Open 9:00-12:00 AM
+95 92051590

Tag Archive : Ofuji disease

Eosinophilic folliculitis ဆိုတာ မွှေးညင်းအိတ်ဓာတ်တုံ့ပြန်မှု လွန်ကဲရာကဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။အရင်ခေတ်က Ofuji disease လို့ သိကြတယ်။ ဝက်ခြံဖုဆန်ဆန် အရေပြားရောဂါဖြစ်လို့ acneiform dermatosis အမျိုးအစားထဲပါတယ်။ ပြည်ဖု၊အနီဖုလေးတွေက မကြာခဏ ပြန်ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာက ရောင်ရမ်းပြီး ယားယံတတ်တယ်။ ယားတဲ့နေရာက ရဲပြီး ဖောင်းကြွနေတတ်တယ်။ တချို့ မွှေးညင်းအိတ်နေရာမှာ ပြည်ဖုပုံစံ အဖုလေးတွေအဖြစ် စမ်းမိတတ်တယ်။ နဖူး၊ ကျော၊ ရင်ဘတ်၊ ပခုံး စတဲ့နေရာမှာ အစုလိုက် တွေ့ရတယ်။  Eosinophilic folliculitis ဟာ ခုခံအားစနစ် မူမမှန်ဘဲ မွှေးညင်းအိတ်နေရာတွေကို တုံ့ပြန်ရာက ဖြစ်လာတယ်။ တခါတရံ ဆေးဝါးတွေကြောင့် ဖြစ်တတ်တယ်။ HIV ရောဂါနဲ့ lymphomas ကင်ဆာကျိတ်ရှိသူတွေ ပိုဖြစ်နိုင်တယ်။ ခုခံအားနည်းတဲ့သူတွေမှာ ပိုတွေ့ရတယ်။ အသက်သုံးဆယ်ကျော်အရွယ် […]