Open 9:00-12:00 AM
+95 92051590

Tag Archive : Copper

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ဆံပင်ဖြူခြင်း(gray hair)ကို canities (သို့) achromotrichia လို့လည်း ခေါ်ပါတယ်။ အသက် ၅၀ ကျော်သူတွေရဲ့ထက်ဝက်က ဆံပင်ဖြူလာကြတယ်။ အာရှတွေမှာ အသက်(၄၀)ဝင်စလောက်မှာ စဖြစ်တယ်။ အမျိုးသားတွေဟာနားထင်၊ ဂျိုစောင်း စတဲ့နေရာတွေမှာ စတင်ဖြစ်ပွါးတယ်။ ပြီးရင် ငယ်ထိပ်၊ နောက်ဆုံး နောက်စေ့စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်လာတယ်။ အမျိုးသမီးကျတော့ ဆံပင်စပ် နေရာတွေမှာ အရင်တွေ့ရတယ်။ နားသယ်စပ်နေရာကအပေါ်ဖက်ကို တဖြည်းဖြည်းရောက်သွားတယ်။ ငယ်ငယ်က ဆံပင်ဖြူခြင်းကြောင့် အသက်ကြီးလာတာနဲ့ အမျှ တခေါင်းလုံးဖြူသွားမဲ့ အနေအထားမျိုးတော့ မရှိပါဘူး။ စိတ်သိပ်မပူပါနဲ့။ အရွယ်မတိုင်ခင် ဆံပင်ဖြူချင်း(premature gray hair)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ မတူကြပါဘူး။ အာရှသားတွေဟာအသက် (၂၅)မတိုင်ခင် ဆံပင်ဖြူရင် premature gray hair လို့သုံးတယ်။ လူဖြူတွေက အသက် (၂၀)မတိုင်ခင်ဖြစ်ရင်၊ လူမည်းတွေမှာ အသက် (၃၀)မတိုင်ခင် ဆံပင်ဖြူတာကို သတ်မှတ်တယ်။ ယေဘုယျအားဖြင့် အသားဖြူတဲ့လူတွေဟာ စောစောဆံပင်ဖြူတာ တွေ့ရတယ်။ ဓာတ်ချို့တဲ့မှုက copper, B12, သံဓာတ်နဲ့ အသားဓာတ် ချို့တဲ့မှုဟာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ဖြစ်စေနိုင်တယ်။  ဆံပင်တစ်ချောင်းချင်းစီကို လေ့လာကြည့်ရင် အလယ်မှာအူတိုင် medulla ဆိုတာရှိတယ်။ အူတိုင်ကို ဖုံးအုပ်ထားတာက အတွင်းသား (cortex) ဖြစ်တယ်။ တကယ့်ဆံပင်ရဲ့အရောင်ကိုဖြစိစေတာက အတွင်းသား cortex လွှာဖြစ်ပါတယ်။ အပြင်ဖက်ဆုံးအပိုင်းကိုတော့ cuticle ဆိုတဲ့ အလွှာနဲ့ဖုံးအုပ်ထားတယ်။ cuticle ကို keratin ဆဲလ်သေတွေနဲ့ ဖွဲ့စည်းထားတယ်။ cuticle က အလင်းဖောက်နိုင်လို့ အတွင်းသား cortex ရဲ့ အရောင်ကို လှမ်းမြင်နေရတာပါ။ ဦးရေပြားမှာရှိတဲ့ melanocyte ဆဲလ်ကထွက်လာတဲ့ အမည်းရောင်ခြယ်(melanin)ဓာတ်စာ cuticle အလွှာပါးကိုဖြတ်ပြီးမှ အတွင်းသား Cortex လွှာကို ရောက်ပါတယ်။ အဲဒီမှာ ဆံပင်ရဲ့ အရောင်ဖြစ်လာတယ်။ ဆံပင်ဖြူခြင်းဟာ melanocyte နည်းလို့၊ ဒါမှမဟုတ် အလုပ်မလုပ်တော့လို့ ဖြစိနိုင်တယ်။ ဆံပင်ရဲ့ အမဲရောင်ခြယ်ထုတ်လုပ်မှုဟာ ဆံပင်ပေါက်ခြင်းဖြစ်စဥ် (Hair cycle) ပေါ်မှာလည်း မူတည်သေးတယ်။အမဲရောင်ခြယ်ဟာ ဆံပင်ကြီးထွားတဲ့ အဆင့် (anagen)မှာ အလျှံအပယ်ထွက်တယ်။ ကြီးထွားမှုရပ်တန့်တဲ့အဆင့်(telogen) နဲ့ ပျက်ဆီးတဲ့အဆင့် (Catagen)တွေမှာတော့ မထွကိနိုင်တော့ပါဘူး။  အမဲရောင်ခြယ်ထွက်ဖို့ ဆံသားအမြစ်မှာရှိတဲ့ follicular melanocytes တွေ က အလွန်အရေးပါတယ်။ သူတို့ကနေဘယ်ရောင်ထုတ်မလဲ ဆုံးဖြတ်ရတယ်။ အမဲရောင် (black-brown eumelanin) ထုတ်မှာလား၊ ဒါမှမဟုတ်  ရွှေအိုရောင်ဆံပင် (reddish-brown pheomelanin) ထုတ်မှာလား။ ဆဲပင်မှာရှိတဲ့ Melanin degradation (ရောင်ခြယ်ပျက်ဆီးမှု) နည်းတဲ့အတွက် ကြာရှည်ခံတယ်။ ဆံပင်အရောင်ပြောင်းဖို့က အသားအရောင်ပြောင်းဖို့ထက် လွယ်တယ်။  ဆံပင်ရဲ့ Melanin ထုတ်လုပ်မှုကို melanin-stimulating hormone က အဓိက ဆုံးဖြတ်တယ်။ ACTH, endothelin-1, prostaglandins, leukotrienes, neutrophils, fibroblast growth factor, nitric oxide, catecholamines စတဲ့ဟော်မုန်းတွေကလည်း ထိန်းချုပ်ပေးတယ်။ ထုတ်လုပ်မှုလျှော့နည်းစေနိုင်တဲ့ ဓာတ်တွေက sphingolipids, bone morphogenetic protein 4 တို့ဖြစ်ပါတယ်။ ဆံပင်ဖြူခြင်းဟာ ဦးရေပြားရဲ့ melanocyte အရေအတွက် နည်းသွားလို့သာ ဖြစ်တယ်။ ဒါ့ပြင် follicular stem cell ပျက်ဆီးမှု (သို့) melanocytic stem cells ချို့ယွင်းမှု တခုခုကြောင့်ဖြစ်နိုင်သေးတယ်။  ဆံပင်ဖြူခြင်းကို လေ့လာကြည့်တဲ့အခါ အရောင်ကျွတ်စေတဲ့ hydrogen peroxide စုပုံရာကဖြစ်လာတယ်။hydrogen peroxide ဆိုတာ ဆိုးဆေးတွေမှာ အရောင်ချွတ်ဖို့ ကျတော့်တို့သုံးနေတဲ့ ဓာတ်တစ်မျိုးဖြစ်တယ်။ခန္ဓာကိုယ်ရဲ့ မူလရင်းမြစ်မှာ အစွမ်းထက် အင်တီအောက်စီးဒင့် (Bcl-2, catalase, methionine sulfoxide reductase) တွေက H2O2 ကို ဖယ်ရှားပေးလို့ ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးတယ်။ ဆေးလိပ်၊အရက်သောက်သူတွေဟာ အဆိုပါဓာတ်ချို့ယွင်းတော့ ဆံပင်ဖြူလွယ်တယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု၊ စိတ်ဖိစီးမှုနဲ့psoriasis ကလည်း ဆံပင်ဖြူစေတယ်။ ဆံပင်ဖြူစေတဲ့ ရောဂါတွေကို စာရင်းပြုကြည့်ရင် မနည်းဘူး။ cystic fibrosis, celiac disease, hyperthyroidism/hypothyroidism, vitiligo, alopecia […]