အရေပြားဆေးပညာမှာ acne excoriee ဆိုတာ ကုတ်ခြစ်ထားတဲ့ ဝက်ခြံအနာမျိုးကိုခေါ်တာပါ။ Scratch acne (ကုတ်ဖဲ့ဝက်ခြံ)လို့လည်းခေါ်တယ်။ လူနာအများစုဟာ ဝက်ခြံအနာတွေကို မနေနိုင်မထိုင်နိုင် ကုတ်ဖဲ့တတ်ကြပါတယ်။ ပျောက်ရမဲ့ ဝက်ခြံက တော်တော်နဲ့မပျောက်တော့ပဲ ကုရခက်တဲ့ ဝက်ခြံအမာရွတ်တွေ ဆက်လက်ဖြစ်လာတာပဲ။ acne excorieeဆိုတာ ဝက်ခြံစစ်စစ်မဟုတ်ဘဲ ဝက်ခြံနောက်ဆက်တွဲ အနာဖြစ်လာတာကိုခေါ်ပါတယ်။ လေ့လာမှုစာတမ်းတွေအရ စိတ်ဂဏှာမငြိမ်တဲ့ ရောဂါတမျိုး (Obsessive-Compulsive disorder) ရှိသူတွေမှာ ဒါမျိုးဖြစ်တယ်လို့ သင်ကြားခဲ့ရဖူးတယ်။ မြန်မာနိုင်ငံမှာတော့ အားနေရင်မှန်ကြည့်ပြီး ဂရုတစိုက်ကုတ်ဖဲ့နေတဲ့ မိန်းကလေးတွေမှာ ဒီပုံစံမျိုး ပိုတွေ့ရတယ်။ ယောကျာ်းလေးတွေကျတော့ acne vulgaris ရဲ့ နောက်ဆက်တွဲအနေနဲ့ ပိုတွေ့ရတယ်။ Acne excoriee က ကုရခက်တဲ့ထဲမှာမပါဘူး။ သို့သော် စာထဲမှာရေးထားသလို ပုံမှန်ဝက်ခြံကုနည်းအတိုင်းကုလို့တော့မရဘူး။ benzoyl peroxide, azelaic acid, Tretinoin တွေသုံးမိရင် လိမ်းတဲ့နေရာကစပ်ပြီး အနာကပိုရဲတက်ပြီး စပ်လာတယ်။ နဂိုပျောက်ရမယ့်အနာက ပုံမှန်ပျောက်ရမယ့်အချိန်ထက် ၂ပတ်ကနေ တစ်လလောက်ပိုကြာသွားတတ်တယ်။ တကယ်က ဒီလိုဝက်ခြံကုတဲ့အခါ ပုံမှန်မဟုတ်တဲ့ နည်းတွေနဲ့ လှည့်ပတ်ကုရတယ်။ အမြဲကုတ်ခြစ်နေတဲ့လူနာကို မကုတ်ပါနဲ့ပြောတာ လက်တွေ့တော့မကျလှပါဘူး။ ဒီနေရာမှာ ပရိယာယ်နည်းနည်းထည့်သုံးရတယ်။excoriee ဖြစ်တဲ့အနာကို မကုတ်မိအောင် pimple patch တမျိုးမျိုးကပ်ထားပေးလိုက်ရတယ်။ အလားတူ တခြားဝက်ခြံထွက်တဲ့နေရာကို အမြန်ဆုံးပျောက်အောင်ကုသပေးရတယ်။ အကြံပြုချက် ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။