Open 9:00-12:00 AM
+95 92051590

Category Archive : Skin whitening products

There are four generations of retinoids: Role of retinoids for acne Mechanism of action The mechanism of action of topical retinoids is very complex. When applied topically, any deficiency in collagen that exists in the skin is partially improved. Among all the topical retinoids, tretinoin is the most potent and widely used therapy for photo-aging. […]

အသားဖြူဆေးမဟုတ်တဲ့ Niacinamide ဒီဖက်ခေတ် skin whitening ရေးထားတဲ့ပစ္စည်းတွေမှာ niacinamide လည်း ပါလေ့ရှိတယ်။ တခါတရံniacinamide တမျိုးထဲပါပြီး skin whitening lotion ရေးထားတာလည်း တွေ့ရတယ်။ အမှန်တော့ niacinamide ဟာ အသားဖြူဆေးအမျိုးအစားမဟုတ်ဘူး။ သူ့အာနိသင်က Melanosome ရွေ့လျားမှုကို တားဆီးခြင်းသာဖြစ်တယ်။ဥပမာ နေလောင်တဲ့အခါ melanin ထုတ်လုပ်မှုများလာတယ်။ melanin ကို အပေါ်လွှာရောက်အောင်melanosome ကပို့ဆောင်ပေးရတယ်။ နားလည်လွယ်အောင်ပြောရရင် အမဲရောင်ခြယ် (melanin) တွေအစုလိုက်အပြုံလိုက် တခြားတစ်နေရာရောက်အောင်  ရထားနဲ့တူတဲ့ melanosome က သယ်ဆောင်ပေးရတယ်။niacinamide က melanosome ကိုတားဆီတာကြောင့် အမဲရောင်ခြယ်တွေ အပေါ်ယံဆဲလ်လွှာမှာ စုပုံမှုမရှိတော့ဘူး။ ဒီလိုနည်းနဲ့ကာကွယ်တာဖြစ်တယ်။ ဒါ့ကြောင့် melanin က epidermis အပေါ်လွှာထဲရောက်တဲ့အခါပဲNiacinamide ရဲ့ အာနိသင်က သက်ရောက်လိမ့်မယ်။ နဂိုကတည်းက စုပုံနေပြီးသား melanin တွေကို ကုသတဲ့နေရာမှာတော့ မစွံလှဘူး။ niacinamide အာနိသင်က prevention တားဆီးတဲ့ဖက်မှာ ပိုအသုံးဝင်တယ်။  ဒီအချက်ကို အခြေခံပြီး နေလောင်ကာလိမ်းဆေးတွေမှာ niacinamide ထဲ့တာကောင်းတဲ့အချက်ပဲ။ ကာကွယ်နိုင်စွမ်းကောင်းတယ်။ သို့သော် အသားဖြူဆေးအနေနဲ့သုံးစွဲရင်တော့ တလွဲသုံးတာဖြစ်သွားပြီ။ melanin synthesis ကိုတားဆီးတဲ့ဆေးတွေကပဲ ပိုအလုပ်ဖြစ်လိမ့်မယ်။ တင်းတိပ်ထွက်တဲ့လူနာတွေကို လေ့လာကြည့်။ သူတို့ သုံးတဲ့skin care အများစုမှာ skin whitening တွေချည်း တွေ့ရလိမ့်မယ်။သုံးရင်းသုံးရင်း နောက်ဆုံးတော့ မစွံတဲ့ results တွေပဲထွက်ပြီး စိတ်ကုန်သွားတော့။ ဘာမှထူးမလာဘူးတဲ့။ အမှန်တော့ သူတို့သုံးတဲ့ထဲမှာ niacinamide လိုပစ္စည်းတွေပဲ ထည့်ထားတာ။ တင်းတိပ်ပျောက်ဖို့ကျတော့ niacinamide က အသုံးမဝင်လှဘူး၊ အထူးသဖြင့် mixed melasma နဲ့ dermal melasma မှာ niacinamide က အကျိုးမရှိနိုင်ဘူး။ သို့သော် ဝက်ခြံအမဲစက် ဖြစ်လာနိုင်တဲ့ဝက်ခြံမျိုးမှာတော့ တော်တော်အသုံးဝင်တယ်။ melanosome transfer ကို တားဆီးတာကြောင့် ရောင်ရမ်းနေတဲ့ဝက်ခြံနေရာကိုရောက်လာမယ့် အမဲရောင်ခြယ် တွေတားဆီးပြီးဖြစ်သွားတယ်။ Sebogel သုံးပြီး အသားဖြူလာသလိုပဲတဲ့။ တကယ်က အသားဖြူတာမဟုတ်ဘူး၊ အမဲစက်ကမထွက်တော့ ပါးတယ်ထင်ရတာ။ ဝက်ခြံပျောက်ဆေးသွင်းတုန်းက ဒီအချက်ကို အကြီးအကျယ်ဂရုစိုက်ခဲ့တယ်။ Niacinamide 3-10%အတွင်း သုံးရမယ်လို့ကောက်ချက်ချခဲ့တယ်။ နောက်ဆုံးတော့ ကြားချပြီး 6%ကိုပဲရွေးချယ်လိုက်တယ်။  ဝက်ခြံအမာရွတ်တင်မဟုတ်ဘူး၊ နေလောက်ကာလိမ်းဆေးနဲ့ body lotion တွေမှာ niacinamide ထည့်သုံးတာလည်းကောင်းတဲ့အချက်ပဲ။ အသားလောင်ပြီး ဖြစ်လာမယ့်အမဲကွက်ကို သူက ကာကွယ်ပေးလိမ့်မယ်။ တကယ်အသားဖြူတာတော့မဟုတ်ဘူး။ niacinamide နဲ့ သဘောသဘာဝတူတဲ့ အခြားပစ္စည်းတွေရှိသေးတယ်။ soybean extract, lecithins နဲ့ neoglycoprotein တွေပါ။ကုမ္ပဏီတွေကတော့ skin whitening လို့ ရေးကြလိမ့်မယ်။  ဒီနေရာမှာ အဓိကသိစေချင်က နဂိုမဲနေတဲ့အသားအရေက niacinamide လိမ်းပြီး ဖြူမလာနိုင်ဘူး။ skin whitening ရေးထားတာနဲ့ အသားဖြူဆေး၊အမဲစက်ပျောက်မယ် ဆိုလိုတာ မဟုတ်ဘူး။ အာနိသင်ရှိတယ်လို့ပဲဆိုလိုတာ။ အသားဖြူပြီး အမဲစက်ပျောက်ဖို့ အပေါ်ယံ အရေပြား ၄လွှာ နဲ့ အောက်လွှာအရေပြား ၂လွှာ ဘယ်အလွှာမှာ ရောင်ခြယ်ဓာတ်တွေ စုပုံနေလဲ နားလည်မှ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။