Open 9:00-12:00 AM
+95 92051590

Category Archive : Novel

(၁) မွှေးပျံ့သော သင်းရနံ့က နှာခေါင်းတွင်း ဝင်ရောက်လာချိန်…။ အိစက်ညက်ညောသော အသားစိုင်တို့ကို လက်က စမ်းသပ်မိချိန်…။ မို့မောက်သော ရင်အစုံကို နားကျပ်တခုဖြင့် နားထောင်မိချိန်…။နှလုံးခုန်သံက အလိုလိုမြန်လာသည်ကို ဆရာဝန်ငယ်လေး မောင်ဇော်ထက်တယောက် ခံစားမိလိုက်သည်။“ဒါမောင်လေးပုံလား”ဘေးတွင် ချိတ်ထားသော အလှဓာတ်ပုံပေါ်မှ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ကောင်လေးကိုကြည့်ရင်း မေး၏။ နားမှနားကျပ်ကိုဖြူတ်ရင်း အစ်မဘာမေးတာလဲဟု မကြားတကြားပြန်မေးတော့ လူနာက ဖြူဝင်းသောသွားတက်လေးများပေါ်အောင်ပြုံးပြသည်။ သွားမှာတပ်ထားသော စိန်ပွင့်လေးတလုံးက လက်ကနဲဖြာသွား၏။“မောင်လေးပုံလားလို့မေးတာပါ၊ စိတ်ရှိနဲ့နော်၊ပုံထဲမှာ အရမ်း ချောတယ်” လူကောင်အရှင်လတ်လတ် အပြင်မှာ မြင်တွေ့ရနေပါလျက် ဓာတ်ပုံထဲက အသက်(၁၈)နှစ် အရွယ်လူငယ်လေးကို ချီးမွန်းခန်းဖွင့်နေသော လူနာအမျိုးသမီးစကားကြောင့် ကြည်နူးရမှာလိုလို စိတ်ခုရမှာလိုလို မဝေခွဲတတ်။ လူနာက သူ့ကိုရွှန်းရွှန်းစား စိုက်ကြည့်နေပါသည်။“ဟုတ်ပါတယ်..ဟိုးအရင် မော်ဒယ်တက်တုန်းကပုံပါ၊အမှတ်တရလေးဖြစ်အောင်ချိတ်ထားမိတာ၊ ဘာရယ်မဟုတ်ပါဘူး”“ဟင်း..ဟင်း… ဒါဆို မောင်လေးက မော်ဒယ်ပေါ့နော်”“ဟာ..မဟုတ်တာ..ငယ်ငယ်တုန်းက ရူးမိုက်မိတဲ့အချိန် သူငယ်ချင်းတွေအဆွယ်ကောင်းတာနဲ့ ပါသွားပြီး […]

Changi Airport
Seeing the bustle of urban life among a variety of colorful people,
Thet Lwin felt confused. The reason for his confusion was not directly
related to his affair

တွယ်ရာမဲ့ နှလုံးသား (၁) သန့်စင်နှင့် သန့်လွင်တို့က အမွှာညီအစ်ကိုနှစ်ယောက် ဖြစ်သည်။ သန့်စင်က အကြီး၊ သန့်လွင်က အငယ်။ ဒီကလေးနှစ်ယောက် မွေးကတည်းက သန္ဓေမတူ။ အကြီးသန့်စင်က လိမ္မာသလောက် အငယ် သန့်လွင်ကတော့နည်းနည်းဆိုးသည်။ ဆိုးတယ်ဆ်ုတာ ပျက်ဆီးနေတာမဟုတ်ဘဲ သူစိတ်နှင့်သူ လွတ်လွတ်လပ်လပ်နေတာမျိုးပါ။အမေအဖေကို ချစိပေမယ့် ပြောသမျှ နာခံချင်မှနာခံသည်။  ပတ်ဝန်းကျင်တွင် သန့်စင်က မိဘစကားနားထောင်သူ၊လိမ္မာရေးခြားရှိသူ အဖြစ် ထင်ရှားသည်။ စာလည်းကြိုးစားသည်။ အတန်းတိုင်းတွင် အမြဲထူးချွန်သည်မို့ မိဘနှစ်ပါး မျက်နှာပွင့်သည်။ ဒါနှင့်ပြောင်းပြန်ကတော့အငယ်ကောင်သန့်လွင်ရယ်ပါ။ “အစ်ကိုဖြစ်တဲ့သူက အတန်းတိုင်း အမြဲပထမ၊ မင်းကျတော့လည်း ဘိတ်ချေး၊ ညံ့လိုက်တာလည်း လွန်ပါရော့၊  ငါ့သားလို့ပြောရမှာတောင်ရှက်တယ်။ မင်း ဒီပုံတိုငိး ကျပိကျပ်လုပ်၊ ကြာရင် ခွေးဖြစ်မယ်သိလား” ဖခင်ဖြစ်သူက မာန်မဲနေသလောက် သန့်လွင်ကတော့ ခပ်အေးအေးပင်။  “မဖြစ်ပါဘူးဖေဖေရာ၊ ဥိးစီးအရာရှိ ဦးကောင်းမြတိနဲ့ ဒေါ်တင်တင်တို့ရဲ့သားက လူစင်စစ်ကနေ  ခွေးဖြစ်စရာလား၊ဘေးလူကြားရင် တမျိုးထင်နေပါဦးမယ်” သန့်လွင်က တခါတရံ မိဘကို ခံပြောတတ်သည်။ အငယ်ဆုံးသား အဆိုးဆုံးလေးမို့ မိဘများက နားလည်ခွင့်လွှတိထားကြသည်။  စာတော်သော သန့်စင်တယောက် ဆယ်တန်းအောင်ချိန်မှာတော့ ဆေးကျောင်းရောက်သည်။ အကြီးအတွက် မိဘတွေက ဝမ်းသာဂုဏ်ယူနေချိန်မှာ သန့်လွင်ကတော့ ဆယ်တန်းကို ရိုးရိုးနှင့်အောင်သည်။ ဖခင်ဖြစ်သူက လုံးဝမကျေနပ်။  “မိဘစကားနားမထောင်တဲ့ကောင်၊ အခု မြောင်းထဲရောက်ပြီလား”  မျက်ထောင့်နီကြီးနှင့် ကြိမ်းသည်။ “ဆေးကျောင်းမရောက်ရုံနဲ့တော့ မြောင်းထဲရောက်မသွားပါဘူးဖေဖေရာ” “အေး မြောင်းထဲရောက်မရောက်တော့ မသိဘူး။ လောလောဆယ် မင်းအစ်ကိုက ဆရာဝန်ဖြစ်တော့မှာ၊ မင်းသာဟိုမရောက်ဒီမရောက်နဲ့ “ သန့်လွင် ဇက်လေးကို ပုပြသည်။ တကယ်လည်း သန့်စင်တယောက် ဆရာဝန်ဖြစ်ခဲ့ပါသည်။ (၂) သန့်စင်တွင် သဥ္စာဆိုသောရည်းစားတယောကိရှိသည်။ သဥ္ဇာက မျက်နှာချိုချိုလေးနှင့် ချစ်စရာကောင်းသည်။သန့်စင်ကိုအလွန်ချစ်မြတ်နိူးသည်။ သန့်စင်ကိုယ်တိုင်လညိး ကောင်မလေးကို သိပ်ချစ်ပါသည်။ ခက်တာက ဖေဖေတို့။ ဒီမီန်းကလေးနှငိ့ သိပ်သဘောမတူချင်။ သူတို့စိတ်ထဲ ဆရာဝန်တယောက်အနေဖြင့် ဒီထက်အဆင့်မြင့်သောမိန်းကလေးမျိုးနှင့် ဖြစ်စေချင်သည့်ဆန္ဒရှိသည်။ သဥ္ဇာ့မိဘများက ဆင်းဆင်းရဲရဲမဟုတ်ပေမယ့် ဝန်ထမ်းပီပီအနေအထိုင်ကျစ်လစ်သည်။ စားနိုင်သောက်နိုင်သည့် သာမန်မိသားစုဟုပင် ဆိုကြပါစို့။ သန့်စင်တို့အိမ်ကတော့ သဥ္ဇာတို့ထက်စာလျှင်ပိုမိုချမ်းသာသည်။ မိဘများက ပညာထူးချွန်သောသန့်စင်ကို ဒီထက်မကသော မျှော်လင့်ချက်တွေ တနင့်တပိုး ထားခဲ့သည်။ ဒီမျှော်လင့်ချက်က သန့်စင်ကို အမြဲဒုက္ခပေးသည်။ (၃) “သဥ္ဇာတို့ ဘယ်တော့ လက်ထပ်ကျမလဲဟင်” ဒီစကားကြားတိုင်း သန့်စင်ဖက်က ပြန်ပြောစရာမကားမရှိ။ မရှိတာကလည်း ဖေဖေတို့ကြောင့်ပါ။  ဖေဖေတို့က သူတို့နှင့်ရင်းနှီးသော ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးမြချစ်တ်ု့၏ သမီး နဒီချစ်ကို မျက်စိကျနေသည်။ ဦးမြချစ်တို့ဖက်ကလည်း ရိုးသားအေးဆေးပြီး လိမ္မာရေးခြားရှိသည့် သန့်စင်ကို သဘောကျဟန်တူသည်။ ခက်တာက သန့်စင်။ နဒီနှင့် သူက ရင်းနှီးသူမဟုတ်၊ သူ့ထက်လည်း ၆နှစိလောက် ငယ်နေပြန်တော့စဉ်းစားရခက်သည်။ နောက်ပြီး တယောက်နှင့်တယောက် စကားသုံးလေးခွန်းထက် ပိုမပြောဖြစ်ကြ။ သည်လိုလူနှစ်ယောက်က လူကြီးတွေစိတ်တိုင်းကျ အိမ်ထောင်တခုထူထောင်မည်ဆိုတော့ အဆင်ပြေပါ့မလားဆိုသည့်မေးခွန်းကထွက်လာသည်။ဒီအကြောင်း ပြောတော့ ဖေဖေဒေါသူပုန်ထသည်။ “ဘာကွ၊ မင်းအမေတုန်းကလည်း မိဘသဘောတူလို့ယူခဲ့ကြတာ၊နောက်တော့ ချစ်သွားကြတာပဲ။ ဟောအခုဆို မင်းတ်ု့နှစ်ယောက်တောင်မွေးလို့ အိမ်ထောင်ပြုရမယ်၊ ချစ်တာက အနေနီးရင် ဖြစ်တတ်တာ သဘာဝ၊ မင်းသ်ထားရမှာက သဥ္ဇာကိုလက်ထပ်လို့ မင်းဘဝ ဒီထက်တိုးတက်စရာဘာအကြောင်းမှကို မရှိဘူး၊ အေး ကိုမြချစ်တို့သမီးနဲ့ ဆိုရင် မင်းဘဝက အညွှန့်တလူလူနဲ့ နေရမှာ၊ ချမ်းချမ်းသာသာနေရမှာ၊ မင်းသဥ္ဇာနဲ့သာဆို လူကြားထဲသွားရင်တောင်ခွေးတ်ုးပေါက်ကဝင်ရမှာသိလား” ဖေဖေကတော့ ပက်ပက်စက်စက် ဝေဖန်သည်။ မိဘကို ချစ်ကြောက်ရိုသေသူပီပီ ခံမငြင်းဝံ့။ ငြိမ်ခံခဲ့ရသည်။ ဒီအကြောင်း ညီဖြစ်သူ သန့်လွင်နှင့်တိုင်ပင်တော့ ဟိုက ပြတ်သည်။ “အတွေးမခေါင်ချင်စမ်းပါနဲ့ ကိုကြီးရာ၊ လက်ထပ်ရမှာ ဖေဖေတို့နဲ့မှ မဟုတ်တာ။ကိုယ်စိတ်ချမ်းသာတာ ရွေးစမ်းပါဗျာ၊ သူတို့နဲ့ လက်ထပ်မှ စားရသောက်ရမယ့် ဘဝလည်း မဟုတ်ဘူး၊ ကိုကြီးမှာလည်း လက်နဲ့ခြေနဲ့။ မိန်းမတယောကိကို စိတ်တိုင်းကျရွေးချယ်ပြီး ကိုယ့်လက်ကိုယ့်ခြေ မကျွေးမွေးနိုင်ဘူးလား၊ မစောင့်ရှောက်နိုင်ဘူးလား၊ ကျတော်မြင်တာတော့ မသဥ္ဇာက သဘောကောင်းတယ်၊ စိတ်ထားဖြူစင်တယ်။ အဲ..နဒီကျတော့ ဘယ်လိုစိတ်ထားရှိလဲ ကိုကြီးလည်းမသိသလို ကျတော်လည်း မသိဘူး၊ ကျတော်ကတော့ မသဥ္ဇာဖက်ကဗျာ” တကယ်တော့ သန့်စင်ကိုယ်တိုင်လည်း သဥ္ဇာဖက်က ပါချင်ချင်ရယ်ပါ၊ မိဘနှင့် ရည်းစားကြား ဗျာများနေသောသန့်စင်တယောက် နောက်ဆုံး ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ မိဘစကား မြေဝယ်မကျနားထောင်ဖို့ပါ။  ချက်ချင်း မသဥ္ဇာဆီ စာတစောင်ရေးခဲ့သည်။ ဖေဖေတို့သဘောကျသူနှင့်ပင် လက်ထပ်တော့မည့်အကြောင်းပါ။သိပ်မကြာခင် မသဥ္ဇာဆီက စာတစောင်ပြန်လာသည်။ စာထဲတွင် သူ့ကို နားလည်ပါသည့်အကြောင်း၊ ဘဝတက်လမ်းအတွက် ရွေးချယ်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် မိဘစကားနားထောင်သည့်အတွက်ခွင့်လွှတ်ပါသည့်အကြောင်းတွေပါ။ ဒီစာဖတ်မိတော့ စိတ်သဘောကြီးမြတ်လှသော သဥ္ဇာအတွက် စိတ်မကောင်းမိပြန်။ သို့သော် ဘာမှမတတိနိုင်။ သည်လိုနှင့် နဒီချစ်နှင့် လက်ထပ်ဖြစ်ခဲ့သည်။ (၃) မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားလှပါသည်။ မိန်းကလေးရှင်မိဘများက ကျိကျိတက် ချမ်းသာသူများပီပီ သူ့တို့တဦးတည်းသော သမီးလေးကို ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်စေပေးချင်သည်၊ မင်္ဂလာပွဲကို တပွဲတည်းမဟုတ်။နေရာခုနှစ်နေရာခွဲပြီး ခုနှစ်ပွဲပြုလုပ်ချင်တယ်ဆိုတော့ သားဖြစ်သူကို မျက်နှာမငယ်စေချင်သူပီပီ  မိန်းကလေးရှင်စိတ်တိုင်းကျ မင်္ဂလာဆောင်ပေးခဲ့သည်။ မင်္ဂလာကုန်ကျစရိတ်အားလုံး ယောကျာ်းလေးဖက်မှ အကုန်ကျခံသည်။ထိုမင်္ဂလာပွဲက သူတို့မြို့တွင် အကြီးကျယ်ဆုံး မင်္ဂလာပွဲဖြစ်လာခဲ့သည်။  “ကဲ အကြီးကတော့စွံသွားပြီ၊ မင်းအလှည့်က ဘယ်တော့လဲ သန့်လွင်” ညစာစားပွဲတွင် မူးနေသော သူငယ်ချင်းက ဘေးမှာ ထိုင်နေသူ သန့်လွင်ကို လှမ်းစသည်။  “လာမှာပေါ့ကွာ၊ ဖြေးဖြေးပေါ့” “ဒါနဲ့ နေပါဦး၊ မင်းအစ်ကို သန့်စင်ကတော့ သူဌေးသားမက်ဖြစ်သွားပြီဆိုတော့ ဘာမှစိတ်ပူစရာမရှိတော့ဘူး၊  မင်းကကော အရင်ကောင်မလေးပဲလား၊ ကြည့်လည်း လုပ်ဦးနော်၊ သူက တကောင်ကြွက်၊မိဘ၊ဆွေမျိုး အသိုင်းအဝိုင်းလည်း ဘာမှရှိတာမဟုတ်ဘူး။ မင်းယူပြီးရင်တော့ အဲဒီတာဝန်အားလုံး မင်းခေါင်းပေါ်ကျလာမှာ၊ ဒါလည်း ခေါင်းထဲထည့်ဦး၊ ယူမယ့်ယူတော့ သူဌေးသမီးတယောကိကိုပဲ ရှာယူလိုက်ပါလားကွာ၊ အင်း.. စန္ဒီလည်း မဆိုးပါဘူး၊ မင်အပေါ်လည်း သံယောဇဉ်အတော်ရှိရှာတယ်၊ စံပါယ်ကျတော့ စိတ်ရင်းတော့ ကောင်းပါရဲ့၊ နောက်ခံစီးပွားရေးကအဆင်မပြေဘူးလေကွာ” တကယ်တော့ စန္ဒီ၊ သန့်လွင်နှင့် ငြိမ်းစံပါယ်တို့က ငယ်သူငယ်ချင်းတွေပါ။ သူတို့ထဲတွင် စံပါယ်က ငယ်ငယ်ကတည်းက ဆင်းရဲသည်။ ချို့တဲ့သည်။ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ရုန်းကန်ခဲ့ရသူ။ စန္ဒီကတော့ တဦးတည်းသော သမီးပီပီ သုံးနိုင်ဖြုန်းနိုင်သည်။ သန့်လွင်ကိုလည်း တော်တော်ချစ်ခင်ရင်းနှီးသည်။ သူငယ်ချင်းများက စန္ဒီကိုရွေးချယိဖို့ အမြဲတိုက်တွန်းပေမယ့် ခေါင်းမာသော သန့်လွင်က လက်မခံ။  “စန္ဒီက ငါ့အပေါ်ကောင်းပါတယ်၊ ဒါပေမယ့် ငါမှသူ့ကို မချစ်တာ၊ ငါချစ်တဲ့သူကိုပဲ လက်ထပ်ယူမယ်ကွာ” မင်္ဂလာဦးညတွင် သန့်စင်တယောက် မိဘနှစ်ပါးကို ကန်တော့ပြီး နဒီတို့နှင့်လိုက်သွားရသည်။ အစတည်းက သမီးဖြစ်သူကို သူတို့အိမ်တွင် မထားနိုင်ဟု ကြိုတင်သဘောတူပြီးဖြစ်သည့်အလျှောက် ဖေဖေတို့က သားဖြစ်သူကောင်းစားရေးအတွက် ရင်ကွဲခံသည်။ ထို့နောက် အိမ်တွင် သူတို့သားအဖ သုံးယောက်သာ ကျန်ရစ်သည်။ (၄) နောက်တနှစ်အကြာတွင်တော့ သန့်လွင်တယောက် လက်ထပ်ခဲ့ပါသည်။ ထိုမိန်းကလေးကတော့ ငြိမ်းစံပါယ်ပင်။  မိဘများက သဘောမတူနိုင်ဟု ခါးခါးသီးသီး ငြင်းဆန်သည့်ကြားမှ သန့်လွင်ကလည်း အလျှော့မပေး။  “မေမေတို့ ကျန်တာကြိုက်သလို စီစဉ်ပါ၊ သားအိမ်ထောင်ရေးကိုတော့ သားဘာသာ စီစဉ်ပါ့ရစေ၊ နောက်ပြီး သားစန္ဒီကို လုံးဝလက်မထပ်နိုင်ဘူး” ဒီလိုအပြတ်ပြောတော့လည်း မိဘများက အတင်းမစီစဉ်တော့။ ဒီသားက အကြီးကောင်သန့်စင်ကဲ့သို့ မဟုတ်ဘဲ တဇွတ်ထိုးလုပ်တတ်သည့်ဉာည်လေး ရှိနေတာကို သိနေလို့ဖြစ်သည်။ နောက်ဆုံးတော့ မကျေမနပ်နှင့် သဘောတူလိုက်ရသည်။ မင်္ဂလာပွဲက ခပ်ရိုးရိုးပင်။ အကျဉ်းရုန်းနှင့် ပြီးစီးသွားသည်။ သန့်လွင်ကတော့ အိမ်ထောင်ကျပြီးကတည်းက မိဘနှစ်ပါးအပေါ် မမှီခိုသင့်တော့ဟု ဆုံးဖြတ်သည်။  ကိုယ်ပိုင်ပုံနှိပ်စက်တခု ကို့ယ့်ဘာသာ ထူထောင်သည်။ နေတာတော့ အိမ်မှာပင် မိဘနှင့်အတူနေသည် ။ မနေလို့လည်း မရ။အိမ်မှာ အားကိုးစရာ သားရယ်လို့ လောက်လောက်လားလား သူတယောက်သာ ကျန်တော့သည်။ ထိုအချိန်တွင်သန့်စင်တယောကိ ယောက္ခမ ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင်တယောက် ဖြစ်နေပါပြီ။ ဘွဲ့ရခဲ့သည့်ဆရာဝန်အလုပ်ပင် မလုပ်တော့ချေ။  (၄) “ညီလေးရယ် မင်းမလဲ ပင်ပန်းလိုက်တာကွာ” အိမ်အလည်လာရင်း ချွေးသံတရဲရဲနှင့်စက်ခန်းထဲ အလုပ်များနေသော သန့်လွင့်ကိုမြင်တော့ အားမလိုအားမရပြောသည်။ သန့်လွင်က နဖူးမှချွေးတွေကို ခါးပုံစနှင့် သုတ်ရင်းရယ်၏။ “လုပ်ရမယ် အစ်ကိုရေ၊ အရင်က နှစ်ယောက်စာ၊ အခု သုံးယောက်စာအတွက်  ပို ကြိုးစားမှဖြစ်တော့မယ်” “ဘာရယ်..ဒါဆ်ိုမင်းမိန်းမမှာ ကိုယ်ဝန်လွယ်ထားရပြီပေါ့..ဟုတ်လား” သန့်လွင်က သဘောကျစွာ ရယ်သည်။ “ဒါပေါ့ အစ်ကိုရ၊ အစ်ကို့လို သူဌေးသားမက်ကတော့ ကိစ္စမရှိဘူးပေါ့၊ ကျတော့်အတွက်ကျတော့ ကလေးတယောက်ဆ်ုလည်း တယောက်ဆိုသလို ကြိုးစားရတာပေါ့၊ ဖေဖေတ်ု့ကလည်း ပင်စင်ယူပြီဆိုတော့ ထောက်ပံ့ရဦးမယ်” သည်စကားကြားတော့ သန့်စင်တယောက် မလုံမလဲဖြစ်သွားသည်။ နဒီနှင့် အိမ်ထောင်ကျပြီး ကတည်းက အိမ်ကိုပြန်ကြည့်ခဲ့ဖူးသည်မရှိ။ အလည်ပင်တခါတရံမှသာလာသည်။ သန့်လွင်ကတော့ သူ့အမူအရာကို ဂရုမပြုမိဟန်မတူဘဲ ပြောချင်ရာ ဆက်ပြောသည်။ “ဒါနဲ့ အစ်ကိုရော ကလေးမယူသေးဘူးလား”  ထိုစကားကြားတော့ သန့်စင် မချိပြုံးပြုံးမိသည်။  “အိမ်က မိန်းမကတော့ ယူခိုင်းလို့်လဲ မရပါဘူးကွာ၊ ယူလိုက်ရင် အခုပဲပုံပျက်ပန်းပျက်ဖြစ်သွားမယ့်ပုံစံ ပြောနေတာ၊ နောက်ပြီး ကလေးမွေးရမှာလဲ ကြောက်သတဲ့။ ရှင့်ကို မွေးခိုင်းလို့ရလို့ကတော့ ပိုက်ဆံတွေပုံပြီး  မွေးခိုင်းချင်တာလို့တောင်ပြောလိုက်သေး” ဒီစကားကြားတော့ သန့်လွင်က အတောမသတ်ရယ်ပါတော့သည်။ “အစ်ကိုကတော့ဖြစ်ရမယ်၊ ဘယ့်နှယ့် ယောကျာ်းကတောင်ပြန်မွေးပေးရဦးမတဲ့။ ဒါနဲ့ သူ့မိဘတွေကော ဘာမှမပြောဖူးလား” “ပြောဖို့နေနေသာသာ သူ့သမီးစိတ်ချမ်းသာရင်ပြီးတာပဲတဲ့။ကဲ..ငါဘာပြောရမှာလဲ။ နောက်ပြီး ငါ့စကားက သူတို့မိသားစုထဲ ဘောင်မဝင်ပါဘူးကွာ၊ သူတို့က ပိုက်ဆံချမ်းသာတော့ အရာအရာက်ု ငွေနဲ့စက်ပြီး အလုပ်လုပ်နေကြတာ၊ အများအမြင်မှာတော့ ငါက ကုမ္ပဏီဒါရိုက်တာ၊ပြီးတော့ သူဌေးသားမက်၊အိမ်ထောင်ရေး ကံကောင်းတယ်ဘာညာပေါကွာ၊ အမှန်တော့ ကုမ္ပဏီဒါရိုက်တာဆိုတာ နာမည်ခံသက်သက်ပါ၊ ငါ့ကို ဒီရာထူးပေးတာလည်းစေတနာရှိလွန်းလို့မထင်နဲ့။ကုမ္ပဏီအကြောင်းပြပြီး သူ့သမီးကို ငါတို့အိမ်မှာ မထားခဲ့ချင်လို့်ပါကွာ” “ဒါလည်းတမျိုးကောင်းပါတယ်အစ်ကိုရာ။ အိမ်မှာ အေးဆေး နေရတာပေါ့ဗျာ” “အေးတာတော့ ပြောမနေနဲ့။ အားနေ တီဗွီကြညိ့ချင်ကြည့် ဒါမှမဟုတ် ဂေါက်သွားရိုက်ချင်ရိုက်၊ ဒီကြားထဲ သူတို့စီးပွားရေးအသိုင်းအဝိုင်းက လူတွေအကြောင်း ပိုသိလာတော့ စိတ်ကုန်တယ်ကွာ။ ဂေါက်သွားရိုက်တာအကြောင်းပြပြီး ခြံခုန်ချင်တဲ့ လုပ်ငန်းရှင်တွေလည်း မမြင်ချင်မှအဆုံး။ နောက်တော့ သူတို့ချင်းပဲ ကွဲကြကွာကြ၊ရန်ဖြစ်ကြနဲ့ တခုလပ်တွေဖြစ်လို့။ ပိုက်ဆံချမ်းသာနေတာကလွဲရင် တော်တော်စိတ်ပျက်စရာကောင်းတဲ့ အသိုငိးဝိုင်းကြီးပါ၊ဘာပဲပြောပြော မင်းကတော့ ဆုံးဖြတ်ချက်မှန်သွားတာပေါ့လေ” […]

မိုးစွေတဲ့ညအလွန် (၁) သိပ်လှသည့်မိန်းကလေးတဦး။  ဒီမိန်းကလေးက သူ့ရှေ့တည့်တည့်တွင် ရှိနေပါသည်။ အဝတ်အစားကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားပြီး အစဉ်ချိုပြုံးသော မျက်နှာလေးနှင့်လိုက်ဖက်စွာ ပန်းကလေးတပွင့်ပမာ နုပျိုလန်းဆန်းနေသည့် မိန်းကလေးက သူ့ကိုစိုက်ကြည့်ရင်းပြော၏။ “အနာက မသက်သာရင် ပြန်လာခဲ့ပါနော်” ကြောင်အန်းအန်းနှင့် ငေးကြည့်နေရာမှ သတိပြန်ဝင်လာတော့ ရှက်ကိုးရှက်ကန်ပြန်မေးမိသည်။ “ဘယ်ပြောလိုက်တာလဲ ဆရာမ” “ဪ ဆိုင်ကယ်တိိုက်ထားတဲ့ အနာက မသက်သာရင် ပြန်လာခဲ့ပါလို့ပြောတာပါ” “ဟုတ်ကဲ့ ဆရာမ လာဖြစ်အောင်ပြန်လာခဲ့ပါမယ်” ကို့ယို့ကားယားနိုင်သော သူ့အဖြေကြားတော့ ဆရာဝန်မလေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။ ထိုအပြုံးက သူ့နှလုံးကြာထဲ ကျောက်စက်ရည်လေးတပေါက်လို စီးဝင်သွားခဲ့သည်။ (၂) “နာမည်က ဆုသြချယ်၊ အသက်(၂၃)နှစ်၊ ဆရာဝန်ဖြစ်တာ (၂)နှစ်ရှိပြီ၊ အိမ်ထောင် မကျသေးဘူး၊ ကဲ..နောက်ထပ်ဘာသိချင်သေးလဲ” “နာမည်နဲ့ အိမ်ထောင်ရေးသိရင်ရပါပြီကွာ၊ မင်းလည်း မောလာပြီ၊ သောက်ကွာ” မင်းသူ၏ စကားကိုနားထောင်ရင်း အရက်ခွက်ထဲ နည်းနည်းဖြည့်ပေးသည်။ “ငါ့ဖက်က မင်းစုံစမ်းခိုင်းတာတွေ အကုန်အစီရင်ခဲ့ပြိးပြီနော်၊ ကျန်တာမင်းတာဝန်၊ လောလောဆယ်တော့ မင်းကတိပေးထားတဲ့တိုင်း ဝမ်းတေဘယ်နော်” “အေးပါကွာ၊ စိတ်ချစမ်းပါ။ အိမ်ထောင်မရှိဘူးဆိုကတည်းက မင်းသတင်းက တန်နေပါပြီ..ကဲ..ချီးယား” နှစ်ယောက်သား အရက်ခွက်ကို ပြိုင်တူမြှောက်ပြိး တရှိန်ထိုးမော့ သောက်လိုက်ကြသည်။ အရသာရှိလိုက်လေချင်း။ (၃) မိုးစွေတယောက် သတင်းအတိအကျရပြီးကတည်းက ဆုသြချယ်ဆိုသော ဆရာဝန်မလေးဆီ အကြောင်းမရှိအကြောင်းရှာပြီး သွားပြသည်။ အစကတော့ ကောင်မလေးက မရိပ်မိ၊ နောက်ပိုင်း ဒဏ်ရာပျောက်တော့လည်းသူငယ်ချင်းတွေတယောက်ပြီးတယောက်ခေါ်လာသည်။ လာပြသူတွေကလည်း အပရိကရောဂါမျိုး။ ဖျားတာမျိုးလည်း မဟုတ်။ဗိုက်နာတာလိုလို၊ ခေါင်းကိုက်တာလို လက်တွေ့စမ်းသပ်လို့မရသော ရောဂါတွေနှင့် လာပြသည်။လူနာတွေသာ အလီလီ ပြောင်းလဲပေမယ့် လိုက်ပို့တဲ့သူက မပြောင်းလဲ။ မနက် (၈)နာရီဆေးခန်းဖွင့်လျှင် သူရောက်လာပြီ။  “ကိိုမိုးစွေလည်း တော်တော်ပင်ပန်းမှာနော်” “ဘာလို့လဲ” “ဪ လူနာတွေကိုခေါ်ပြီး လာလာပြနေရလို့လေ” “မပင်ပန်းပါဘူးဗျာ၊ ကျတော်က သူငယ်ချင်းပေါတယ်။ ဒီကောင်တွေက တခုမဟုတ် တခု အမြဲဖြစ်နေတော့လိုက်ပို့ရတာပေါ့။ ကုသိုလ်ယူတဲ့သဘောပါ” ဆုသြချယ်က လှပစွာ ပြုံးသည်။ “အင်းလေ ကုသိုလ်တော့ ရမှာပါ၊ ရောဂါဖြစ်ပေးနေရတဲ့ သူငယ်ချင်းတွေကို အမြဲလိုက်ကျွေးနေရတာကိုး” “ဘာရယ်” “မနေ့ညက လူနာတယောက်လာပြတယ်။ တမြန်နေ့က ကိုမိုးစွေခေါ်လာတဲ့လူနာပဲ၊ ဗိုက်တွေနာလို့ပါဆိုပြီး လာပြတဲ့တယောက်၊ အဲဒါနဲ့ ကျမက မှတ်မိနေတော့ မသက်သာသေးဘူးလားမေးတော့ အခုတခါ တကယ်နာနေတာပါဆရာမတဲ့၊ ဟိုကောင်ခိုင်းလို့ ဟန်ဆောင်နေတာမဟုတ်ပါဘူးတဲ့။ အဲဒိနေ့က ကိုမိုးစွေကျွေးတာတွေစားပြီးဖြစ်တော့ဒီကောင် စေတနာမရှိဘဲ ကျွေးလို့ ဗိုက်နာတာနေမှာ၊ အခုလူနာတကယ်ဖြစ်နေပါပြီ ရှုံ့မဲ့ပြောမှ ရိပ်မိတော့တယ်၊ဘယ်လိုလဲ ငြင်းဥိးမှာလား” မျက်နှာရေနွေးဟပ်သလို ပူစပ်ပူလောင် ဖြစ်သွားသည်။ ခွေးကောင်..သန်းဇော်ဟုပင် စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။  “ဒါကတော့ ဟို..ဟိုလေ…” “ကဲပါ ကိုမိုးစွေရယ် ထားလိုက်ပါတော့၊ နောက်ဆို လူနာတွေခေါ်မလာပါနဲ့တော့၊ လူနာပါမှ မိတ်ဆွေဖြစ်ရမှာလည်းမဟုတ်ပါဘူးရှင်၊ ဒီတိုင်းခင်လို့လည်း ရပါတယ်” ပွင့်လင်းသော ဆရာဝန်မလေး စကားကြောင့် ရှကိစိတ်တို့ အနည်းငယ် ပြေပျောက်သွားသည်။ “ဒါဆိုဆရာမ စိတ်မဆိုးဘူးပေါ့နော်” “စိတ်မဆိုးပါဘူး၊ ဒါပေမယ့် နောက်ဆို မဟုတ်ပဲ လူနာတွေ ခေါ်မလာနဲ့တော့နော်၊ အဲဒါဆို တကယ်စိတ်ဆိုးမိမှာ သိလား” ဒိလိုနှင့်ပင် ဆရာမလေး ဆုသြချယ်နှင့် စတင် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။နောက် ခြောက်လအကြာမှာတော့ သူတို့ချင်း ချစ်သူဖြစ်ခဲ့ကြသည်။   (၄) “နင်သတိထားနော် ဆု၊ ဒီကောင်က လူရှုပ်လူပွေတဲ့” အချစ်ဆုံးသူငယ်ချင်းယွန်းက သတိပေးသည်။ ပတ်ဝန်းကျင်တွင် နာမည်ကောင်းထွက်သူမဟုတ်မှန်း သိနေပေမယ့် ချစ်သူအပေါ် စိတ်မကွက်မိ။  “အဲလိုလည်း မဟုတ်ပါဘူးဟယ်၊ ကိုမိုးစွေက လူကောင်းပါ၊ ငါ့ကိုလည်း ချစ်ပါတယ်” သူငယ်ချင်းယွန်းက စုတ်တချက်သပ်သည်။ “အဲဒါခက်တာပဲဆုရယ်၊ နင်က တခါမှရည်းစားမထားဖူးတဲ့ အဖြူထည်အရိုးခံလေး၊ ဟိုကလူလည်၊ နင့်နဲ့ မတွဲခင်ထားခဲ့တဲ့ရည်းစားအရေအတွက်က နင့်အသက်တောင် မကတော့ဘူးတဲ့။ သည်လောက်ရည်းစားများတဲ့သူက နင့်လိုမိန်းကလေးမျိုးကို လှည့်ပတ်ဖို့က ထမင်းစားတာလောက်တောင် မခက်ဘူး၊ ဟောသလိုု လှည့်လိုက်လို့ရတယိနားလည်လား” လက်သူံးချောင်းကို လှည့်ပြီးပြောပေမယ့် ဆုက လက်မခံပါ။ “သူကငါ့ကို လှည့်စားမှာမဟုတ်ပါဘူးဟာ” “နငိနဲ့တော့ခက်လိုက်တာ ဆုရယ်။ မနေ့က junction မှာ ကောင်မလေးတယောကိနဲ့ ငါကိုယိတိုင် တွေ့ခဲ့တာ၊ ဖုန်းသာပါလာရင် နင်သိအောင်ရိုက်ပြီး ဟောဒီမှာနင့်လူလို့ပြလိုက်ချင်တာသိလား” ခင်မင်ရင်းနှီးကတည်းက မုသားရယ်လို့ တကြိမ်တခါမှ မဆိုခဲ့ဖူးသည့် ယွန်းစကားကြေင့် သူခပ်တွေတွေလေး ဖြစ်သွားသည်။ နောက်မှစဉ်းစဉ်းစားစားနှင့်”သူ့အစ်မတွေ ညီမတွေ နေမှာပါဟာ”ဟုပြောသည်။ ယွန်းနှုတ်ခမ်း တွန့်ရုံတွန့်သည်။ “အစ်မတွေ ညီမတွေဆိုရင်လည်း ကောင်းရဲ့။ခက်တာက နှစ်ယောက်တည်း လက်ချင်းချိတ် လျှောက်တာငါမြင်ခဲ့လို့ပြောတာ” သည်စကားကိုတော့ ဆု ခွန်းတုံ့မပြန်နိုင်။ မျက်နှာလေးပြိုတော့မည့် မိုးပမာ ငိုမဲ့မဲ့လေးဖြစ်လာသည်။ (၅) “မင်း ဘာဖြစ်နေတာလဲဆု၊ ဘာလို့ငိုနေတာလဲ၊ မေးတာလည်း ဘာတခုမှမဖြေဘူး” ဆုမျက်ရည်စတွေကို လက်ဖဝါးနှင့် သုတ်ပြီး ကိုမိုးစွေက်ု မော့ကြည့်သည်။ “မနေ့က အစ်ကိုဘယ်သွားသေးလဲ၊ junction square မှာ ကောင်မလေးတယောက်နဲ့ တွဲသွားတယ်ဆ်ု” “ဘယ်သူပြောလဲ” “ယွန်း” “အဲဒိယွန်းဆ်ုတဲ့ ကောင်မလေးက ငါတို့အဆင်ပြေနေတာကို မနာလိုလို့ပြောနေတာ၊ မနေ့က ငါ junction square သွားတာဟုတ်တယ်။ ကောင်မလေးတယောက်ပါတာလည်း ဟူတ်တယ်၊ ဒါပေမယ့်ရည်းစားတော့ မဟုတ်ဘူး” […]