Nevus of Ota မျက်လုံးမှဲ့စက်
Clark nevus ကလက်မှဲ့
Cherry angioma (red mole) မှဲ့နီ
Angiokeratoma ဆိုတာ အသားပိုပုံစံ သွေးကြောလုံး သေးသေးလေးတွေကို ခေါ်ပါတယ်။ အရေပြားအောက်လွှာ (papillary dermis)မှာ ဆံခြည်မျှင် သွေးကြောတွေ ထုံးပြီး အိတ်ပုံစံ အဖုလုံးလေးတွေ ဖြစ်လာပါတယ်။ တချို့သွေးကြောလုံးလေးတွေဟာဖောင်းပြီး ပေါက်ထွက်တတ်ပါတယ်။ သွေးကြောအိတ်လုံးလေးတွေက အနီ၊ အနက်၊အပြာ၊ ခရမ်းရောင် အရောင်မျိုးစုံရှိပါတယ်။ ဒီအလုံးလေးတွေက ကြွက်နို့နဲ့မှားတတ်ပါတယ်။ Angiokeratoma က အရေပြားအောက်လွှာ (papillary dermis)မှာဖြစ်ပြီး hemangioma သွေးခဲလုံးတွေကတော့ အရေပြားအောက်ဆုံးလွှာနဲ့ အဆီလွှာထဲမှာ ဖြစ်လေ့ရှိတယ်။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး နာမည်တွေကွဲသွားတယ်။ (၁) Angiokeratoma of Fordyce ဆိုတာ အမျိုးသား ကပ်ပယ်အိတ်မှာ အဖြစ်များတဲ့ သွေးကြောလုံးလေးတွေဖြစ်တယ်။ မိန်းမကိုယ်အပေါက်ဝ (vulva)နေရာတွေမှာလည်း ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ အသက်(၅၀)ကျော်အရွယ်တွေ ပိုတွေ့ရတယ်။ (၂) Angiokeratoma of Mibelli ကို […]