ကျပ်ပြားဝိုင်း အနီကွက်ကို discoid eczema ခေါ်ပါတယ်။ nummular eczema လည်း ခေါ်ကြတယ်။ နှင်းခူအမျိုးအစားဖြစ်လို့ အရေပြား ယားယံမယ်၊ နီရဲမယ်၊ ရောင်ရမ်းမယ်၊ အက်ကွဲမယ်၊ အဖတ်တွေ ကွာမယ်၊ ပြီးတော့ ပြန်ဖြစ်မယ်။ ဒီလို သံသရာလည်နေပါလိမ့်မယ်။ ရောဂါဖြစ်စမှာ သေးငယ်တဲ့ အနီစက်ပြောက်တွေ စတင်စုစည်းလာပြီး နောက်ဆုံး ကျပ်ပြားဝိုင်းပုံစံအနီကွက် ဖြစ်ပေါ်လာပါတယ်။ အသားဖြူသူတွေမှာ ပန်းရောင်အကွက်တွေအဖြစ် မြင်တွေ့ရပြီး အသားညိုသူမှာ အရောင်ရင့်တဲ့အကွက်တွေအဖြစ် တွေ့ရတယ်။ အနီကွက်ဖြစ်စမှာ အရည်ကြည်အောင်းလာပြီးအရည်တွေ စိမ့်ထွက်နေတတ်တယ်။ အကွက်က အလွန်ယားယံပြီး ညဖက်ပိုင်းတွေမှာ ပိုဆိုးတယ်။ ကြာလာရင် အရေပြား ခြောက်သွေ့ကွဲအက်ပြီး အဖတ်တွေ ကွာကျလာတယ်။ အနီကွက် အလယ်က အရောင်ဖျော့တတ်လို့ ပွေးကွက်နဲ့ မှားတတ်တယ်။ ကျပ်ပြားဝိုင်း နှင်းခူဟာ မျက်နှာနဲ့ […]