Allergic contact cheilitis ဆိုတာ နှုတ်ခမ်းဓာတ်မတဲ့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဓာတ်မတဲ့တဲ့ပစ္စည်း(allergic)တစ်မျိုးကို contact ထိတွေ့ရာက နှုတ်ခမ်းရောင်ခြင်း(cheilitis)ဖြစ်လာတယ်။ ဓာတ်မတဲ့ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (allergic contact dermatitis) အမျိုးအစားထဲမှာပါတယ်။ သတိပြုရမှာက irritant dermatitis လို ပွန်းတိုက်မိလို့ ဖြစ်တဲ့ နှုတ်ခမ်းရောင်တာမျိုး မဟုတ်ပါဘူး။ ဒီရောင်ရမ်းမှုဟာ type IV hypersensitivity reaction အဆင့်(၄) ဓာတ်တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တကယ်တော့ မတဲ့တဲ့ဓာတ်(allergen)တစ်မျိုးဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိနှင့်ပြီးဖြစ်တယ်။ ဒီိလို allergen ပါတာကို ထိတွေ့ရာက နှုတ်ခမ်းသားက ဖူးရောင်လာပါတယ်။နှုတ်ခမ်းရောင်တဲ့အခါ နှုတ်ခမ်းသားအပြင်ဖက် (vermilion margin)တွေမှာ အဖြစ်များတယ်။ နှုတ်ခမ်းဓာတ်မတဲ့တာဟာ ဆယ်ကျော်သက် မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိန်းကလေးတွေမှာ နှုတ်ခမ်းနီဆိုးပြီး ဖြစ်ကြတယ်။ ယောကျာ်းလေးတွေမှာ […]
Pomade acne (ခေါင်းလိမ်းဆီဝက်ခြံ)ဆိုတာ ဆံပင်ပုံသွင်းတဲ့ လိမ်းဆေးထုတ်ကုန်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဝက်ခြံအဆီဖုတွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဒီဝက်ခြံဖုတွေဟာ နဖူး၊ နားထင်နဲ့ နားသယ်စပ် စတဲ့နေရာတွေမှာ အဖြစ်များတယ်။ တခါတရံ hairline acne လည်း ခေါ်ကြတယ်။ ခေါင်းလိမ်းဆီနှင့် တခြားဂျယ်လ်တွေမှာ ပုံသွင်းလွယ်အောင် ဖယောင်းဆီ(waxy)နဲ့ ပျစ်ခဲ့တဲ့ အဆီရည်တွေထည့်သွင်းလေ့ရှိပါတယ်။ အဆိုပါအဆီတွေကြောင့် မွှေးညင်းပေါက်ပိတ်တတ်တယ်။ ခေါင်းလျှော်ရည်မှာပါတဲ့ အမြှုပ်ထွက်ဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဆံပင်ထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေက ဆံပင်အတွက် အန္တရာယ်မရှိပေမယ့် အရေပြား မွှေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဝက်ခြံအဖုတွေ ထွက်လာတယ်။ သတိပြုသင့်သည့် ပါဝင်ပစ္စည်းများ ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည် နဲ့ pomade ထဲမှာ အောက်ပါပစ္စည်းတွေက ဖြစ်စေနိုင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။ လက္ခဏာရပ်များ ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ သုံးတဲ့နေရာတွေမှာ […]