Open 9:00-12:00 AM
+95 92051590

Category Archive : Hair & scalp

Lichen planopilaris (ဦးခေါင်း ချပ်ပြားနာရောဂါ) ဆိုတာ ဦးရေပြားရောင်ရမ်းတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆံပင်အကွက်လိုက်ကျွတ်တတ်ပါတယ်။ ကိုယ်ခံအား lymphocyte ဆဲလ်တွေက ဆံပင်အမြစ်ခြေကို ရောင်ရမ်းစေတာကြောင့် ဆံပင်အခြေ မွှေးညှင်းအိတ်က တဖြည်းဖြည်းရောင်ရမ်းပြီး နောက်ဆုံးမှာ ဆံပင်ကျွတ်တဲ့ထိ ခံစားရတယ်။ autoimmune ခုခံအားချင်းတုံ့ပြန်မှုလွန်ကဲရာက ဖြစ်တယ်လို့ဆိုတယ်။ lichen planus ရဲ့ အမျိုးအစားခွဲတစ်ခုလို့လည်း ယူဆထားကြတယ်။ (Lichen planus အကြောင်း အသေးစိတ်ကို https://drayeminhtoo.com/lichen-planus ဝင်ဖတ်နိုင်ပါတယ်) Lichen Planopilaris ဟာ ပုံမှန်အားဖြင့် ဆံပင်ကျွတ်တဲ့ ဦးရေပြားဟာ ချောမွေ့သော အဖြူရောင်အကွက်များအဖြစ် ဖြစ်ပေါ်လာပါတယ်။ ဆံပင်ကျွတ်တဲ့အခါ ဆံပင်မွေးညင်းအိတ်မမြင်ရဘဲ ပြောင်ချောနေတတ်တယ်။ ဖြစ်တဲ့နေရာမှာ အကြေးခွံအကွက်တွေနဲ့ အတူ ဦးရေပြားနီရဲနေပြီးအဖြူရောင် အကြေးခွံတွေဟာ ဆံပင်မွေးညင်းပေါက်တစ်ခုစီကို ဝန်းရံထားလေ့ရှိတယ်။ ဒီအကွက်ဖြစ်တဲ့ ဆံပင်တွေကို ကျွတ်လွယ်ပြီး […]

31 Oct, 2021 | No Comments

Piebaldism

Piebaldism အရေပြားအဆုပ်လိုက် ဖြူခြင်း

31 Oct, 2021 | No Comments

Poliosis

Poliosis ဆံပင်အကွက်လိုက် ဖြူခြင်း ဆံပင်အကွက်လိုက်ဖြူခြင်း (poliosis)က ကုရခက်တယ်။ ဒီရောဂါဖြစ်တဲ့လူနာအများစုမှာ စိုးရိမ်စိတ် ကိုယ်စီရှိကြတယ်။ ဘာ့ကြောင့်ဖြစ်တာလဲ၊ ဘာတွေဆက်ဖြစ်နိုင်လဲဆိုတဲ့မေးခွန်း အမေးများဆုံးမေးခွန်းတွေဖြစ်တယ်။ ပထမဆုံးအနေနဲ့ ဆံပင်မှာဖြစ်လို့ ဆံသားအကြောင်း နားလည်ဖို့ လိုပါတယ်။ ဆံသားရဲ့အခြေမှာ hair follicle ခေါ်တဲ့ ဆံပင်အမြစ်ရှိတယ်။ သာမန်လူတယောက်ဟာ ဆံပင်ပေါက်ပြီဆိုတာနဲ့ဆံသားအခြေထဲကို melanin ဓာတ်က ရောက်နှင့်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆံပင်တွေက မဲနက်နေတာဖြစ်ပါတယ်။ ပြဿနာက ရောဂါတမျိုးမျိုး သို့မဟုတ် စိတ်ဖိစီးမှု တခုခုရှိတဲ့အခါ ဆံသားအမြစ်ထဲ ရောက်ရမယ့် အမဲရောင်ခြယ်ပစ္စည်း (melanin) တွေမရောက်တော့ဘဲ ဆံပင်ဖြူနေတတ်ပါတယ်။ ပုံမှန်အသက်ကြီးလို့ဆံပင်ဖြူတာမျိုးက ပြဿနာမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူရင် သတိထားဖို့လိုပါတယ်။အထူးသဖြင့်ဆံပင်အကွက်လိုက်ဖြူလာတာမျိုးပါ။ ဆံပင်အကွက်လိုက်ဖြူတာကို ဆေးပညာလို poliosis ခေါ်ပါတယ်။ poliosis ကို poliosis circumscripta လို့လည်းခေါ်သေးတယ်။ circumscripta ဆိုတာ ဘောင်ခတ်တာ၊ တနည်းအားဖြင့် ပြောရရင် နေရာကွက်ပြီး ဖြစ်တာမျိုးကိုဆိုလိုပါတယ်။ ဆံပင်သာမက အမွေးရှိတဲ့နေရာမှန်သမျှ (မျက်ခုံး၊ မျက်တောင်၊ချိုင်း ) အကွက်လိုက်၊အဆုပ်လိုက်ဖြူနေရင် poliosis ခေါ်ပါမယ်။ ဒီလိုအခြေနေမျိုးက မွေးရာပါမျိုးဗီဇကြောင့် ဖြစ်နိုင်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ အမှန်တော့ poliosis ဆိုတာ ရောဂါမဟုတ်ဘဲ လက္ခဏာရပ်တခုပဲဖြစ်တယ်။ လက္ခဏာဆိုတဲ့သဘောကနောက်ကွယ်မှာ ရောဂါတခုခု ရှိနေတယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် poliosis ရှိပြီဆိုတာနဲ့ ဆရာဝန်နဲ့ပြသပြီး နောက်ခံရောဂါကို ရှာဖွေကုသသင့်ပါတယ်။ Poliosis ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းမှာ ဆိုးရွားတဲ့ ရောဂါကြီးတွေလည်း ပါနေပါတယ်။ poliosis ဘာ့ကြောင့်ဖြစ်လဲ (၁) ခရုသင်းရောဂါ ဆံပင်အကွက်လိုက်ဖြစ်ခြင်းက အရေပြားခရုသင်းနဲ့ဆက်စပ်တာမျိုး ရှိတယ်။ သိုင်းရွိုက်ရောဂါ၊ ခုခံအားချင်းပြန်တိုက်တဲ့အခါမျိုးမှာ ခရုသင်းဖြစ်တတ်တယ်။ ဒါ့ကြောင့် ဆံပင်ဖြူတဲ့အခါ ခရုသင်းကြောင့်လား၊ သိုင်းရွိုက်ဟော်မုန်းမမှန်လို့လား၊ ခုခံအားတိုက်ခိုက်တဲ့ရောဂါတခုခုရှိလို့လား ဆိုတာ အဖြေရှာဖို့လိုပါတယ်။ (၂) မျက်စိရောဂါ နှစ်ပေါင်း (၃၀)ကျော် လေ့လာမှုတွေကို ပြန်ကြည့်တဲ့အခါ မျက်စိနဲ့ပတ်သတ်တဲ့ ရောဂါတွေမဖြစ်ခင် ဆံပင်အဆုပ်လိုက်ဖြူနေတာ တွေ့ရပါတယ်။ ဥပမာ မျက်စိရောင်ရမ်းခြင်း (uveitis) မဖြစ်ခင် ဆံပင်အဆုပ်လိုက်ဖြူခြင်းကို ကနဦးလက္ခဏာအနေနဲ့တွေ့ရတယ်။ မျက်စိရောင်ရမ်းခြင်း(uveitis)ကို သတိမထားမိဘဲနေရင် အတွင်းတိမ်၊ ရေတိမ်စတာတွေ ဆက်ဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် ဆံပင်အကွက်လိုက်ဖြူပြီဆိုတာနဲ့ မျက်စိရောဂါကြောင့်လားဆိုတာ သတိထားသင့်တယ်။ (၃) အရေပြားဆဲလ် ရောင်ရမ်းတဲ့ ရောဂါ Vogt-Koyanagi-Harada disease (VKH) ဆိုတာ ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ အင်္ဂါရပ်တွေရောင်ရမ်းခြင်း ကိုခေါ်တာ။ မျက်လုံး၊ နား၊ အရေပြားနဲ့ အာရုံခံကြောစနစ်တွေ ရောင်ရမ်းတယ်။ အင်မတန်ရှားတဲ့ရောဂါတစ်မျိုးဖြစ်တယ်။  ရောဂါရဲ့ လက္ခဏာရပ်တွေဟာ အမဲရောင်ခြယ်ဆဲလ်ထုတ်တဲ့ melanocyte တွေရောင်ရမ်းတဲ့အခါ အမဲရောင်တွေ့ခြယ်မထွက်နိုင်တော့ဘူး။ ဒီလိုရောဂါသည်တွေမှာလည်း poliosis ခေါ်တဲ့ ဆံပင်အကွက်လိုက်ဖြူခြင်းမျိုး တွေ့ရတတ်တယ်။ VKH ဟာ အသားညိုတဲ့ အာရှတိုက်သားတွေမှာ အတွေ့ရများတယ်။  (၄) အရေပြားကင်ဆာ (melanoma) ဆံပင်အဖြူကွက်ထတာဟာ melanoma ရဲ့ ကနဦးလက္ခဏာဖြစ်နိုင်လို့သတိပြုရမယ်။ melanoma ဆိုတာ အရေပြားကင်ဆာတမျိုးဖြစ်ပါတယ်။ ရောင်ခြယ်ဆဲလ်ထွက်တဲ့ဆဲလ်ကနေ ကင်ဆာအဆင့်ပြောင်းလဲလာလို့ melanoma ခေါ်တယ်။ (၅) ဆေးဝါး ဆံပင်အကွက်လိုက်ဖြူခြင်းဟာ ဆေးဝါးတွေကြောင့်လဲဖြစ်တတ်တယ်။ ဥပမာ chloramphenicol ပိုးသတ်ဆေးသောက်ခြင်း၊ cetuximab လို ကင်ဆာဆေးတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ ဆေးဝါးကြောင့် ဖြစ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး လိုတာဆက်လုပ်ရမယ်။ (၆) စိတ်ဖိစီးမှု ဆံပင်ဖြူခြင်းဟာ စိတ်ဖိစီးမှုအလွန်အကျွံခံစားရသူတွေမှာလည်း ဖြစ်တတ်တယ်။ ဥပမာ ငွေရေးကြေးရေးအရှုပ်အရှင်း၊ အချစ်ရေးပြဿနာတွေကြောင့် မိမိကိုယ်ကို သတ်သေချင်လောက်အောင်ဖြစ်တဲ့သူတွေမှာ ရုတ်တရက်ပေါ်လာတတ်တယ်။ စိတ်ဖိစီးမှုက အချိန်ကြာလာတဲ့အခါ poliosis ကိုဖြစ်စေတယ်။ (၇) မွေးရာပါ မျိုးဗီဇပြောင်းလဲခြင်း မွေးရာပါနဖူးထိပ်မှာ အဖြူကွက်ဖြစ်တဲ့ရောဂါ(piebaldism)၊  မွေးရာပါအကြားအာရုံချို့တဲ့တာနဲ့ ဆံပင်၊အရေပြားအဖြူကွက်ဖြစ်တဲ့ရောဂါ (Waardenburg’s syndrome)၊ Marfan’s syndrome, tuberous sclerosis ရောဂါ, မွေးရာပါအမှတ်ပါခြင်း(giant congenital nevus)၊ Alezzandrini syndrome စတဲ့ရောဂါတွေကြောင့်လည်း ဆံပင်အဖြူကွက်ဖြစ်တတ်ပါတယ်။ ဘယ်လိုကုမလဲ poliosis ဖြစ်နိုင်ချေတွေ အများကြီးရှိလို့ နောက်ခံအကြောင်းရင်းကို စနစ်တကျ ရှာပြီးမှ ကုသရပါတယ်။ လိုအပ်ရင် ဆီးစစ်၊သွေးစစ်တာတွေ လုပ်ရတတ်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံးသိမှ ဘယ်လိုကုမလဲဆက်လက်စဉ်းစားနိုင်မှာပါ။ ခရုသင်းကြောင့်ဖြစ်တဲ့ poliosis တွေမှာ အရေပြားဆဲလ်အစားထိုးခြင်း(skin […]

Peudopelade of Brocq ဆံပင်အကွက်လိုက် မျှင်းကျွတ်ခြင်း