10 Nov, 2021 | No Comments
Brazilian butt lift surgery
တင်သားတင်းရင်းအောင် ခွဲစိတ်ပြုပြင်တဲ့နည်း (၂)နည်းရှိပါတယ်။ ပထမနည်းက Brazilian Butt Lift(BBL) ေခါ်တဲ့ တင်ပါးထဲ အဆီထိုးထည့်တဲ့နည်းဖြစ်ပါတယ်။ Brazilian Butt Lift ဆိုတာ ခန္ဓာကိုယ် တခြားနေရာ( ဥပမာ ဗိုက်၊ခါး၊ ပေါင်) က မလိုအပ်တဲ့ အဆီတွေစုပ်ယူပြီး တင်သားထဲ ပြန်ထိုးထည့်တာ ဖြစ်ပါတယ်။ ဒီလိုမထိုးထည့်ခင် ပြန်သန့်စင်ရတဲ့အပိုင်းတော့ရှိတယ်။ ဒီနည်းက ဗိုက်အဆီများသူ ပြည့်ပြည့်ဖြိုးဖြိုးရှိသူတွေအတွက် အဆင်ပြေတယ်။
နောက်တနည်းက butt implant တင်သားဆီလီကွန် ထည့်နည်းပါ။ ပိန်ပိန်ပါးပါးလူနာတွေကျတော့ butt implant ကိုသာ ရွေးချယ်ရတယ်။ Gluteus maximus muscle ရဲ့ အောက်မှာ ဆီလီကွန် ထည့်ကြတယ်။ ဒီနည်းက တင်ပါး အရွယ်အစားနဲ့ ထုထည်ကို ပိုမိုကြီးထွားစေတယ်။ သို့သော် ရလာဒ်ကတော့ ဒုတိယနည်းက ပိုမိုကောင်းမွန်တယ်။
ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
Write Reviews
Leave a Comment
No Comments & Reviews