Keloid Scar (ကျပ်ခဲအမာရွတ်) Keloid scar (ကီးလွိိုက် အမာရွတ်)ဆိုတာ အနာဖြစ်ပြီးနောက်တွင် အရေပြားပေါ်တွင် ပုံမှန်ထက်ပို၍ ကြီးထွားသည့် အရေပြားနှင့် fibrous tissues များကြောင့် ဖြစ်ပါတယ်။ Keloid အမာရွတ်ဟာ hypertrophic အမာရွတ်ထက် ပိုမိုကြီးထွားပြီး အနာဖြစ်ရာနေရာကို ကျော်လွန်ကာ အနီးတဝိုက်ရှိ အရေပြားအပိုင်းများတွင်လည်း ဖြန့်ကျက်လာနိုင်ပါတယ်။Keloid တွေဟာ အရေပြားထိခိုက်မှုများကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ ဝက်ခြံအနာ၊နာတာရှည် ယားနာနဲ့ ခွဲစိတ်ကုသတဲ့ အနာတွေမှာ Keloid များဖြစ်ပေါ်လေ့ရှိတယ်။ လက္ခဏာရပ်များ —————- (၁) အမာရွတ်ကြီးထွားမှု Keloid အမာရွတ်တွေဟာ ပုံမှန် အနာကျက်ကာလအပြီးတွင် ပိုမို ကြီးထွားလာပြီး အနာဖြစ်ရာနေရာကို ကျော်လွန်ကာ ပေါ်ထွက်လာပါတယ်။ (၂) အရောင်ပြောင်းခြင်း Keloid အမာရွတ်ဟာ ပုံမှန်အရေပြားအရောင်ထက် ပိုမိုရင့်သော အရောင်ဖြင့်ပေါ်ထွက်လာတတ်တယ်။ ပန်းရောင်၊ […]
Pityriasis rubra pilaris (ဆယ်လမွန် အရေပြားနာ) ဆိုတာ ပန်းရောင်၊ လိမ္မော်ရောင် အကွက်တွေ အရေပြားမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တံတောင်၊ ဒူးခေါင်း၊ ခြေကျင်းဝတ် စတဲ့နေရာတွေ ဖြစ်တယ်။ ထူးခြားချက်က ခြေဖဝါး၊ လက်ဖဝါးတွေ နီရဲပြီး ထူထူကြမ်းကြမ်းကြီးဖြစ်နေတာပါ။ lichen acuminatus လည်း ခေါ်ပါတယ်။ ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ အရေပြားက ဆယ်လမွန်ရောင်ထနေပြီး အရေခွံကွာတယ်။ ယားယံတတ်တယ်။ မွှေးညင်းပေါက် ကရာတင်ဆဲလ် ပိတ်ဆို့မှုကြောင့် ကြာဆူးဆန်ဆန်အဖုလေးတွေ တွေ့ရတတ်တယ်။ ဒီရောဂါဟာ psoriasis (ထပ်တရာနာ)နဲ့ မှားတတ်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲ ဒီရောဂါ ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရဘူး။ တချို့မှာ မျိုးဗီဇ မွေးကတည်းက ပါလာလို့ဖြစ်တယ်။ မျိုးဗီဇပါလာရင် ငယ်ငယ်တည်းက စဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက် တစ်သက်လုံးဖြစ်နိုင်ပါတယ်။တချို့ရောဂါငုတ်တာလည်းရှိတတ်တယ်။ adult onset အသက်ကြီးမှ […]
Flea bite လှေးကိုက်ခြင်း Treatment – Ice packs, Calamine lotion, anaesthetic cream, antihistamine cream or oral medications