Open 9:00-12:00 AM
+95 92051590

Trichoblastoma

29 Nov, 2024 | No Comments

Trichoblastoma

Trichoblastoma (အောက်လွှာမွေးညင်းကျိတ်)ဆိုတာ မွေးညင်းပေါက်ဆဲလ်တွေကဖြစ်လာတဲ့ အကျိတ်လေးတွေကို ခေါ်ပါတယ်။ trichoepithelioma ခေါ်တဲ့ အပေါ်ယံလွှာ မွေးညင်းကျိတ်နဲ့ ပုံစံတူတယ်။ trichoblastomas ဟာ အရေပြားအောက်လွှာ (dermis)ထဲမှာ အဓိက​ တွေ့ရပြီး trichoepitheliomas ကတော့ အရေပြားအပေါ်လွှာ (epidermis)မှာ ဖြစ်တာ တွေ့ရတယ်။

Trichoblastoma ကို မျက်နှာနဲ့ ဦးရေပြားတွေမှာ အသားရောင်၊ အညိုရောင် ခပ်မာမာ ခပ်ခဲခဲအဖုလုံးတွေအဖြစ် တွေ့ရတယ်။ နှာခေါင်းနဲ့ မျက်လုံးဘေးတွေမှာလဲ တွေ့ရတတ်တယ်။ အရွယ်အစားအားဖြင့် ၁-၂စင်တီမီတာလောက်သာ ရှိတယ်။ ယေဘုယျအားဖြင့်အသက်၄၀-၅၀တန်းတွေမှာ အဓိကတွေ့ရတယ်။ Trichoblastomas တွေဟာ basal cell carcinoma (အောက်လွှာအရေပြားကင်ဆာ)နဲ့ ပူးတွဲတွေ့ရတတ်သလို sebaceous nevus ခေါ်တဲ့ မွေးရာပါအဆီကျိတ်မှဲ့တွေထဲမှာ တွေ့ရတတ်တယ်။ ကံဆိုးတဲ့ လူနာတချို့မှာ ပျံ့နှံ့လွယ်တဲ့ trichoblastic carcinoma ကင်ဆာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

ပုံမှန်အားဖြင့် Trichoblastoma (အောက်လွှာမွေးညင်းကျိတ်)တွေဟာ လူကိုဒုက္ခမပေးတာကြောင့် ကုသဖို့ မလိုတတ်ပါဘူး။ ဒါပေမယ့် ကင်ဆာအဖြစ်ပြောင်းလဲနိုင်ချေများသလို တခြားအရေပြားကင်ဆာ (basal cell carcinoma)နဲ့ ပူးတွဲတွေ့ရတတ်လို့ သတိပြုဖို့တော့ လိုပါတယ်။ ကင်ဆာအတွက် အသားစယူစစ်ဆေးနိုင်သလို ကင်ဆာပြောင်းလဲနိုင်ချေရှိလို့ 

ခွဲထုတ်ပစ်ရတတ်တယ်။ ရိုးရိုးခွဲထုတ်နိုင်သလို မသေချာရင် microscopic Mohs suegery (အသေးစိတ်ခွဲစိတ်နည်း)နဲ့လဲ ထုတ်ယူနိုင်ပါတယ်။ သိပ်မကြီးတဲ့အကျိတ်တွေမှာ curretage and electrodesiccation ခြစ်ထုတ်မီးရှို့တဲ့နည်းနဲ့လည်း ဖျက်ပစ်နိုင်တယ်။ ကင်ဆာမဟုတ်တဲ့မွေးညင်းကျိတ်တွေမှာ လေဆာပစ်ပြီး ဖျက်ဆီးလို့လည်း ရပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်