါတစေးမှိုတွေ ပေါက်ဖွားနိုင်တယ်။ မှိုပိုးက အဆီ(sebum)ကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်တယ်။ Malassezia မှိုပိုးကို တိုက်ထုတ်ဖို့ ခုခံအားစနစ်က တုံ့ပြန်တဲ့အခါ IL-1, IL-6, IL-8 နဲ့ TNF တွေ မြင့်တက်လာပြီး အရေပြားက […]