lichen sclerosus ဆိုတာ ယားယံတဲ့ ငွေရောင် အကွက်တွေ ခြေလက်၊ အင်္ဂါစပ် စတဲ့နေရာတွေမှာ ဖြစ်ပေါ်လာတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။ ကုတ်ခြစ်လိုက်ရင် ပေါက်ပြဲလွယ်တယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့်အသက်(၅၀)ကျော် အမျိုးသမီးတွေမှာ အတွေ့များတယ်။ လက္ခဏာရပ်များ lichen planus အကွက်တွေက ငွေရောင်၊ ပန်းရောင် အမျိုးမျိုး ရှိနိုင်တယ်။ ရေစိုထားတဲ့ တစ်ရှူးစက္ကူလို ရှုံ့တွနေတတ်တယ်။ တချို့ မျက်နှာပြင်အကွက်တွေ ပြောင်တင်းနေတတ်တယ်။ အမျိုးသမီးတွေမှာ အင်္ဂါစပ်အတွင်းပိုင်းနဲ့ စအိုဝစတဲ့နေရာတွေမှာ အဖြစ်များတယ်။ အမျိုးသားတွေမှာ လိင်တံထိပ်အရေပြားပေါ်မှာ ရှိနေတတ်တယ်။ အရေပြားအောက်ခြေက အမာရွတ်(fibrosis)လိုဖြစ်နေတာကြောင့် ဆွဲဆန့်ထားသလို တင်းကျပ်နေမယ်။ ဒါမျိုးရှိရင် လိင်ဆက်ဆံရင် နာကျင်တတ်တယ်။ ဘာ့ကြောင့်ဖြစ်လဲ အကြောင်းရင်းမှန်ကို သေချာမသိရဘူး။ ခုခံအားချင်း ပြန်တိုက်ရာက အောက်လွှာက ရှုံ့တွသွားပြီး အမာရွတ်လိုဖြစ်ကျန်ရာက ဖြစ်ကျန်တတ်တယ်။ မျိုးဗီဇ၊ စိတ်ဖိစီးမှု၊ […]
Lichen planus (လိုင်ကန် ချပ်ပြားနာ) ဆိုတာ အရေပြားပေါ်မှာ ပန်းရောင် အဖုချပ်ပြင်တွေ နေရာကွက်ကြားဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။ စမ်းကြည့်ရင် ခပ်မာမာအဖုလေးတွေ အကွက်လိုက် တွေ့ရတယ်။အရေပြားဆေးပညာသင်တော့ Lichen Planus ကို 6P ခြောက်လုံးတွဲအဖြစ် ကျက်မှတ်ရတယ်။ purple(ခရမ်းရောင်), Papule (အဖု), plaque (အချပ်လွှာ), planar (အပြားလိုက်), polygonal (လေးထောင့်ပုံ), Pruritis(ယားယံခြင်း)စတဲ့ ဝိသေသတွေ ရှိတယ်လို့ သင်ကြားခဲ့ရတယ်။ လက်တွေ့မှာတော့ အရေပြားပုံစံတွေ တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် ဒီဘောင်အတွင်းရှိတဲ့ အရေပြားပုံစံတွေတွေ့ရင် Lichen Planus လို့ သိရှိနိုင်တယ်။ ဒီအရေပြားရောဂါဟာ လက်ကောက်ဝတ်၊တံတောင်ဆစ်နဲ့ ကျောအောက်ပိုင်းတွေ အဖြစ်များတယ်။ ခြေလက်တွေမှာဖြစ်ရင် တချို့ယားတတ်တယ်။ ပါးစပ်တွင်း သွားဖုံး၊ နှုတ်ခမ်း၊ လျှာစောင်း နဲ့ ပါးစောင် စတဲ့နေရာတွေမှာ ဇာပေါက်ပုံ […]