29 Jan, 2022 | No Comments
Amyloidosis cutis dyschromica
ကျောပြင်အဖြူကွက်
ကျောပြင်၊ ခြေ၊ လက်စတဲ့နေရာတွေမှာ အဖြူကွက်သေးသေးလေးတွေ တွေ့ရင် အမိုင်လွိုက် အနယ်ထိုင်တဲ့ ရောဂါတမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အပေါ်ယံအရေပြားဆဲလ်(keratinocytes)ပျက်ဆီးရာကနေ အရေပြားအောက်လွှာ (papillary dermis)မှာ အမိုက်လွိုက်ပရိုတင်းဓာတ်တွေ စုပုံလာရခြင်းကြောင့် ဖြစ်တယ်။ ကလေးဘဝည်းက စဖြစ်ပြီး အရွယ်ရောက်သည်အထိဖြစ်တတ်ပါတယ်။ ဒီရောဂါဖြစ်သူရဲ့ ၇၀%ဟာ မျိုးရိုးလိုက်တတ်ပြီးမိသားစုဝင်တစ်ယောက်ယောက်မှာလည်း အလားတူဖြစ်ကြတယ်။ ပုံမှန်အားဖြင့် အာရှတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်း (မြန်မာနိုင်ငံအပါအဝင်)လူမျိုးတွေမှာ အဖြစ်များတယ်။ လူဖြူတွေမှာတော့ အတွေ့နည်းတယ်။
အောက်ခံအမည်းစက်ပျောက်ပေါ်မှာ ပဲစေ့အရွယ်ရှိတဲ့ အဖြူကွက်သေးသေးလေးတွေက နေရာအနှံ့ တည်ရှိနေတာ တွေ့ရတယ်။ ခြေလက်စတဲ့နေရာတွေမှာ အဖြစ်များပြီး မျက်နှာမှာအဖြစ်နည်းတယ်။ ပုံမှန်အားဖြင့်dermatoscope (အရေပြားမှန်ဘီလူး)မလိုဘဲ မျက်စိနဲ့ကို သိရှိနိုင်တယ်။
ကုနည်းအမျိုးမျိုးရှိပေမယ့် ရလာဒ်တွေအမျိုးမျိုးထွက်လာတယ်။ လိမ်းဆေး သောက်ဆေးထဲမှာ acetretin, vitamin C, E, tazarotene နဲ့ urea တွေကို အဆင်ပြေသလိုသုံးရတယ်။ မျိုးရိုးနဲ့ဆိုင်တဲ့အတွက် တချို့လူနာတွေမှာပျောက်ကင်းဖို့ အချိန်ယူရပါတယ်။ သုံးလအတွင်း ထူးခြားမှုမရှိရင်တော့ ပျောက်ကင်းန်ိုင်ချေ ပိုနည်းတယ်။ ၆လအကြာမှာ ပျောက်ကင်းတာမျိုးလည်း ရှိတော့ရှိနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Note: If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါရှာဖွေကုသရန်အတွက် ဖုန်းနံပါတ် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။
Write Reviews
Leave a Comment
No Comments & Reviews