Open 9:00-12:00 AM
+95 92051590

Blepharoplasty

20 Nov, 2021 | No Comments

Blepharoplasty

မျက်အိတ်ပြင်ခြင်း

မျက်အိတ်ပြင်နည်း နှစ်မျိုးရှိတယ်။

  • transconjunctival blepharoplasty 
  • subciliary blepharoplasty

ဘေးထွက်ဆိုးကျိုး

ခွဲစိတ်နာက ပြည်ထွက်နိုင်တယ်။ ၂ပတ်အတွင်း လေ့ကျင့်ခန်းအပြင်းစား မလုပ်ရဘူး။  ၁၀ပေါင်အထက် အလေးမမရဘူး။ (အဖျားကြီး(၁၀၁အထက်)၊ပိုနာလာတာ၊အမြင်ချို့တဲ့၊ဝေဝါးတာရှိရင်ဆရာဝန် ပြန်ပြပါ။)

မခွဲခင် ဘာတွေရှောင်ရမလဲ

  • မခွဲခင် (၆)ပတ်အလိုကတည်းက ဆေးလိပ်ကြိုရှောင်ရတယ်။ ခွဲပြီး ၁လထိ ဆက်ရှောင်ပေးသင့်တယ်။
  • မခွဲခင် (၂)ပတ်ကစပြီး သွေးယိုစေတဲ့ ဆေးအချို့ဖြတ်ရတယ်။ခွဲပြီး ၂ရက်ထိ ဖြတ်ပေးသင့်တယ်။
  • ဂျင်းဆင်းအားဆေးနဲ့ ကြက်သွန်ဖြူက သွေးယိုစေနိုင်လို့ ကြိုဖြတ်သင့်တယ်။
  • သွေးကျဲဆေး Aspirin နဲ့ clopidogrel ကြိုဖြတ်ပါ။ နှလုံး၊သွေးကြောရောဂါ၊သွေးယိုရောဂါအခံရှိရင် သတိထားရမယ်။
  • မခွဲခင်နှစ်ရက်အလိုကစပြီး Arnica C12 pilletကို တခါသောက်၅လုံး တနေ့သုံးကြိမ် လျှာအောက် ငုံခိုင်းမယ်။ ခွဲပြီးတဲ့နောက် (၅)ရက်ဆက် ပေးထားတယ်။
  • မခွဲခင် (၆)နာရီအတွင်း ရေ၊အစားအစာ အလွန်အကျွံ မစားရဘူး။
  • ကော်ဖီ၊ လက်ဖက်ရည်၊ အရက် ရှောင်ထားရမယ်။ ဆေးလိပ် လုံးဝမသောက်သင့်ဘူး။
  • အသုံးအဆောင်၊ လက်ဝတ်လက်စား အကုန်ချွတ်ထားပါ။


ခွဲစိတ်ပြီးစဘာလုပ်မလဲ

  • ခွဲပြီးစမှာ အဖတ်ထက် အရည်ကိုသာသောက်သင့်တယ်။
  • မျက်ခွံကို ရေခဲဝတ်တင်ပေးပါ။ ခေါင်းအုံးကိုး၃၀ဒီဂရီ မြှင့်အိပ်ပါ။
  • ၂ရက်လောက်ကတော့ ဘေးကို မစောင်းပဲ တည့်တည့်အိပ်ရမယ်။ မျက်နှာသစ်ရင် towerနဲ့ ဖွဖွသုပ်ပေးပါ။ စွပ်ပြုတ်သစ်သီးဖျော်ရည်သောက်ပါ။


မျက်စဉ်းပေးခြင်း

  • ခွဲပြီးရင် မျက်ခွံရောင်တာ၊မျက်လုံးရဲတာ၊မျက်ရည်ယို၊ခြောက်သွေ့ဖြစ်နိုင်တယ်။ မျက်ရည်ခြောက်ရင် မျက်ရည်အစားထိုးcool eye dropသုံးပါ။ခွဲစိတ်အနာအတွက် polysporin ophthalmicသုံးတယ်။
  • ခွဲပြီး ၁လနေမှ မျက်ကပ်မှန်စတပ်ပါ၊ မျက်ခွံရောင်ရင် ဘာမှမတပ်သင့်သေးဘူး။  အရောင်ကျပြီးပုံမှန်ဖြစ်မှ မျက်ကပ်မှန်တပ်ပါ။

ဘယ်ရက်တွေပြန်ပြမလဲ

  • ခွဲပြီး (၅)ရက်နေရင် ပြန်ပြပါ။
  • နောက်ပိုင်း (၃)ပတ်တခါ၊ (၃)လတခါနဲ့ (၁)နှစ်ကြာတဲ့အခါ ဆက်ပြရမယ်။


ဒေါက်တာ အေးမင်းထူး

(အရေပြားအထူးကု ဆရာဝန်)

Write Reviews

Leave a Comment

No Comments & Reviews