Open 9:00-12:00 AM
+95 92051590

Tag Archive : heat rash

Heat rash (prickly heat) အပူမိတ်ထခြင်း မိတ်ထွက်တာကို heat rash လို့ ခေါ်ပါတယ်။ “prickly heat” ၊ “summer rash” ၊ “Sweat rash” စသည်ဖြင့် အမျိုးမျိုး သုံးကြတယ်။ ဆေးပညာမှာ miliaria လို့ သုံးနှုန်းတယ်။ ပူအိုက်တဲ့ရာသီ (အထူးသဖြင့် နွေရာသီ)မှာ ယားယံတဲ့ အနီစက်အဖုအပိန့်တွေထွက်ရင် မိတ်လို့ ယေဘုယျပြောနိုင်ပါတယ်။ မိတ်ထွက်တဲ့အခါ အနီစက်၊အနီဖုသေးသေးလေးတွေကနေ အနီကွက်ကြီးတွေ ထိဖြစ်လာနိုင်တယ်။ ဧရိယာကျယ်လာတာနဲ့အမျှ အရေပြားရောင်တာ၊ ရဲတာ၊ ယားတာ၊ ပူစက်ပူလောင်နေတာမျိုး ရှိတယ်။ ချွေးအောင်းပြီး အရည်ကြည်ဖုထတဲ့မိတ်လည်း ရှိပါတယ်။  ဘာ့ကြောင့်မိတ်ထွက်လဲ လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ချွေးဂလင်းတွေထောင်နဲ့ချီပြီး ရှိပါတယ်။ ပြင်ပအပူချိန်များတဲ့အခါ အရေပြားအေးမြသွားအောင် ချွေးထုတ်ပြွန်တွေက ချွေးထုတ်ပေးရတယ်။ ပူပြင်းတဲ့နွေရာသီမှာ ပုံမှန်ထက်ပိုပြီး […]