27 Oct, 2021 | No Comments
Beauty blender
ရေမြှုပ်ဥ ရွေးချယ်ခြင်း
ပန်းရောင်
မူရင်း beautblender တစ်မျိုးဖြစ်တယ်။ beautblender ကို မိန်းကလေးတွေက ရေမြှုပ် သို့မဟုတ် “ဥ”လို့ သုံးတယ်။ပန်းရောင်ဟာ မိတ်ကပ် primers, foundations, powders, cream blushes, နဲ့ အရောင်ပါတဲ့ ပစ္စည်းတွေ မျကိနှာပေါ်လိမ်းဖို့အသုံးဝငိတယ်။ ပန်းရောင်ဥ သုံးခြင်းအားဖြင့် အက်ကြောင်းရာမပေါ်ဘဲ ညီညာစေတယ်။ ဘာ့ကြောင့် ပန်းရောင်ဥ (pink blender) ကို သုံးသလဲ။ ရေပြန်ဆေးတဲ့အခါ အဆင်ပြေလို့ဖြစ်တယ်။ တချို့မိတ်ကပ် ပညာရှင်တွေ ကတော့ သုံးတာကြာပြီး အရောင်လွင့်လာရင် အသစ်တစ်ခုပြောင်းပါလို့ အကြံပေးတယ်။ beautyblender pro ဆိုတာ original blender ထက်မျက်နှာပြင် ပိုကြမ်းတယ်။
အဖြူရောင်
skincare တွေ လိမ်းတဲ့အခါ အသုံးပြုဖို့ ထုတ်ထားတယ်။ အဖြူရောင်ဥက ဆိုးဆေးမပါဘူး။ နောက်အသုံးဝင်တဲ့တချက်က sensitive skin သမားတွေ ဆိုးဆေးဓာတ်မတဲ့တာ ရှိတဲ့အခါ အဖြူရောင်ဥကိုသာ ရွေးကြတယ်။ ပုံမှန်အားဖြင့် serums, essence, ampoule, creams တွေ လိမ်းတဲ့အခါ အသုံးပြုကြပါတယ်။ မကောင်းတဲ့အချက်က အဖြူရောင်ဖြစ်တဲ့ အတွက်ညစ်လွယ်တယ်။ မကြာခဏပြောင်းသုံးရလို့ တချို့က စိတ်မရှည်ကြဘူး။
အနက်ရောင်
အနက်ရောင် ရေမြှုပ်ကို beautyblender pro လို့ ခေါ်ကြာတယ်။ တကယ့် ပရော်ဖက်ရှင်နယ် မိတ်ကပ် ပညာရှငိတွေ အဓိကသုံးတယ်။ တခုကို ဒေါ်လာ ၂၀-၃၀ကြားထိ ရှိတယ်။ အနက်ရောင်ရောင်နဲ့ သုံးရင် မိတ်ကပ်ရောင်ကို ပိုမိုထင်ဟပ်စေတယ်လို့ ဆိုတယ်။ original ပန်းရောင်ရေမြုပ်ထက် မျက်နှာပြင် ကြမ်းတယ်။ ကိုင်ရတဲ့ ခပ်မာမာနေတယ်။ ကျွမ်းကျင်မိတ်ကပ်ပညာရှင် မဟုတ်ရင် သုံးရခက်တယ်လို့ဆိုတယ်။
အသားရောင်
နောက်ဆုံးမှပေါ်တဲ့ ရေမြှုပ်ဥဖြစ်တယ်။ အနက်ရောင်ထက် ပိုပေါ့သလို တခြားရေမြှုပ်ဥတွေထက် ပိုပျော့တယ်။ ကောင်းတာက အဖြူရောင်ဥလို ရေပြန်ဆေးရင်ဆိုးဆေးတွေ ထွက်မလာတာဖြစ်တယ်။ ဒါ့ကြောင့် nude လို့လည်း ခေါ်တယ်။
အနီရောင် (Red beautyblender )
red carpet set လို့လည်း ခေါ်တယ်။ ဒီရေမြှုပ်ဥကို Sephora နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပန်းရောင်နဲ့ တူတယ်။မိတ်ကပ်သုံးဖို့ ထုတ်ထားတာပဲ။ ကားတွေဆေးသုတ်တဲ့အခါ သုံးတဲ့ လေမှုတ်ဆေးဖြန်းသလို အနီရောင်သုံးရင် ညီညာအောင် ပြုလုပ်ပေးတယ်ဆိုတယ်။ ပန်းရောင်အတိုင်း ရေဆေးရင် အနီရောင်ဆိုးဆေးတွေ ထွက်လာပါတယ်။
ခရမ်းရောင်
Beautyblender royal လို့ တင်သားကြတဲ့ ဒီအမျိုးအစားဟာ အနီရောင်ရေမြှုပ်ဥနဲ့ အသုံးဝင်ပုံချင်းတူတယ်။ မတူတာကlimited edition အနေနဲ့ ထုတ်တာဖြစ်ပါတယ်။
အဝါရောင်
Beautyblender နဲ့ Supergoop ကုမ္ပဏီတို့ပေါင်းစပ်ပြီး ဒီအဝါရောင် limited-edition ကို ထုတ်လိုက်တယ်။ beautyblender.com မှာပဲ ဝယ်ယူရရှိနိုင်ပြီး Supergoop! sunscreen သုံးတဲ့အခါ အဝါရောင် lemon mini sponge နဲ့ သုံးဖို့ လက်ဆောင်ထည့်ပေးတတ်တယ်။ ဒါ့ကြောင့် sunblock နေလောင်ကာလိမ်းဖို့ ထုတ်ပေးထားတာလို့ ပြောလို့ရတယ်။
အနှစ်ချုပ် ရွေးနည်း
အဖြူရောင် – skin care အတွက်
ပန်းရောင် – မိတ်ကပ်သားဖျော့တာအတွက်
အနက် – မိတ်ကပ်သားရင့်တာ လိမ်းဖို့
အစိမ်း – highlight , contour
ဒေါက်တာအေးမင်းထူး
Write Reviews
Leave a Comment
No Comments & Reviews