Eosinophilic folliculitis ဆိုတာ မွှေးညင်းအိတ်ဓာတ်တုံ့ပြန်မှု လွန်ကဲရာကဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။အရင်ခေတ်က Ofuji disease လို့ သိကြတယ်။ ဝက်ခြံဖုဆန်ဆန် အရေပြားရောဂါဖြစ်လို့ acneiform dermatosis အမျိုးအစားထဲပါတယ်။ ပြည်ဖု၊အနီဖုလေးတွေက မကြာခဏ ပြန်ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာက ရောင်ရမ်းပြီး ယားယံတတ်တယ်။ ယားတဲ့နေရာက ရဲပြီး ဖောင်းကြွနေတတ်တယ်။ တချို့ မွှေးညင်းအိတ်နေရာမှာ ပြည်ဖုပုံစံ အဖုလေးတွေအဖြစ် စမ်းမိတတ်တယ်။ နဖူး၊ ကျော၊ ရင်ဘတ်၊ ပခုံး စတဲ့နေရာမှာ အစုလိုက် တွေ့ရတယ်။ Eosinophilic folliculitis ဟာ ခုခံအားစနစ် မူမမှန်ဘဲ မွှေးညင်းအိတ်နေရာတွေကို တုံ့ပြန်ရာက ဖြစ်လာတယ်။ တခါတရံ ဆေးဝါးတွေကြောင့် ဖြစ်တတ်တယ်။ HIV ရောဂါနဲ့ lymphomas ကင်ဆာကျိတ်ရှိသူတွေ ပိုဖြစ်နိုင်တယ်။ ခုခံအားနည်းတဲ့သူတွေမှာ ပိုတွေ့ရတယ်။ အသက်သုံးဆယ်ကျော်အရွယ် […]
ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis) ဟာ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ နာတာရှည် အရေပြားရောင်ရမ်းတဲ့ရောဂါတွေကို နှင်းခူ(eczema)အမျိုးအစားထဲ ထည့်ကြတယ်။ နှင်းခူသဘောက အရေပြားရောင်တာ၊ ရဲတာ၊ ယားယံတာနဲ့ ပြန်ဖြစ်တတ်တာ ဖြစ်ပါတယ်။ ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis)ဟာ အဆိုပါအချက်တွေနဲ့ ကိုက်ညီတယ်။ ဒါ့ကြောင့် တချို့က seborrheic eczema လည်း ခေါ်ကြတယ်။ ဖယောင်းဖတ်နှင်းခူ (seborrheic dermatitis) ဟာ အဆီဂလင်းထုတ်လုပ်မှုများတဲ့နေရာတွေမှာ အရေပြားရောင်ရမ်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ Malassezia တစေးမှိုပိုးတစ်မျိုးကြောင့် ဖြစ်တယ်။ အဆီဂလင်းများတဲ့နေရာတွေမှာ အဆိုပါတစေးမှိုတွေ ပေါက်ဖွားနိုင်တယ်။ မှိုပိုးက အဆီ(sebum)ကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်တယ်။ Malassezia မှိုပိုးကို တိုက်ထုတ်ဖို့ ခုခံအားစနစ်က တုံ့ပြန်တဲ့အခါ IL-1, IL-6, IL-8 နဲ့ TNF တွေ မြင့်တက်လာပြီး အရေပြားက […]
Asteatotic eczema ဆိုတာ အသားအရေခြောက်သွေ့ရာက ဖြစ်လာတဲ့ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်လို့ xerotic eczema လည်း ခေါ်တယ်။ အသားအရေပက်ကြားအက်နေလို့ eczema craquelé (ပြင်သစ်စကား)နဲ့ တင်စားပြီး ခေါ်ကြတယ်။ ဒီခြောက်သွေ့အရေပြားနှင်းခူကို ခြေထောက် ညို့သကျည်းတွေမှာ ထင်ထင်ရှားရှား မြင်တွေ့ရတယ်။ ခြောက်သွေ့အရေပြားနှင်းခူ (Asteatotic eczema)ဟာ အပေါ်ဆုံးအရေပြားလွှာ stratum corneum မှာ ရေဓာတ်ခမ်းခြောက်ရာက ဖြစ်ပေါ်လာပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုနဲ့ အဓိက သက်ဆိုင်တယ်။ ဆောင်းရာသီမှာ အတွေ့များတယ်။ လေထုစိုထိိုင်းစနည်းပါးခြင်းက အရေပြားရဲ့ အစိုဓာတ်ကို ထိခိုက်စေလို့ အသားအရေခြောက်ကပ်ပြီး နှင်းခူယားနာကွက်တွေ ဖြစ်ပေါ်လာတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွပ်ဓာတ်နည်းတာ (zinc deficiency) နဲ့ ဖက်တီးအက်ဆစ်အဆီ( essential […]