Open 9:00-12:00 AM
+95 92051590

Tag Archive : HCV

Cutaneous Polyarteritis nodosa အရေပြားအောက် သွေးကြောရောင်ခြင်း

Granuloma annulare စက်ဝိုင်းပုံ အသားမာကွင်း Granuloma annulare ဆိုတာ စက်ဝိုင်းကွင်းပုံစံရှိတဲ့ ခဲခဲအသားမာကျိတ်ဖုတွေကို ခေါ်ပါတယ်။  အရေပြားအောက်လွှာ(dermis) နာတာရှည်ရောင်ရမ်းမှုကြောင့် အဓိကဖြစ်တယ်။ အရေပြား နာတာရှည်ရောင်ရမ်းမှုကြောင့် annulare ကွင်းပုံစံရှိတဲ့ granuloma အသားမာကျိတ်ခဲတွေဖြစ်ခာပါတယ်။ ဖြစ်စမှာ စက်ဝိုင်းပုံပန်းရောင်၊ အညိုရောင်၊ ခရမ်းရောင်ကွင်းတွေ ရှိတယ်။ စက်ဝိုင်းကွင်းတွေက တစ်ခုမက ဖြစ်နိုင်တယ်။ လက်ဖျံ၊ တံတောင်၊ လက်ချောင်း၊ ခြေထောက်စတဲ့နေရာတွေမှာ ဖြစ်တာများတယ်။ တခါတရံ ကွင်းပုံစံက ပိုမိုကျယ်ပြန့်လာပြီး ကြည့်ရဆိုးတတ်တယ်။ ဒီလိုပုံစံတွေက မှိုပိုးဝင်တာနဲ့ မှားယွင်းတတ်တယ်။ Granuloma annulare (စက်ဝိုင်းပုံ အသားမာကွင်း)တွေက အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်၅၀တန်းတွေ ပိုဖြစ်ကြတယ်။ autoimmune disease ခုခံအားတုံ့ပြန်မှု လွန်ကဲရာက အဓိကဖြစ်တတ်တယ်။ rheumatoid arthritis (RA), systemic […]

2 Nov, 2021 | No Comments

Lichen planus

Lichen planus (လိုင်ကန် ချပ်ပြားနာ) ဆိုတာ အရေပြားပေါ်မှာ ပန်းရောင် အဖုချပ်ပြင်တွေ နေရာကွက်ကြားဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။ စမ်းကြည့်ရင် ခပ်မာမာအဖုလေးတွေ အကွက်လိုက် တွေ့ရတယ်။အရေပြားဆေးပညာသင်တော့ Lichen Planus ကို 6P ခြောက်လုံးတွဲအဖြစ် ကျက်မှတ်ရတယ်။ purple(ခရမ်းရောင်), Papule (အဖု), plaque (အချပ်လွှာ), planar (အပြားလိုက်), polygonal (လေးထောင့်ပုံ), Pruritis(ယားယံခြင်း)စတဲ့ ဝိသေသတွေ ရှိတယ်လို့ သင်ကြားခဲ့ရတယ်။ လက်တွေ့မှာတော့ အရေပြားပုံစံတွေ တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် ဒီဘောင်အတွင်းရှိတဲ့ အရေပြားပုံစံတွေတွေ့ရင် Lichen Planus လို့ သိရှိနိုင်တယ်။  ဒီအရေပြားရောဂါဟာ လက်ကောက်ဝတ်၊တံတောင်ဆစ်နဲ့ ကျောအောက်ပိုင်းတွေ အဖြစ်များတယ်။ ခြေလက်တွေမှာဖြစ်ရင် တချို့ယားတတ်တယ်။  ပါးစပ်တွင်း သွားဖုံး၊ နှုတ်ခမ်း၊ လျှာစောင်း နဲ့ ပါးစောင် စတဲ့နေရာတွေမှာ ဇာပေါက်ပုံ […]