25 Feb, 2022 | No Comments
Moisturizer for acne skin
ဝက်ခြံမထွက်အောင် Moisturizer ရွေးနည်း
Moisturizer နဲ့ပက်သတ်ပြီး လူတွေ ကောင်းကောင်းနားမလည်သေးတဲ့ အချက်တစ်ခုကို ရှင်းပြပါမယ်။ အစိုဓာတ်ထိန်းဆေးထဲမှာ serum, essence, ampoule, emulsion, day cream, night cream ဆိုပြီး အမျိုးမျိုး ရှိတယ်။ တချို့ နေလောင်ကာတွေမှာလည်း အစိုဓာတ်ထိန်းဆေးပါတယ်။ Shea butter, cocoa butter လိုမျိုး ပါနေလို့ပဲ။ ဝက်ခြံထွက်တတ်သူတစ်ယောက်ဟာ အစိုဓာတ်ထိန်းဆေး သုံးရင် သတိပြုရမယ်။ အဆီပြန်တဲ့အသားအရည်တွက် oil အဆီ သီးသန့် လိမ်းတာ လုံးဝရှောင်သင့်တယ်။ ဘာ့ကြောင့်လဲ။ အဆီတွေက sebaceous gland ရဲ့ pore အပေါက်တွေကိုသွားရောက်ပိတ်ဆို့တတ်လို့။
(၁) အသားခြောက်ရင် ပထမအဆင့် serum သို့ essence ကို အရင်သုံးကြည့်ပါ..
(၂) မရသေးရင် emulsifier ပိုများတဲ့ emulsion (နို့ရည်)ကို ဆက်သုံးပါ…
(၃) အဲဒါမှ မနိုင်သေးရင် cream type တွေ စသုံးလို့ရတယ်။ သတိပြုရမှာက cream ထဲမှာ oil, bee wax နဲ့ Shea butter တမျိုးမျိုး သေချာပေါက်ပါတယ်။ ဒါတွေမပါပဲ cream type moisturizer တွေထုတ်လို့မရဘူး။ သူတို့က comedogenic ဝက်ခြံအဖုတွေ ထွက်တတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် ဆောင်းရာသီက လွဲရင် ကျန်တဲ့ကာလတွေမှာ cream type ကို သတိထားသုံးစွဲရမယ်။
(၄) oil အဆီကတော့ ကိုရီးယား၊တရုတ်၊ဂျပန်လို အေးခဲတဲ့ဒေသတွေမှာ နေရင် အသုံးဝင်တယ်။ လေထုစိုထိုင်းစအရမ်းနည်းပြီး ခြောက်သွေ့လွန်းတဲ့ အသားအရည်ဖြစ်လို့ protective layer အနေနဲ့ကာကွယ်ပေးချင်တဲ့အခါoil ကို သုံးရတာဖြစ်တယ်။ မြန်မာပြည် အအေးပိုင်းမှာ နေတဲ့သူတွေလည်း cream သို့်မဟုတ် oil တခုခု လိုကောင်းလိုနိုင်ပါတယ်။ မြေပြန့်ဒေသမှာ နေတဲ့သူတွေကတော့ ပက်ကြားအက်တဲ့အဆင့်ထိမရောက်သေးရင် ဒီနှစ်မျိုးကို ရှောင်သင့်တယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့ကာလတွေမှာပါ။
အနှစ်ချုပ်ရရင် ဝက်ခြံထွက်တဲ့အသားအရေမှာ အစိုဓာတ်ထိန်းချင်တဲ့အခါ serum သို့ essence အရင် စမ်းလိမ်းကြည့်ပါ။ မရသေးရင် ဒုတိယအဆင့်အနေနဲ့ Emulsion သုံးပါ။ အဲဒါမှမရသေးရင် cream တမျိုးမျိုးသုံးပါ။ နောက်ဆုံးအဆင့် အသားအရေ ပက်ကြားအက်တဲ့အဆင့်ရောက်မှ oil တမျိုးမျိုးကို အသုံးပြုရမယ်။ ဒီအတိုင်း စနစ်တကျသုံးရင်moisturizer လိမ်းပြီး ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။
Write Reviews
Leave a Comment
No Comments & Reviews