Open 9:00-12:00 AM
+95 92051590

Tag Archive : acrochordon

29 Oct, 2021 | No Comments

Skin Tags

ခန္ဓာကိုယ်မှာ တွေ့ရတဲ့ အသားပိုတွေကို skin tags ခေါ်ပါတယ်။ ဆေးပညာလို acrocordons, Papilloma, Soft fibroma လည်း ခေါ်ပါတယ်။ အသားပိုတွေဟာ လျော့တွဲနေတဲ့ ကိုလာဂျင်မျှင်တွေ၊ သွေးကြောငယ်တွေနဲ့ ဖွဲ့စည်းထားပြီး တွဲကျနေတဲ့အစိုင်ခဲပုံစံငယ်တစ်ခုဖြစ်ပါတယ်။ နားလည်လွယ်အောင် ဥပမာပေးရရင် အူကျွံကျနေတဲ့ သဘောမျိုး တွဲကျလာတာဖြစ်ပါတယ်။ အသားချင်းပွတ်တိုက်မိတဲ့နေရာတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ ဖိအားဒဏ်တွေနဲ့ ပွတ်တိုက်မှုလွန်ကဲရာက အရေပြားကျွံကျလာတာဖြစ်တယ်။ လည်ပင်း၊မျက်ခွံ၊ ဂျိုင်း၊ ပေါင်ခြံနဲ့ ရင်သားအောက်ပိုင်းတွေမှာ အဓိကတွေ့ရတယ်။ ဆွဲကြိုး၊လက်ကောက်၊အဝတ်အစားပွတ်တိုက်မိတဲ့နေရာတွေမှာ ပိုဖြစ်နိုင်တယ်။ အသားပိုအများစုဟာ အသားရောင်ရှိပြီး တခါတရဲ အမဲရောင် မှဲ့ဆန်ဆန် ဖုသီးလေးတွေလည်းဖြစ်တတ်တယ်။ များသောအားဖြင့် ဆန်စေ့အရွယ်အစားလောက်ပဲ ရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာပြီး လူနှစ်ယောက်မှာ တစ်ယောက်နှုန်းတွေ့ရတယ်။ ကျား၊မ မရွေး ဖြစ်နိုင်ပြီး အဝလွန်တာ၊ ဆီးချိုနဲ့ မျိုးရိုးရှိတဲ့သူတွေ […]