Open 9:00-12:00 AM
+95 92051590

Tag Archive : makeup

Foundation နဲ့ BB cream ဘာကွာခြားလဲ Foundation ဆိုတာ မိတ်ကပ်ရည်တမျိုးဖြစ်ပြီး BB cream ကတော့ မိတ်ကပ်သားပါတဲ့ လိမ်းဆေးခရင်မ်  တမျိုး ဖြစ်ပါတယ်။ ဒါဆို ဒီနှစ်မျိုးဘာကွာခြားသလဲ။ အလွယ်ဆုံးနားလည်လွယ်အောင် ပြောရရင် ပါဝင်ပစ္စည်း၊ ဖော်မြူလာနဲ့ဖုံးကွယ်နိုင်စွမ်းတွေ ကွာခြားသွားတယ်လို့ပြောရမယ်။ BB cream ကို “Blemish Balm” သို့မဟုတ် “Beauty Balm” ခေါ်တယ်။ အမဲစက်တွေကို ဖုံးကွယ်နိုင်စွမ်း အးကောင်းတယ်။ tinted moisturizer ထက် အမဲစက်ဖုံးကွယ်မှု ပိုကောင်းနေမယ်။ အရောင်ပါအစိုဓာတ်ထိန်းပစ္စည်း (tinted moisturizer) ထက်ပိုပျစ်ပါတယ်။ သို့သော် မိတ်ကပ်ရည် (foundation) လောက် မထူပါ။ မိတ်ကပ်သား မပါဝင်ပါ။  အားသာချက်က နေလောင်ကာနိုင်မှု ပိုကောင်းတာနဲ့ အသားအရေ ပြုပြင်နိုင်တဲ့ ပစ္စည်းပိုပါတာဖြစ်တယ်။ ပုံမှန်အားဖြင့် BB သုံးရင် မိတ်ကပ်လိမ်းထားမှန်း သိပ်မသိသာဘူး။ အောက်ခံအရောင်က ခပ်ပြေပြေ ခပ်ဖျော့ဖျော့သာ ဖြစ်နေမယ်။ အာနိသင်တွေက စုံပါတယ်။ အစိုဓာတ်ထိန်းတယ်။ နေလောင်ကာတယ်။ အရေပြား အိုမင်းရင့်ရော်မှုကို  ကာကွယ်ပေးတယ်။ serum, moisturiser, primer, foundation နဲ့ sunblock စတဲ့အာနိသင်တွေ  တစုတည်း ပေါင်းထားတဲ့ သဘောဖြစ်လို့အချိန်ကုန်သက်သာတယ်။ အမဲစက်၊ အမာရွတ်ကွက်တွေ ခပ်ပါးပါးဖုံးနိုင်တယ်။ တချို့ BB ေတွက primer ပါပြီးသားမို့ တဆင့်တည်းလိမ်းရုံနဲ့ ပြီးတယ်။ bb လိမ်းတဲ့အခါ လက်ချောင်း၊မိတ်ကပ်ဖော့၊ စုတ်တံ မိမိနှစ်သက်ရာနဲ့လိမ်းပေးနိုင်တယ်။ ယေဘုယျအားဖြင့် BB cream တမျိုးဟာ ကာလာ ၂-၄ ရောင်လောက်သာ လာလေ့ရှိတယ်။ မိတ်ကပ်ရည် (foundation)တွေကတော့  မျက်နှာအမဲစက်၊ အပြစ်အနာအဆာ ဖုံးကွယ်နိုင်စွမ်းမှာ ပိုကောင်းတယ်။ မိတ်ကပ်သား ပိုများသလို ပိုပျစ်တယ်။ အရောင်ထူတယ်။ လိမ်းထားရင် အသားဖြူတယ်။ အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်စွမ်း ပိုအားကောင်းတယ်။ အရည်အပျစ်အကျဲပေါ်မူတည်ပြီး foundation အမျိုးအစား လေးမျိုးရှိတယ်။  (၁) sheer cover makeup (၂) light cover makeup (၃) medium cover makeup (၄) […]

ရေမြှုပ်ဥ ရွေးချယ်ခြင်း ပန်းရောင်  မူရင်း beautblender တစ်မျိုးဖြစ်တယ်။ beautblender ကို မိန်းကလေးတွေက ရေမြှုပ် သို့မဟုတ် “ဥ”လို့ သုံးတယ်။ပန်းရောင်ဟာ မိတ်ကပ် primers, foundations, powders, cream blushes, နဲ့  အရောင်ပါတဲ့ ပစ္စည်းတွေ မျကိနှာပေါ်လိမ်းဖို့အသုံးဝငိတယ်။ ပန်းရောင်ဥ သုံးခြင်းအားဖြင့် အက်ကြောင်းရာမပေါ်ဘဲ ညီညာစေတယ်။  ဘာ့ကြောင့် ပန်းရောင်ဥ (pink blender) ကို သုံးသလဲ။  ရေပြန်ဆေးတဲ့အခါ  အဆင်ပြေလို့ဖြစ်တယ်။ တချို့မိတ်ကပ် ပညာရှင်တွေ ကတော့ သုံးတာကြာပြီး အရောင်လွင့်လာရင် အသစ်တစ်ခုပြောင်းပါလို့ အကြံပေးတယ်။ beautyblender pro ဆိုတာ original blender ထက်မျက်နှာပြင် ပိုကြမ်းတယ်။ အဖြူရောင် skincare တွေ လိမ်းတဲ့အခါ အသုံးပြုဖို့ ထုတ်ထားတယ်။ အဖြူရောင်ဥက ဆိုးဆေးမပါဘူး။ နောက်အသုံးဝင်တဲ့တချက်က sensitive skin သမားတွေ ဆိုးဆေးဓာတ်မတဲ့တာ ရှိတဲ့အခါ အဖြူရောင်ဥကိုသာ ရွေးကြတယ်။ ပုံမှန်အားဖြင့် serums, essence, ampoule, creams တွေ လိမ်းတဲ့အခါ အသုံးပြုကြပါတယ်။ မကောင်းတဲ့အချက်က အဖြူရောင်ဖြစ်တဲ့ အတွက်ညစ်လွယ်တယ်။ မကြာခဏပြောင်းသုံးရလို့ တချို့က စိတ်မရှည်ကြဘူး။ အနက်ရောင် အနက်ရောင် ရေမြှုပ်ကို beautyblender pro လို့ ခေါ်ကြာတယ်။ တကယ့် ပရော်ဖက်ရှင်နယ် မိတ်ကပ် ပညာရှငိတွေ အဓိကသုံးတယ်။ တခုကို ဒေါ်လာ ၂၀-၃၀ကြားထိ ရှိတယ်။ အနက်ရောင်ရောင်နဲ့ သုံးရင် မိတ်ကပ်ရောင်ကို ပိုမိုထင်ဟပ်စေတယ်လို့ ဆိုတယ်။ original ပန်းရောင်ရေမြုပ်ထက် မျက်နှာပြင် ကြမ်းတယ်။ ကိုင်ရတဲ့ ခပ်မာမာနေတယ်။ ကျွမ်းကျင်မိတ်ကပ်ပညာရှင် မဟုတ်ရင် သုံးရခက်တယ်လို့ဆိုတယ်။ အသားရောင် နောက်ဆုံးမှပေါ်တဲ့ ရေမြှုပ်ဥဖြစ်တယ်။ အနက်ရောင်ထက် ပိုပေါ့သလို တခြားရေမြှုပ်ဥတွေထက် ပိုပျော့တယ်။ ကောင်းတာက အဖြူရောင်ဥလို ရေပြန်ဆေးရင်ဆိုးဆေးတွေ ထွက်မလာတာဖြစ်တယ်။ ဒါ့ကြောင့် nude လို့လည်း ခေါ်တယ်။ အနီရောင် (Red beautyblender ) red carpet set လို့လည်း ခေါ်တယ်။ ဒီရေမြှုပ်ဥကို Sephora နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပန်းရောင်နဲ့ တူတယ်။မိတ်ကပ်သုံးဖို့ ထုတ်ထားတာပဲ။ ကားတွေဆေးသုတ်တဲ့အခါ သုံးတဲ့ လေမှုတ်ဆေးဖြန်းသလို အနီရောင်သုံးရင် ညီညာအောင် ပြုလုပ်ပေးတယ်ဆိုတယ်။ ပန်းရောင်အတိုင်း ရေဆေးရင် အနီရောင်ဆိုးဆေးတွေ ထွက်လာပါတယ်။ ခရမ်းရောင် Beautyblender royal လို့ တင်သားကြတဲ့ ဒီအမျိုးအစားဟာ အနီရောင်ရေမြှုပ်ဥနဲ့ အသုံးဝင်ပုံချင်းတူတယ်။ မတူတာကlimited edition အနေနဲ့ ထုတ်တာဖြစ်ပါတယ်။  အဝါရောင် Beautyblender နဲ့ Supergoop ကုမ္ပဏီတို့ပေါင်းစပ်ပြီး ဒီအဝါရောင် limited-edition ကို ထုတ်လိုက်တယ်။ beautyblender.com မှာပဲ ဝယ်ယူရရှိနိုင်ပြီး Supergoop! sunscreen သုံးတဲ့အခါ အဝါရောင် lemon mini sponge နဲ့ သုံးဖို့ လက်ဆောင်ထည့်ပေးတတ်တယ်။ ဒါ့ကြောင့်  sunblock နေလောင်ကာလိမ်းဖို့ ထုတ်ပေးထားတာလို့ ပြောလို့ရတယ်။ အနှစ်ချုပ် ရွေးနည်း အဖြူရောင် – skin care အတွက် ပန်းရောင် – မိတ်ကပ်သားဖျော့တာအတွက် အနက် – မိတ်ကပ်သားရင့်တာ လိမ်းဖို့ အစိမ်း – highlight , contour ဒေါက်တာအေးမင်းထူး