Open 9:00-12:00 AM
+95 92051590

Tag Archive : abnormal keratinization

ကြာဆူးကို ဆေးပညာလို keratosis pilaris လို့ ခေါ်ပါတယ်။ ပိုတိကျအောင် ပြောရရင် follicular keratotic papules လို့ ခေါ်သင့်တယ်။ အရေပြား ပွတ်တိုက်မှုများတဲ့ ပခုံး၊ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ လေ့လာမှုတွေအရ ကြာဆူးဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်တယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျက်နှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။  ကြာဆူးဟာ အရေပြား မွှေးညင်းပေါက်နေရာမှာ ကရာတင်ဆဲလ်(keratin)တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လက္ခဏာတွေက တံတောင်၊ဒူးခေါင်းစတဲ့နေရာမှာ မာမာကြမ်းကြမ်း အဖုလေးတွေ တွေ့ရတယ်။ အဖုလေးတွေက ပင်အပ်ခေါင်းအရွယ် သေးသေးလေးတွေဖြစ်တယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြား တပြိုင်နက် စုနေတတ်တယ်။ အရေပြား […]