17 Nov, 2021 | No Comments
Juvenile xanthogranuloma
Juvenile xanthogranuloma (JXG)ဆိုတာ ကိုလက်စတောပြည့်ဝတဲ့ histiocytes ဆဲလ်တွေ အလွန်အကျွံပွားများပြီး အရေပြားမှာ အဖုကျိတ်ပုံစံ ဖြစ်ပေါ်လာတဲ့ အနေထားတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျောပြင် စတဲ့နေရာတွေမှာ ပန်းရောင်၊ လိမ္မော်ရောင်၊ အသားရောင်အဖုကျိတ်ပုံစံ ဖြစ်ပေါ်လာတယ်။ ခပ်မာမာခဲခဲ အဖုပုံစံအဖြစ်များပြီး တခါတရံ အသားလုံးကျိတ်ပုံစံမျိုး ရှိတတ်တယ်။ အကျိတ်က ကြီးလာရင် မာပြီး အနာဖြစ်တတ်တယ်။
ဘာ့ကြောင့်ဖြစ်လဲသေချာမသိရပေမယ့် ထိခိုက်မိတာ၊ ဗိုင်းရပ်စ်ဝင်တာ၊ မျိိုးဗီဇရုတ်တရက်ပြောင်းလဲတာနဲ့ kinase ရောင်ရမ်းဓာတ် ရုတ်ခြည်းမြင့်တက်လာတာတွေကြောင့် ဖြစ်နိုင်တယ်။ လူဦးရေတစ်သန်းမှာ တစ်ယောက်သာဖြစ်နိုင်လို့ ရှားပါးရောဂါခေါ်ရမယ်။အများစုဟာ မွေးကင်းစတစ်နှစ်အရွယ်အတွင်း ဖြစ်တာ တွေ့ရတယ်။ လူကြီးဖြစ်တာရှားပေမယ့် အသက်(၃၀)အတွင်းဖြစ်နိုင်သေးတယ်။ ယောကျာ်းလေးတွေမှာပိုတွေ့ရတယ်။xanthogranuloma ကျိတ်တွေဟာ တခြားကျိတ်တွေနဲ့ ဆင်တူရိုးမားရှိတတ်လို့ အသားစယူစစ်ဆေးနိုင်ပါတယ်။ မျက်လုံးအိမ်မှာဖြစ်ရင် မျက်စိဆရာဝန်နဲ့ပါ စမ်းသပ်စစ်ဆေးနိုင်တယ်။
Juvenile xanthogranuloma အများစုဟာ အသက်(၅)နှစ်မတိုင်မှီ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ လူကြီးတွေမှာဖြစ်လာတဲ့အခါ သူ့ဘာသာပျောက်ကင်းဖို့ခက်ပါတယ်။ဒါမှမဟုတ် အကျိတ်က ကြီးထွားလာတဲ့အခါမျိုးမှာ ကုသဖို့ လိုတတ်တယ်။ ကုသတဲ့အခါ စတီးရွိုက်လိမ်းဆေး၊သောက်ဆေး၊ထိုးဆေး စတာတွေ ပေးနိုင်တယ်။ နောက်နည်းတစ်ခုက excision surgery ဖြတ်ထုတ်ကုသနိုင်တယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖုဖြစ်လို့ များသောအားဖြင့် စိုးရိမ်ဖို့ မလိုအပ်ပါဘူး။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews