အမျိုးသမီးတင်သားထွက်ဖို့ ဘာဆေးသုံးမလဲ တင်သားဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှု နဲ့ အမျိုးသမီးတယောက်ရဲ့ အလှလို့ ဆိုကြပါတယ်။ ဒီနေ့ခေတ် gym ေတွ ခေတ်ထလာတော့ အမျိုးသမီးကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ တင်သားထွက်အောင် ဦးစားပေးလုပ်ဆောင်လာကြတာတွေ့ရတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားလှပပြေပြစ်မှုဟာ အစားအသောက်၊မျိုးရိုး၊ ဟော်မုန်းစတာတွေနဲ့ အဓိကသက်ဆိုင်တယ်။ မျိုးရိုးကို ဆရာဝန်တွေ ပြောင်းလဲလို့မရပါ။ စားသောက်နေထိုင်မှုကတော့ မိမိရဲ့ကိုယ်ပိုင် လုပ်ဆောင်မှုသာ ဖြစ်တယ်။ ဟော်မုန်းကိုတော့ ဆရာဝန်လုပ်သူတွေက ပြောင်းလဲပေးနိုင်တယ်။ တင်သားထွက်ဖို့ သောက်ဆေး၊ လိမ်းဆေး အမျိုးမျိုးရှိနေပါတယ်။ လိမ်းဆေး လိမ်းဆေးထဲမှာ maca root ပါတဲ့ဆေးတွေက ပိုအသုံးများတယ်။ maca root (မက္ကာမြစ်)အများစုဟာ ပီရူးနိုင်ငံ ဒေသထွက်ဖြစ်တယ်။ ရင်သားတင်းရင်းစေတဲ့နည်းတွေမှာ ဒီဆေးအကြောင်း ပြောခဲ့ဖူးတယ်။ နိုင်ငံခြားကလာတဲ့ လိမ်းဆေးတွေမှာ maca root အမြဲပါလေ့ရှိတယ်။ သောက်ဆေးအနေနဲ့လည်း သုံးတယ်။ ယေဘုယျအားဖြင့် နေ့စဉ် 500mg သောက်ပေးရတယ်။ အမှုန့်နဲ့လာတာလည်း ရှိပါတယ်။ အမှုန့်ကို ဖျော်ရည်အနေနဲ့သာမက စွပ်ပြုတ်ထဲမှာပါ ထည့်သောက်နိုင်တယ်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေနဲ့ 1-3 g ထိသောက်ရင် အသက်ရှုမြန်ပြီး၊ ရင်တုန်ပန်းတုန်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာကိုယ် ဝယ်မသောက်သင့်ဘူး။ သောက်ဆေး သောက်ဆေးထဲမှာ ဆေးသုံးမျိုးကို အဓိကထားသောက်ရတယ်။ Saw palmetto , Dong Quai နဲ့ Pueraria Mirifica ဆေးတွေဖြစ်တယ်။ သုံးမျိုးစလုံးက phytoestrogen အီစတိုဂျင်ဟော်မုန်းကို အားပေးတာဖြစ်တယ်။ • Saw palmetto (ဆေးထန်းပင်) အင်ဒရိုဂျင်ဟော်မုန်း ဆန့်ကျင်ဖက်ဆေးအဖြစ် လူသိများတယ်။အမျိုးသား ဆီးကျိတ်ရောင်ရောဂါအတွက် ပေးလေ့ရှိတယ်။ အမျိုးသမီးတွေမှာတော့ အဆီစုစည်းမှုကို အားပေးလို့ တင်ပါး၊ရင်သားထွကိချင်သူတွေအတွက် သုံးကြတယ်။ နေ့စဉ် 160-320 mg ထိ သောက်နိုင်တယ်။ • Dong Quai (ဒေါင်းကွေးပင်) ဒေါင်းကွေးပင်ဆိုတာ တရုတ်ဆေးတမျိုးဖြစ်တယ်။ ရာသီမမှန်တာနဲ့ ဗိုက်ရစ်နာတာ သက်သာစေတယ်။ အီစတိုဂျင်အားဖြည့်ဆေးအနေနဲ့သောက်မယ်ဆိုရင်တရက်ကို ၂-၄ ဂရမ်အထိ သောက်ပေးသင့်တယ်။ အဲထက်ပိုသောက်ရင် မျက်နှာအသားအရေရဲတက်လာတာ ရှိတယ်။ • Pueraria Mirifica (ပေါက်ဥ) […]