Open 9:00-12:00 AM
+95 92051590

Category Archive : Rash

Henoch-Schonlein purpura တန်ပြန်ခုခံအား သွေးခြေဥအနီစက်များ

Kawasaki disease ကာဝါဆာကီ အနီစက်ရောဂါ

Swimmer’s itch ဆိုတာ ရေချိုးပြီး (သို့) ရေကစားပြီး ဖြစ်လာတဲ့ အနီစက်လေးတွေကို ခေါ်ပါတယ်။ ရေကန်၊ မြစ်၊ချောင်းစတဲ့ရေနဲ့ ထိတွေ့သူတွေမှာ အဖြစ်များတယ်။ ရေထဲမှာရှိတဲ့ သေးငယ်တဲ့ ပါရာဆိုက်ကပ်ပါးကောင်လေး(cercaria)လေးတွေ အရေပြားထဲဖောက်ပြီး ဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်တွေ ဖြစ်လာပါတယ်။ တကယ်တော့ ဒီကပ်ပါးကောင်လေးတွေဟာ လူ့ခန္ဓာကိုယ်မှာ မရှင်သန်နိုင်လို့ ဝင်ပြီး မကြာခင်သေဆုံးသွားပါတယ်။ အဆိုပါကပ်ပါးပိုးကို ခုခံအားစနစ်က တုံ့ပြန်တဲ့အခါ အလွန်ယားယံတဲ့ အနီစက်ယားနာလေးတွေ ဖြစ်ပေါ်လာပါတယ်။ ပါရာဆိုက်ကပ်ပါးကောင် ဥလေးတွေကို ဘဲ၊ငန်းအစရှိတဲ့ သတ္တဝါတွေရဲ့ မစင်အညစ်အကြေးမှာ တွေ့ရတယ်။ ဒါ့ကြောင့် duck itch လည်း ခေါ်ပါတယ်။ ရေတိမ်မှာနေတဲ့ ခရုတွေထဲ ဝင်ရောက်ပြီး ပွားများလာပါတယ်။ ခရုတွေကတဆင့် ရောဂါပိုးက ရေထဲကိုပြန့်ပွားစေတယ်။ အဆိုပါကပ်ပါးပိုး(cercaria)ဟာ လူ့အရေပြားနဲ့ ထိတွေ့တဲ့အခါ swimmer’s […]

Aquagenic urticaria ရေနှင့် ဓာတ်မတဲ့ခြင်း Aquagenic urticaria ဆိုတာ ရေနဲ့ထိပြီး အင်ပြင်ထတာဖြစ်ပါတယ်။ water allergy လည်းခေါ်ပါတယ်။ mast cells ကနေ histamine ထွက်လို့ ယားလာတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့ရနည်းတယ်။ စစ်တမ်းတွေအရ နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း ဒီရောဂါဖြစ်သူ ၃၇ယောက်သာရှိတယ်လို့ ဖော်ပြထားတယ်။ အမျိုးသမီးတွေ အဓိကတွေ့ရပြီး အပျိုဖော်ဝင်စအချိန်တွေ အဖြစ်များတယ်။ ရေအင်ပြင်ထခြင်း (Aquagenic urticaria)ဟာ ချွေးစက်၊ မျက်ရည်၊ မိုးရေ၊ နှင်းစက်၊ ကန်ရေ၊ မြစ်ရေ၊ ပင်လယ်ရေစတဲ့ ရေတစ်မျိုးမျိုးနဲ့ထိတွေ့မှုကြောင့် ဖြစ်တယ်။ cold allergy (အအေးဓာတ်မတဲ့တာ)နဲ့ cholinergic urticaria စတာတွေနဲ့ မတူညီပါဘူး။ aquagenic urticaria ဆိုတာ ရေနဲ့ထိတွေ့ရာကဖြစ်တဲ့ အင်ပြင်တွေကိုပဲ […]