Mask acne ဆိုတာ မျက်နှာဖုံး(face mask)အုပ်တဲ့နေရာတွေမှာ ဖြစ်တဲ့ ဝက်ခြံတွေကို ခေါ်ပါတယ်။ ကိုဗစ်ကာလတွေမှာ နေ့စဉ် face mask အသုံးပြုရာက မျက်နှာဖုံးနဲ့ ပွတ်တိုက်တဲ့နေရာတွေဟာ ထိခိုက်ပြီး မွှေးညင်းပေါက်ပိတ်ဆို့ကာ maskne (မျက်နှာဖုံးဝက်ခြံ)တွေ ပေါ်ပေါက်လာပါတယ်။ စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေကလည်း maskne ကို ပိုတိုးစေနိုင်တယ်။ maskne ဘာကြောင့် ထွက်လာသလဲ Face mask အသုံးပြုခြင်းအားဖြင့် ပူနွေးစိုစွတ်တဲ့လေဟာ မျက်နှာဖုံးများအောက်ဖက်မှာ ပိတ်မိနေပါတယ်။ ဒီအခြေအနေဟာ ဗက်တီးရီးယားပေါက်ဖွားဖို့ အကောင်းဆုံးအခြေအနေကို ဖန်တီးပေးတယ်။ ပွတ်တိုက်မှု၊ အရေပြားထိခိုက်မှုနဲ့ စိုထိုင်းစများလာခြင်းဟာ mask အတွင်းပိုင်း အရေပြားကို အလွယ်တကူ ပျက်စီးစေပြီး ဝက်ခြံတွေ ထွက်လာပါတယ်။ စိုထိုင်းစ မြင့်တက်လာခြင်းနဲ့အတူ dermatitis အရေပြားရောင်ရမ်းတာနဲ့ folliculitis မွှေးညင်းပေါက်ရောင်ရမ်းတာ […]
Callus ဆိုတာ အသားမာတက်တာကို ခေါ်ပါတယ်။ ခြေထောက်တွေမှာ အဖြစ်များတယ်။ ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်းကြောင့် အရေပြားက ထူထဲပြီး မာကျောလာပါတယ်။ အချိန်ကြာလာတဲ့အခါ အသားမာအဖြစ် ပြောင်းလဲလာပါတယ်။အရေပြားပေါ် ဖိအားသက်ရောက်တဲ့နေရာမှန်သမျှ ဖြစ်နိုင်တယ်။ အထူးသဖြင့် အရိုးနဲ့ပွတ်တိုက်မိတဲ့ ခြေဖဝါးအပိုင်းနေရာတွေက ဒဏ်ဖြစ်ပြီး အသားမာတက်လာနိုင်ပါတယ်။ ခြေဖဝါးအသားမာတက်ရင် plantar callus ခေါ်ပါတယ်။ ခုံးတဲ့ ခြေဖဝါးရှေ့ပိုင်းက အဖြစ်များဆုံးနေရာဖြစ်ပါတယ်။ လက်ဖဝါးတွေမှာ တွေ့ရတဲ့ အသားမာကို palmar callus ခေါ်ပါတယ်။ တယောသမားရဲ့ မေးစေ့မှာလည်း အသားမာ(callus) တည်နိုင်တယ်။ violinist’s chin ခေါ်ပါတယ်။ ဂစ်တာတီးသူတွေလည်း လက်အသားမာ ဖြစ်လေ့ရှိပါတယ်။ အသားမာ(callus)ရဲ့ လက္ခဏာရပ်တွေက ဆဲလ်သေ အထပ်ထပ်ပိတ်ဆို့ထားလို့ အရေပြားထူပြီးမာနေမယ်။ ဧရိယာကျယ်တယ်။ ဖိရင် နာကျင်မှု မရှိဘူး။ ထိတွေ့မှုအာရုံ […]