Open 9:00-12:00 AM
+95 92051590

Pimples

28 Oct, 2021 | No Comments

Pimples

Pimples (အနီဖုဝက်ခြံ)ဆိုတာ မွှေးညင်းပေါက်ပိတ်ဆို့ရာက စတင်ရောင်ရမ်းလာတဲ့ ဝက်ခြံဖုလေးတွေကို ခေါ်ပါတယ်။ အဆီဖုထဲမှာ ဗက်တီးရီးယားပိုးဝင်တဲ့အခါ အဆီအိတ်တွေက စတင်ရောင်ရမ်းပြီး ရဲလာပါတယ်။ အဆီအိတ်ပိတ်ဆို့ပြီးနောက်ပိုင်း ဆက်လက်ဖြစ်ပေါ်လာတဲ့  ရောင်ရမ်းအဆင့်ဝက်ခြံတွေကို pimples လို့ သုံးပါတယ်။ တနည်းအားဖြင့် pimples ဟာ papules နဲ့ pastules အဆင့်ဝက်ခြံတွေကို ယေဘုယျခေါ်တဲ့အသုံးအနှုန်းဖြစ်တယ်။ 

pimples ဘာ့ကြောင့် ဖြစ်လဲ

အဆီအိတ်ပိတ်ဆို့တဲ့နေရာတွေမှာ စတင်ပိုးဝင်တဲ့အခါ pimples ဝက်ခြံအနီဖုတွေ ဖြစ်ပေါ်လာတယ်။ Propionibacterium acnes ဗက်တီးရီးယားပိုးဟာ pimples ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီဗက်တီးရီးယားဟာ အရေပြားမှာ ပုံမှန်အတိုင်းရှိနေပြီး မွေးညင်းပိတ်ဆို့တဲ့အခါ ပွားလာပါတယ်။ P. Acnes ဗက်တီးရီးယားဟာ လေမရှိဘဲ ပွားများနိုင်တဲ့ပိုးမွှားဖြစ်လို့ အလုံပိတ်ဆဲလ်သေတွေထဲမှာ ပေါက်ဖွားနိုင်တယ်။ ကြာလာတဲ့အခါ ရောင်ရမ်းရာက ပြည်ဖုဝက်ခြံ အဖြစ် ပြောင်းလဲလာပါတယ်။ 

ကုသနည်း

pimples (ရောင်ရမ်းဝက်ခြံ အနီဖု) ကုသနည်းဟာ အဆီဖုဝက်ခြံကုသနည်းနဲ့ တူပါတယ်။ ဖြစ်စမှာ azelaic acid, adapalene စတဲ့လိမ်းဆေးတွေ သုံးနိုင်တယ်။ ကွာခြားချက်က ရောင်ရမ်းပြီး ပိုးဝင်တာဖြစ်လာလို့ ပိုးသတ်ဆေးတွေ ပေးဖို့ လိုပါတယ်။ clindamycin, erythromycin, azithromycin, metronidazole စတဲ့ လိမ်းဆေးတွေလိုတယ်။ လိမ်းဆေးနဲ့ မသက်သာရင် သောက်ဆေးထည့်ရတယ်။ tetracycline, doxycycline, clindamycin, vancomycin စတဲ့ ပိုးသတ်ဆေးတွေ သောက်နိုင်တယ်။ သောက်ဆေးတွေက ရောဂါပိုး ပွားများလာတဲ့ အခြေအနေမျိုးမှာသာ သုံးစွဲသင့်တယ်။ 

အိမ်သုံးနည်း

လိုအပ်ရင် ရေနွေးငွေ့ပေါင်းခံတာလုပ်သင့်တယ်။ tea tree oil, witch hazel စတာတွေက ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။ ဒီဝက်ခြံမှာ သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်တယ်။ မျက်နှာသန့်စင်တဲ့အခါ ဆားခါးနည်းနည်းထည့်ပြီး သစ်နိုင်တယ်။ လက်နဲ့ မကြာခဏကိုင်တွယ်ခြင်းက ရောင်ရမ်းခြင်းကို ပိုဆိုးစေပြီး pimples ဝက်ခြံတွေကို ပိုဆိုးစေတယ်။ စနစ်တကျ မကုသရင် ဝက်ခြံအမာရွတ် ကျန်နိုင်ပါတယ်။

Related Tags

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews