Miliaria profunda (အသားဖုမိတ်ထွက်ခြင်း) မိတ်ထွက်တာကို heat rash လို့ ခေါ်ပါတယ်။ “prickly heat” ၊ “summer rash” ၊ “Sweat rash” စသည်ဖြင့် အမျိုးမျိုး သုံးကြတယ်။ ဆေးပညာမှာ miliaria လို့ သုံးနှုန်းတယ်။ ပူအိုက်တဲ့ရာသီ (အထူးသဖြင့် နွေရာသီ)မှာ ယားယံတဲ့ အနီစက်အဖုအပိန့်တွေထွက်ရင် မိတ်လို့ ယေဘုယျပြောနိုင်ပါတယ်။ မိတ်ထွက်တဲ့အခါ အနီစက်၊အနီဖုသေးသေးလေးတွေကနေ အနီကွက်ကြီးတွေ ထိဖြစ်လာနိုင်တယ်။ ဧရိယာကျယ်လာတာနဲ့အမျှ အရေပြားရောင်တာ၊ ရဲတာ၊ ယားတာ၊ ပူစက်ပူလောင်နေတာမျိုး ရှိတယ်။ ချွေးအောင်းပြီး အရည်ကြည်ဖုထတဲ့မိတ်လည်း ရှိပါတယ်။ ဘာ့ကြောင့်မိတ်ထွက်လဲ လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ချွေးဂလင်းတွေထောင်နဲ့ချီပြီး ရှိပါတယ်။ ပြင်ပအပူချိန်များတဲ့အခါ အရေပြားအေးမြသွားအောင် ချွေးထုတ်ပြွန်တွေက ချွေးထုတ်ပေးရတယ်။ ပူပြင်းတဲ့နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ချွေးထွက်များတယ်ဆိုတာ ဒီသဘောပဲ။ […]
Herpes simplex ရေယုန်ဖုပေါက်ခြင်း
Fixed drug eruption ဆေးမတဲ့သည့် အမဲကွက်
Club Med Dermatitis (Mexican Beer Dermatitis) အပင်ကြောင့် အသားလောင်ခြင်း ရှောက်ရည်( သို့မဟုတ်) သံပုရာရည် အလွန်အကျွံလိမ်းခြင်းက အရေပြားမဲစေနိုင်.. ရှောက်ရည်မှာပါတဲ့ ဓာတုပစ္စည်းနဲ့ နေရောင် ဓာတ်ပြုရာက အမဲကွက်ဖြစ်တာကို phytophotodermatitis သို့မဟုတ် Mexican Beer Dermatitis လို့လည်း ခေါ်ပါတယ်။ အရင်ခေတ်က Club Med Dermatitis လို့ခေါ်တယ်။ အပြင်ပန်းက ကြည့်လိုက်ရင် အရေပြားမှာ အမဲကွက်( ကြေးမတွန်းလို့ ဖြစ်တဲ့အကွက်)နဲ့တူတယ်။ အမှန်က citric acidပါတဲ့ ဓာတုပစ္စည်းနဲ့ နေရောင် ဓာတ်ပြုရာကဖြစ်တာမျိုးပါ။ ဒါ့ကြောင့် အိမ်သုံးအသားဖြူနည်းတွေမှာ ရှောက်ရည် သို့မဟုတ် သံပုရာရည် သုံးတဲ့အခါ သတိထားသင့်ပါတယ်။ ဒေါက်တာ အေးမင်းထူး အရေပြားအထူးကုဆရာဝန်