Open 9:00-12:00 AM
+95 92051590

Lichen sclerosus

2 Nov, 2021 | No Comments

Lichen sclerosus

lichen sclerosus ဆိုတာ ယားယံတဲ့ ငွေရောင် အကွက်တွေ ခြေလက်၊ အင်္ဂါစပ် စတဲ့နေရာတွေမှာ ဖြစ်ပေါ်လာတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။ ကုတ်ခြစ်လိုက်ရင် ပေါက်ပြဲလွယ်တယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့်အသက်(၅၀)ကျော် အမျိုးသမီးတွေမှာ အတွေ့များတယ်။ 

lichen planus အကွက်တွေက ငွေရောင်၊ ပန်းရောင် အမျိုးမျိုး ရှိနိုင်တယ်။ ရေစိုထားတဲ့ တစ်ရှူးစက္ကူလို ရှုံ့တွနေတတ်တယ်။ တချို့ မျက်နှာပြင်အကွက်တွေ ပြောင်တင်းနေတတ်တယ်။ အမျိုးသမီးတွေမှာ အင်္ဂါစပ်အတွင်းပိုင်းနဲ့ စအိုဝစတဲ့နေရာတွေမှာ အဖြစ်များတယ်။ အမျိုးသားတွေမှာ လိင်တံထိပ်အရေပြားပေါ်မှာ ရှိနေတတ်တယ်။ အရေပြားအောက်ခြေက အမာရွတ်(fibrosis)လိုဖြစ်နေတာကြောင့် ဆွဲဆန့်ထားသလို တင်းကျပ်နေမယ်။ ဒါမျိုးရှိရင် လိင်ဆက်ဆံရင် နာကျင်တတ်တယ်။ 

အကြောင်းရင်းမှန်ကို သေချာမသိရဘူး။ ခုခံအားချင်း ပြန်တိုက်ရာက အောက်လွှာက ရှုံ့တွသွားပြီး အမာရွတ်လိုဖြစ်ကျန်ရာက ဖြစ်ကျန်တတ်တယ်။ မျိုးဗီဇ၊ စိတ်ဖိစီးမှု၊ ဟော်မုန်း၊ ခုခံအားဆဲလ်၊ အရေပြားထိခိုက်တာ၊ ရာသီဥတု၊ အစားအသောက် စတာတွေနဲ့ ဆက်စပ်နေတတ်တယ်။

လက္ခဏာသက်သာစေဖို့ steroid လိမ်းဆေးတွေ ပေးရတယ်။ သောက်ဆေးတွေထဲမှာ Calcipotriol, Alfacalcidol လို vitamin D analogues တွေပေးဖို့လိုတတ်တယ်။ Magnesium အားဖြည့်ဆေးတွေလည်း ကောင်းတယ်။ ယားတာသက်သာစေဖို့ ကြက်သီးနွေးရေနဲ့ အစိုဓာတ်ထိန်းပေးတဲ့ ဆပ်ပြာတွေ သုံးသင့်တယ်။ အပေါ်ယံလွှာခြောက်သွေ့တာကို အကာကွယ်ပေးမယ့် petroleum jelly တွေလိမ်းသင့်တယ်။ ရောဂါသိပ်ဆိုးရင် ခွဲစိတ်ပြုပြင်ရတတ်တယ်။

-ဟင်းနုနွယ်

-ပဲမှုန့်

-နာနတ်သီး

-အစေ့အဆန်

Write Reviews

Leave a Comment

No Comments & Reviews