Allergic contact cheilitis ဆိုတာ နှုတ်ခမ်းဓာတ်မတဲ့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဓာတ်မတဲ့တဲ့ပစ္စည်း(allergic)တစ်မျိုးကို contact ထိတွေ့ရာက နှုတ်ခမ်းရောင်ခြင်း(cheilitis)ဖြစ်လာတယ်။ ဓာတ်မတဲ့ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (allergic contact dermatitis) အမျိုးအစားထဲမှာပါတယ်။ သတိပြုရမှာက irritant dermatitis လို ပွန်းတိုက်မိလို့ ဖြစ်တဲ့ နှုတ်ခမ်းရောင်တာမျိုး မဟုတ်ပါဘူး။ ဒီရောင်ရမ်းမှုဟာ type IV hypersensitivity reaction အဆင့်(၄) ဓာတ်တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တကယ်တော့ မတဲ့တဲ့ဓာတ်(allergen)တစ်မျိုးဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိနှင့်ပြီးဖြစ်တယ်။ ဒီိလို allergen ပါတာကို ထိတွေ့ရာက နှုတ်ခမ်းသားက ဖူးရောင်လာပါတယ်။နှုတ်ခမ်းရောင်တဲ့အခါ နှုတ်ခမ်းသားအပြင်ဖက် (vermilion margin)တွေမှာ အဖြစ်များတယ်။ နှုတ်ခမ်းဓာတ်မတဲ့တာဟာ ဆယ်ကျော်သက် မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိန်းကလေးတွေမှာ နှုတ်ခမ်းနီဆိုးပြီး ဖြစ်ကြတယ်။ ယောကျာ်းလေးတွေမှာ […]
Geographic tongue (လျှာကွက်ထခြင်း)ဆိုတာ လျှာမျက်နှာပြင်မှာ ရောင်ရမ်းတဲ့အကွက်တွေ ဖြစ်လာတာကိုခေါ်ပါတယ်။ ဆေးပညာမှာ benign migratory glossitis လို့သုံးတယ်။ ပုံမှန်အားဖြင့် လျှာမျက်နှာပြင်မှာ သေးငယ်တဲ့ အာရုံခံ ဖုသီးလေး(papillae)တွေ ရှိတယ်။ ဒီအသီးလေးတွေက အရသာကို ခံစားနိုင်တယ်။ လျှာရောင်ရမ်းတဲ့အခါ အဆိုပါ အာရုံခံဖုသီးလေးတွေ ပျောက်ကွယ်သွားပြီး ပန်းရောင်အကွက်တွေ ဖြစ်လာပါတယ်။ ပန်းရောင်အကွက်တွေဟာ လျှာရောင်ရမ်းတဲ့အစိတ်အပိုင်းဖြစ်ပြီး ဘေးမှာ အဖြူရောင်အကွက်အနားသတ်တွေနဲ့ ဝန်းရံထားတယ်။ ပန်းရောင်အကွက်တွေက မြေပုံပေါ်က အကွက်တွေလို အနားမညီညာလို့ geographic tongue ခေါ်ပါတယ်။ Geographic tongue အသက်အရွယ် ကျားမ မရွေးဖြစ်နိုင်တယ်။ အသက်ကြီးသူတွေထက် လူငယ်တွေမှာ ပိုဖြစ်တယ်။ အိပ်မပျော်သူ၊ စိတ်ဖိစီးမှုများသူတွေမှာ အဓိကတွေ့ရတယ်။ ခုခံအားချင်းတိုက်တဲ့ရောဂါရှိသူတွေမှာ ပိုဖြစ်တယ်။ ဟော်မုန်းအပြောင်းအလဲနဲ့ သက်ဆိုင်တတ်တယ်။ တားဆေးသောက်သူတွေမှာ တွေ့ရတယ်။ […]
လျှာကွဲခြင်း (fissured tongue)ဆိုတာ လျှာပေါ်မှာ မြောင်းလို အကွဲကြောင်းတွေ ဖြစ်နေတဲ့အခြေအနေကို ဆိုလိုတာပါ။ လျှာအကွဲကြောင်းဟာ တစ်ခုနဲ့တစ်ခု အလျားလိုက် ဒေါင်လိုက် ဆက်စပ်နေတတ်တယ်။ တချို့အကွဲကြောင်းတွေဟာ ခပ်တိမ်တိမ်ဖြစ်ပြီး တချို့က နက်တယ်။ ပုံမှန်အားဖြင့် လျှာကွဲတာ ပြဿနာမဟုတ်ဘဲ အကွဲကြောင်းတွေထဲမှာ အစားအစားအကြွင်းအကျန်နဲ့ ဗက်တီးရီးယားတွေ ပေါက်ဖွားလာတဲ့အခါ ပါးစပ်နံ့ဆိုးတာ၊ လျှာရောင်ရမ်းတာတွေ ဖြစ်လာတတ်တယ်။ လျှာကွဲခြင်းဟာ အမျိုးသားတွေမှာ အဖြစ်များတယ်။ orofacial granulomatosis, Down syndrome, pustular psoriasis တွေနဲ့ ဆက်စပ်နေတယ်။ ဗီတာမင် ချို့တဲ့တာ၊ အာဟာရဓာတ်ချို့တဲ့တာတွေနဲ့ သက်ဆိုင်တတ်တယ်။ ပုံမှန်အားဖြင့် လျှာဟာ ပန်းရောင်သမ်းပြီး papillae ခေါ်တဲ့ သေးငယ်တဲ့ အဖုလေးတွေ ရှိတတ်ပါတယ်။ papillae ထဲမှာ အရသာခံစားနိုင်တဲ့ အာရုံခံအဖုငယ်လေးတွေ အများအပြားရှိတယ်။ ဒါ့ကြောင့် […]
Labial melanotic macule (labial lentigo)ဆိုတာ အောက်နှုတ်ခမ်းမှာတွေ့ရတဲ့ အမဲကွက်မှဲ့ခြောက်တွေ ဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်း၊ သွားဖုံး၊ပါးစောင်၊ ပါးစပ်စတဲ့နေရာတွေမှာလည်း ရှိနိုင်တယ်။ ဒီနေရာတွင်မှာဖြစ်ရင် oral melanotic macule ခေါ်ပါတယ်။ အသက်အရွယ် ကျား၊မ မရွေးဖြစ်နိုင်ပေမယ့် သက်လတ်အရွယ် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ အသားမဲသူတွေမှာ ပိုဖြစ်နိုင်တယ်။ နှုတ်ခမ်းမှဲ့ခြောက်တွေဟာ အောက်နှုတ်ခမ်းအလယ်မှာတွေ့ရတတ်ပြီး တစ်ခုမက ဖြစ်နိုင်တယ်။ မှဲ့ခြောက်အရွယ်အစားအားဖြင့် ၁-၈မီလီမီတာအတွင်းရှိတယ်။ benign lesion ဖြစ်လို့ အရောင်ပြောင်းတာ၊ ကြီးလာတာမျိုး ဖြစ်လေ့မရှိဘူး။ ဘာ့ကြောင့်ဖြစ်လဲသေချာမသိရပေမယ့် ဟော်မုန်းနဲ့ နေလောင်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ နှုတ်ခမ်းအရေပြားလေ့လာကြည့်တဲ့အခါ melanocytes နဲ့ keratinocytes တွေမှာ melanin အမည်းရောင်ခြယ်ဓာတ်တွေ စုပြုံနေတတ်တယ်။ အောက်လွှာ(dermis)ထဲထိ melaninတွေ ကျွံဝင်နေတာတွေ့ရတယ်။ ကုသနည်း နှုတ်ခမ်းမှဲ့ခြောက်ကို လေဆာနည်းနဲ့ […]