Open 9:00-12:00 AM
+95 92051590

Tag Archive : filiform papillae

Geographic tongue (လျှာကွက်ထခြင်း)ဆိုတာ လျှာမျက်နှာပြင်မှာ ရောင်ရမ်းတဲ့အကွက်တွေ ဖြစ်လာတာကိုခေါ်ပါတယ်။ ဆေးပညာမှာ benign migratory glossitis လို့သုံးတယ်။ ပုံမှန်အားဖြင့် လျှာမျက်နှာပြင်မှာ သေးငယ်တဲ့ အာရုံခံ ဖုသီးလေး(papillae)တွေ ရှိတယ်။ ဒီအသီးလေးတွေက အရသာကို ခံစားနိုင်တယ်။ လျှာရောင်ရမ်းတဲ့အခါ အဆိုပါ အာရုံခံဖုသီးလေးတွေ ပျောက်ကွယ်သွားပြီး ပန်းရောင်အကွက်တွေ ဖြစ်လာပါတယ်။ ပန်းရောင်အကွက်တွေဟာ လျှာရောင်ရမ်းတဲ့အစိတ်အပိုင်းဖြစ်ပြီး ဘေးမှာ အဖြူရောင်အကွက်အနားသတ်တွေနဲ့ ဝန်းရံထားတယ်။ ပန်းရောင်အကွက်တွေက မြေပုံပေါ်က အကွက်တွေလို အနားမညီညာလို့ geographic tongue ခေါ်ပါတယ်။ Geographic tongue အသက်အရွယ် ကျားမ မရွေးဖြစ်နိုင်တယ်။ အသက်ကြီးသူတွေထက် လူငယ်တွေမှာ ပိုဖြစ်တယ်။ အိပ်မပျော်သူ၊ စိတ်ဖိစီးမှုများသူတွေမှာ အဓိကတွေ့ရတယ်။ ခုခံအားချင်းတိုက်တဲ့ရောဂါရှိသူတွေမှာ ပိုဖြစ်တယ်။ ဟော်မုန်းအပြောင်းအလဲနဲ့ သက်ဆိုင်တတ်တယ်။ တားဆေးသောက်သူတွေမှာ တွေ့ရတယ်။ […]